Connect with us

Europe

ဒရုန်းဖြင့် ကရင်မလင်နန်းတော်ကို တိုက်ခိုက်မှုတွင် ဂရုပြုဖွယ် အကြောင်းအရာ ၃ ခု

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်အနီးတွင် “မပျံသန်းရဇုန်” သင်္ကေတအား မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်အနီးတွင် “မပျံသန်းရဇုန်” သင်္ကေတအား မေ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းက ရုရှားသမ္မတ အိမ်တော် ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်မှုအား အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ရုရှား သမ္မတ ပြန်ကြားရေးဌာနက မေ ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ရှုပ်ထွေးနေသည့်အချိန်အခါတွင် ယခုကိစ္စက နိုင်ငံတကာအသိုက်အဝန်း အထူးအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ “ရုရှားဘက်တွင် လူသေဆုံးဒဏ်ရာရမှုရှိသလား။ ရုရှားသမ္မတ ပူတင်ရဲ့အခြေအနေ ဘယ်လို ရှိသလဲ”၊ “ယူကရိန်းဘက်က ဒီကိစ္စနဲ့ သက်ဆိုင်မှုရှိသလား”၊ “ရုရှားအနေဖြင့် တုံ့ပြန်လက်စားချေမလား” ဆိုသည်မှာ နိုင်ငံတကာအသိုက်အဝန်း၏ ဂရုပြုဖွယ် ဖြစ်လာသည်။

၁။ ရုရှားသမ္မတ၏ အခြေအနေ ဘယ်လို ရှိသနည်း
ကရင်မလင်နန်းတော်ကို မောင်းသူမဲ့ဒရုန်းယာဉ်နှစ်စီး မေ ၃ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ရုရှားစစ်တပ်နှင့်ထောက်လှမ်းရေးက အချိန်မီလှုပ်ရှားပြီး အီလက်ထရောနစ် စစ်ဆင်ရေးဖြင့် တားဆီးနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းဒရုန်းယာဉ်နှစ်စီးသည် ကရင်မလင် နန်းတော်ဧရိယာအတွင်းတွင် ပျက်ကျခဲ့ရာ ပျက်ကျခဲ့သည့်အပျက်အစီးများကြောင့် လူသေဆုံးဒဏ်ရာရမှု သို့မဟုတ် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှု မည်သည့်အရာမျှ မဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာများတွင် ကရင်မလင်နန်းတော်ကို ဒရုန်းယာဉ်ဖြင့်တိုက်ခိုက်သည့် အတည်မပြုရသေးသော ဗီဒီယိုများ ထွက်ပေါ်ခဲ့သည်။ ၎င်းတို့အနက် ဗီဒီယို ရုပ်ကတ်တစ်ခုတွင် အမှောင်ယံ ကောင်းကင်တွင် အဖြူရောင်အရာဝတ္တုတစ်ခု ကရင်မလင်နန်းတော်သို့ ပျံသန်းသွားပြီး နန်းတော်အတွင်း အဆောက်အဦတစ်ခု ထိပ်ပိုင်းနားတွင် ပေါက်ကွဲ၍ မီးတောက်များဖြာထွက်ကာ အပျက်အစီးများ မြေပြင်သို့ ပြုတ်ကျခဲ့သည်ကို ပြသထားသည်။

အချင်းဖြစ်ရပ်ကို ယူကရိန်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားက ဖော်ထုတ်ပြောကြားခဲ့ပြီး ၎င်းမှာ မေ ၉ ရက်တွင် ကျင်းပမည့် မဟာမျိုးချစ်စစ်အောင်ပွဲနေ့(V-day)နှင့် ရင်ပြင်နီစစ်ရေးပြအခမ်းအနား မတိုင်မီ “ကြိုတင်ကြံစည်မှုရှိသော အကြမ်းဖက်တိုက်ခိုက်မှု”ဖြစ်သလို သမ္မတ ပူတင်ကို “လုပ်ကြံသတ်ဖြတ်ရန်”ကြံစည်ကြိုးစားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ ပူတင်သည် “ဒဏ်ရာရမှုမရှိ”သလို ၎င်း၏လုပ်ငန်းအစီအစဉ်များအပေါ်တွင်လည်း သက်ရောက်မှု မရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ရုရှားသမ္မတ ပြန်ကြားရေးဌာန အတွင်းဝန် Sergey Peskovက တိုက်ခိုက်မှု ဖြစ်ပွားချိန် ကရင်မလင်နန်းတော်တွင် သမ္မတပူတင် မရှိနေကြောင်းနှင့် အချင်းဖြစ်ပွားပြီးနောက် မော်စကိုမြို့ ဆင်ခြေဖုံးရှိ Novo-Ogaryovo အိမ်တော်တွင် သမ္မတ ပူတင်က လုပ်ငန်းဆောင်တာများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ Sergey Peskov၏ ပြောကြားချက်အရ မဟာမျိုးချစ်စစ်အောင်ပွဲနေ့(V-day) ရင်ပြင်နီစစ်ရေးပြအခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၂။ အချင်းဖြစ်ရပ်တွင် ယူကရိန်း ပါဝင်ပတ်သက်မှု ရှိသလား

