Connect with us

Asia

တရုတ်-လာအို ရထားလမ်းတည်ဆောက်သူများက လာအိုနိုင်ငံရှိ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်

တရုတ်-လာအို ချစ်ကြည်ရေး နုန်ပင်းမူလတန်းကျောင်း(SLFNPS)၏ ကျောင်းသား၊ကျောင်းသူများအား လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းဘူတာတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း တည်ဆောက်မှုတွင် ပါဝင်သော China Railway Group Limited(CREC)သည် တရုတ်-လာအို ချစ်ကြည်ရေး နုန်ပင်း မူလတန်းကျောင်း (SLFNPS)နှင့် ဖလှယ်ရေးလှုပ်ရှားမှုများကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ဇူလိုင် ၁၆ ရက်က ပြုလုပ်ခဲ့ရာ လာအိုရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရထားဖြင့် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်လေ့လာကြရန် ဖိတ်ခေါ် ခဲ့သည်။

အဆိုပါအခမ်းအနားကို နုန်ပင်း မူတန်းကျောင်း(SLFNPS) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူ ကိုယ်စားလှယ်များ၊ တရုတ်-လာအို ရထားလမ်း စီမံကိန်းတည်ဆောက်မှုတွင် ပါဝင်သော China Railway Group Limited(CREC)၏ ဝန်ထမ်းများ၊ မိသားစုဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် China Railway Group Limited(CREC)မှ နုန်ပင်း မူတန်းကျောင်း(SLFNPS)သို့ စာရေးကိရိယာနှင့်အားကစားသုံး ပစ္စည်းများကို လှူဒါန်းခဲ့သလို လာအို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား “ရပ်ဝန်းနှင့်ပိုးလမ်းမ ပေကျင်းမြို့တွင် ဆုံဆည်းကြမည်”၊ တရုတ်-လာအို ရထားစီး၍ တရုတ်နိုင်ငံသို့ လာရောက်လေ့လာလည်ပတ်၍ ပညာသင်ယူကြရန် ဖိတ်ခေါ်ခဲ့သည်။

တရုတ်-လာအို ရထားလမ်း တည်ဆောက်စဉ်ကာလတွင် China Railway Group Limited(CREC)၏ တရုတ်-လာအို ရထားလမ်း စီမံကိန်း ဆောက်လုပ်ရေးကွပ်ကဲမှုဌာန၊ China Railway Erju တို့သည် နုန်ပင်း မူလတန်းကျောင်းအတွက် ခြင်းလုံးကွင်း၊ စားပွဲတင်တင်းနစ် စားပွဲ၊ စာရေးကိရိယာစသည် တို့ကို လှူဒါန်းပေးခဲ့သလို သင်ကြားပို့ချရေးအစီအစဉ်များလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့်တည်ဆောက်ရေး၏ ပြယုဂ်စီမံကိန်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ဧပြီ ၁၃ ရက်တွင် တရုတ်-လာအို ရထားလမ်း ကူမင်းတောင်ပိုင်းဘူတာ၊ ဗီယင်ကျန်းဘူတာများတွင် နိုင်ငံတကာခရီးသည်တင်ရထား အသွားအပြန်ပြေးဆွဲနိုင်ခဲ့ရာ ကူမင်းမှ ဗီယင်ကျန်းသို့ နေ့တွင်းချင်းရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်-လာအို ချစ်ကြည်ရေး နုန်ပင်းမူလတန်းကျောင်းကို တရုတ်နိုင်ငံက ကူညီပံ့ပိုး တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံက စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများ စေလွှတ်၍သော်လည်းကောင်း၊ ပညာရေးနှင့်သင်ထောက်ကူပစ္စည်းများပံ့ပိုး၍သော်လည်းကောင်း ကူညီဆောင်ရွက်ခဲ့ရာတွင် တရုတ်-လာအို ချစ်ကြည်ရေး၏ စံနမူနာ စီမံကိန်း ဖြစ်လာခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
中老铁路建设者邀请老挝师生乘火车访华
新华社万象7月17日电(记者章建华)中老铁路参建单位中国中铁16日在老挝首都万象与中老友好农冰村小学开展交流活动,邀请老挝师生乘坐火车到中国游学。
农冰村小学师生、家长代表和中国中铁中老铁路项目相关参建单位的员工、家属代表参加了本次交流活动。活动中,中国中铁向农冰村小学捐赠了学习和体育用品等,同时还向老挝师生代表发出“一带一路 相聚北京”乘坐中老铁路列车访华游学的邀请。
在中老铁路修建期间,中国中铁中老铁路项目建设指挥部、中铁二局与农冰村小学“结对子”,捐赠藤球场、乒乓球桌、文具等,开展“课外辅导员”活动。
中老铁路是高质量共建“一带一路”的标志性工程,于2021年12月3日开通运营。今年4月13日,中老铁路昆明南站、万象站双向对开国际旅客列车,昆明至万象实现当日通达。中老友好农冰村小学2012年由中国援建,此后中方连续派遣志愿教师开展教学,并提供教育教学物资,是中老友好的示范项目。
1. 2022年12月1日,在老挝首都万象火车站,中老友好农冰村小学的学生进站。新华社发(凯乔摄)