အချင်းဖြစ်ပွားပြီးနောက် ကရင်မလင်နန်းတော်ကို ဒရုန်းယာဉ်ဖြင့်တိုက်ခိုက်သည့်ကိစ္စအား ယူကရိန်းက ငြင်းဆိုခဲ့သည်။ “ကျွန်တော်တို့က ပူတင် ဒါမှမဟုတ် မော်စကို ကို မတိုက်ခိုက်ပါဘူး၊ ကျွန်တော်တို့က ကိုယ့်ပိုင်နက်ထဲမှာပဲ စစ်တိုက်တာပါ ”ဟု ဖင်လန်သို့ အလည်အပတ်ခရီးစဉ်ရောက်ရှိနေသော ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မေ ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အပြင် ယူကရိန်းသမ္မတရုံး အကြံပေး Mykhailo Podolyak က ရုရှားဘက်ကပြောကြားသည့် ဒရုန်းယာဉ်တိုက်ခိုက်မှုက ယူကရိန်းနှင့်မသက်ဆိုင်ကြောင်း ၊ ယူကရိန်းအနေဖြင့် “ရုရှားပိုက်နက်ပေါ်က ပစ်မှတ်များကို တိုက်ခိုက်မည် မဟုတ်ဘူး”၊ “ဒီလိုလုပ်တာက ဘယ်လိုစစ်ရေးပြဿနာကိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။

ကရင်မလင်နန်းတော်ကို ယူကရိန်း ဒရုန်းယာဉ်ဖြင့်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ရုရှားဘက်က ဖော်ထုတ်ပြောဆိုနေခြင်းသည် ယူကရိန်းကို “အကြီးအကျယ် ထိုးစစ်ဆင်”ရန် လမ်းခင်းခြင်းသာ ဖြစ်ကြောင်း
ဇယ်လန်းစကီးနှင့် Mykhailo Podolyak၏ ပြောကြားချက်များတွင် ဖော်ပြထားသည်။

အမေရိကန် အိမ်ဖြူတော်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က သက်ဆိုင်ရာသတင်းများကို သတိပြုမိပြီးဖြစ်ကြောင်း၊ သို့သော် သတင်း၏မှန်ကန်မှုကို အမေရိကန်အနေဖြင့် အတည်မပြုနိုင်သေးကြောင်း ပြောကြားခဲ့သည်။

၃။ ရုရှားဘက်မှ တုံ့ပြန်လက်စားချေနိုင်မလား

ရုရှား အနေဖြင့် “မိမိဘက်က သင့်လျော်သည်ဟု ယူဆသော မည်သည့်အချိန်နှင့်နေရာကိုမဆို တုံ့ပြန်ဆောင်ရွက် ပိုင်ခွင့်ရှိ”ကြောင်း ရုရှား သမ္မတ ပြန်ကြားရေးဌာနက ကြေညာချက်ထုတ်ပြန် သတိပေးခဲ့သည်။ ဇယ်လန်းစကီးကို “ရုပ်ဝတ္တုပိုင်းကနေ ရှင်းလင်းပစ်” ရုံမျှ လွဲ၍ ရုရှားတွင် “အခြားရွေးချယ်စရာမရှိ”ဟု လူမှုကွန်ရက်စာမျက်နှာ၌ ရုရှားလုံခြုံရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ Dmitry Medvedev ၏ဖော်ပြမှုကို ကိုးကား၍ မီဒီယာများက ဖော်ပြထားသည်။

ရုရှား အောက်လွှတ်တော် ဥက္ကဋ္ဌ Vyacheslav Volodinက “သမ္မတကို ဦးတည်တိုက်ခိုက်တဲ့ အကြမ်းဖက်မှုက ရုရှားကို ထိုးစစ်ဆင်ခြင်း ဖြစ်တယ်”၊ ရုရှားလွှတ်တော်အနေဖြင့် “ယူကရိန်းအစိုးရကို တားဆီး၊ ဖျက်ဆီးနိုင်မယ့် လက်နက်တွေ သုံးဖို့”တောင်းဆိုသွားမည် ဖြစ်ကြောင်း လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။

ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ရုရှားအကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အချင်းဖြစ်ရပ်ကို ပြစ်မှုစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ အချင်းဖြစ်ပွားသည့်နေ့မှစပြီး ခွင့်ပြုချက်မရှိဘဲ မော်စကိုမြို့အတွင်း ဒရုန်းယာဉ်ပျံသန်းမှုကို တားမြစ်ကြောင်း မော်စကို မြို့တော်ဝန် Sergey Sobyaninက ကြေညာခဲ့သည်။

လက်ရှိတွင် ရုရှား-ယူကရိန်း ပဋိပက္ခ ရှုပ်ထွေးလျက်ရှိရာ ဒေသအများအပြားတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ “ဒရုန်းယာဉ်ဖြင့် ကရင်မလင်နန်းတော်ကို တိုက်ခိုက်မှု”သည် စစ်မက်မီးလျှံ ထပ်မံပြင်းထန်စေမည့် အကြောင်းတရား ဖြစ်မည်လောဆိုသည်ကို နိုင်ငံတကာ အသိုက်အဝန်းက အထူး ဂရုပြုစောင့်ကြည့်လျက်ရှိသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haqက သက်ဆိုင်ရာ သတင်းများနှင့် ရုရှား-ယူကရိန်း နှစ်နိုင်ငံလုံး၏ သဘောထားများကို ဂရုပြုမိပြီးဖြစ်ကြောင်း ၊ “ပဋိပက္ခတွေ နောက်ထပ်တစ်ဆင့် အရှိန်မြင့်လာမည့် ပြောဆိုဆောင်ရွက်မှုတွေကို သက်ဆိုင်ရာအသီးသီးက ရှောင်ကြဉ်ကြရန် မိမိတို့အနေဖြင့် တိုက်တွန်းတယ်”ဟု ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(Chinese Version)
无人机袭击克里姆林宫事件三大关注点
新华社北京5月4日电热点问答:无人机袭击克里姆林宫事件三大关注点
俄罗斯总统新闻局3日发表声明,指认乌克兰方面使用无人机对俄罗斯总统官邸克里姆林宫发动袭击,已被俄方成功拦截。俄乌冲突局势胶着之际,此事引发国际社会高度关注:俄方是否有人员伤亡、总统普京情况如何?乌方是否与此事有关?俄方会否采取报复行动?
(小标题)普京情况如何
俄方声明说,两架无人机3日凌晨袭击克里姆林宫,俄军方和情报部门“及时行动”,采用电子战手段实施拦截。两架无人机坠入克里姆林宫区域内,残骸“没有造成任何人员伤亡或财产损失”。
当天,社交媒体出现多段未经证实的无人机袭击克里姆林宫视频。其中一段视频显示,一个白色物体在夜幕中飞向克里姆林宫,疑似撞上其中一座建筑的顶部后爆炸起火,燃烧的物体残骸坠向地面。
俄方指认此事系乌克兰方面所为,意图在俄罗斯5月9日卫国战争胜利日及红场阅兵前发动“有预谋的恐怖主义袭击”,企图“刺杀”总统普京。声明说,普京“没有受伤”,其工作计划也未受到影响。
俄罗斯总统新闻秘书佩斯科夫表示,袭击发生时,普京并不在克里姆林宫;事发后,普京在莫斯科郊外的新奥加廖沃官邸照常工作。按照佩斯科夫的说法,卫国战争胜利日红场阅兵式将按计划举行。
(小标题)乌方是否涉事
事发后,乌克兰方面否认使用无人机袭击克里姆林宫。正在芬兰访问的乌总统泽连斯基3日在记者会上表示:“我们不攻击普京或莫斯科,我们只在自己的领土上战斗。”
另外,乌克兰总统办公室顾问波多利亚克说,乌方与俄方所称无人机袭击没有关联,乌方“不攻击俄罗斯联邦领土上的目标”,因为“这样做解决不了任何军事问题”。
按照泽连斯基和波多利亚克的说法,俄罗斯方面指认乌方使用无人机袭击克里姆林宫意在为其对乌克兰发动“大规模进攻”进行铺垫。
美国白宫以及国务卿布林肯表示已经注意到相关报道,但美方尚不能确认消息的真实性。
(小标题)俄方会否报复
俄罗斯总统新闻局声明警告,俄方“保留在自身认定合适的任何时间和地点采取反击措施的权利”。媒体援引俄安全会议副主席梅德韦杰夫在社交平台上的表态说,除了对泽连斯基“从物理上消灭”,俄方“别无选择”。
俄罗斯国家杜马(即议会下院)主席沃洛金在社交媒体发文称,“这起针对总统的恐怖主义行径是对俄罗斯的进攻”,俄议会将要求动用“能够阻止和摧毁乌克兰政府的武器”。
俄罗斯联邦侦查委员会已经依据俄方反恐法对此事启动刑事调查。莫斯科市长索比亚宁宣布,即日起,未经批准,莫斯科市内禁飞无人机。
当前,俄乌冲突局势胶着,多地交火激烈。“无人机袭击克里姆林宫事件”会否成为局势进一步升级的导火索,引发国际社会高度关注。
联合国秘书长古特雷斯的副发言人哈克说,已经注意到相关报道和俄乌双方各自表态,“我们再次强烈呼吁所有相关方避免做出任何可能使冲突进一步升级的言行”。(完)
1. 这是5月3日在俄罗斯首都莫斯科克里姆林宫附近拍摄的禁飞无人机标识。 新华社发(亚历山大摄)