Connect with us

China

“ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆိုပြုချက် ၄ ရပ်အား ဝမ်ရိ ပြောကြား

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ဇူလိုင် ၂၅ ရက်က ကျင်းပသော BRICS လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ၊ တောင်အာဖရိကနိုင်ငံ သမ္မတရုံးဝန်ကြီး Khumbudzo Ntshavheni ၊ ဘရာဇီးနိုင်ငံ သမ္မတ၏ ထိပ်တန်းအကြံပေး Celso Luiz Nunes Amorim ၊ ရုရှားဖက်ဒရယ်လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev၊ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး Ajit Doval တို့ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ဂျိုဟန်နာဘတ်စ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

“ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆိုပြုချက် ၄ ရပ်ကို တရုတ်နိုင်ငံ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ဇူလိုင် ၂၅ ရက် ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပသော BRICS လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဝမ်ရိက လွတ်လပ်စွာ ကိုယ်ပိုင်ရပ်တည်မှုသည် “ကမ္ဘာ့တောင်ဘက်ခြမ်း”၏နိုင်ငံရေးအခြေခံ၊ ဖွံ့ဖြိုးတိုးတက်ရေးသည် “ကမ္ဘာ့တောင်ဘက်ခြမ်း”၏ သမိုင်းတာဝန်၊ တရားမျှတမှုသည် “ကမ္ဘာ့တောင်ဘက်ခြမ်း”၏ တူညီသောခံယူချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကမ္ဘာ့တောင်ဘက်ခြမ်း”မိသားစုဝင်နှင့်တာဝန်ယူမှုရှိသော ကမ္ဘာ့ကျေးရွာကြီး၏ အဖွဲ့ဝင်အနေဖြင့် မိမိတို့အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေး ၊အတူဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပထမအနေဖြင့် ပဋိပက္ခများဖယ်ရှား၍ ငြိမ်းချမ်းရေး တည်ဆောက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်သော ဘုံလုံခြုံရေး အမြင်ကို အဆိုပြုရာ ဟန်ချက်ညီမှု၊ ထိရောက်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေး မူဘောင် တည်ဆောက်မှုကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတိုင်း၏ သင့်လျော်မှုရှိသော လုံခြုံရေး စိုးရိမ်ပူပန်မှုကို လေးစား၍ အရေးကြီးကိစ္စရပ်များကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး တွန်းအားပေး၍ လူသားမျိုးနွယ်တို့၏ လုံခြုံရေး အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်ကြရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် လှုပ်ရှားမှုများကို ပြန်လည်အားကောင်းအောင် ဆောင်ရွက်၍ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ မြှင့်တင်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာ အစီအစဉ်၏ အဓိကအချက်အချာနေရာတွင် ခိုင်မာစွာ ထားရှိရမည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးတိုးမြှင့်မည် နိုင်ငံတကာ သဘောတူညီချက်များကို တစ်ဆင့်တိုး စုစည်းကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆက်ဆံမှုကို ပြန်လည်အားကောင်းစေရန်၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားသစ်ကို ပျိုးထောင်ရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကူညီပံ့ပိုးမည့် ကတိကဝတ်များကို လက်တွေ့ဖော်ဆောင်ရန် တွန်းအားပေး၍ ဖွံ့ဖြိုးရေးရလဒ်များကို နိုင်ငံအသီးသီးရှိပြည်သူများ ခံစားနိုင်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် အားလုံးပါဝင်ရှိသည့် တံခါးဖွင့်လှစ်မှုဖြင့် တိုးတက်အောင် အတူကြိုးပမ်းဆောင်ရွက် ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ယဉ်ကျေးမှု စုံလင်ကြွယ်ဝစေရန် အဆိုပြုရာ အတွေးအမြင် စည်းခြားခြင်းနှင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးက မိမိနိုင်ငံအခြေအနေအရ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရှာဖွေမှုကို အားပေးထောက်ခံခြင်း၊ နိုင်ငံအသီးသီး ပြည်သူများက ရွေးချယ်သော လူမှုစနစ်ကို လေးစားခြင်း၊ နိုင်ငံရေးရာ စီမံခန့်ခွဲမှုများကို အပြန်အလှန် လေ့လာဖလှယ်မှုများကို အားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် လူသားမျိုးနွယ် တိုးတက်ရေးအတွက် အတူတကွ အကျိုးဆောင်ကြရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး အတူအကွ ဆွေးနွေးကြရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အတူဆွေးနွေး၊ အတူ တည်ဆောက်၊ အတူမျှဝေရေးမူကို အဆိုပြုရာ ဗိုလ်ကျစိုးမိုးရေးနှင့် အာဏာနိုင်ငံရေးကို ဆန့်ကျင်၍ နိုင်ငံတကာရေးရာတွင် ကုလသမဂ္ဂ၏အပြုသဘောဆောင်သော အခန်းကဏ္ဍကို အားပေးထောက်ခံရမည် ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြောင်းလဲမှုသစ်တွင် “ကမ္ဘာ့တောင်ဘက်ခြမ်း”နိုင်ငံများ၏ ပြောခွင့်ဆိုခွင့်နှင့်ကိုယ်စားပြုမှုကို တိုးချဲ့ ဘုံအကျိုးစီးပွားကို ကောင်းမွန်စွာ ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ အစုအဖွဲ့ဖြစ်သည့် အားလျော်စွာ တာဝန်ယူမှုရှိသော အဖွဲ့ဝင်ဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံ မိသားစုကြီး၏ ထာဝရ မိသားစုဝင်လည်း ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ထွန်းသစ်စဈေးကွက်နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်(GCI)များကို အကော်အထည်ဖော်ဆောင်ရွက်ရန် တွန်းအားပေးကာ လူသားမျိုးနွယ်တို့၏ အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
王毅就加强“全球南方”国家合作提出四点主张
新华社约翰内斯堡7月25日电(记者谢江)中央外办主任王毅7月25日在约翰内斯堡出席金砖国家安全事务高级代表会议期间,就加强“全球南方”国家合作提出四点主张。
王毅表示,独立自主是“全球南方”的政治底色,发展振兴是“全球南方”的历史使命,公道正义是“全球南方”的共同主张。作为“全球南方”大家庭成员和负责任的地球村成员,我们要携手努力,为世界和平担当,为共同发展尽责。
第一,要消除冲突,共建和平。倡导共同、综合、合作、可持续的安全观,推动构建均衡、有效、可持续的安全架构,尊重各国合理安全关切,推动政治解决热点问题,构建人类安全共同体。
第二,要重振活力,共促发展。坚持把发展置于国际议程中心位置,进一步凝聚促发展的国际共识,维护发展中国家正当发展权利。重振全球发展伙伴关系,培育全球发展新动能。推动发达国家切实履行援助承诺,让发展成果更多惠及各国人民。
第三,要开放包容,共谋进步。弘扬全人类共同价值,倡导尊重文明多样性,反对意识形态划线和阵营对抗。支持各国根据自身国情探索发展道路,尊重各国人民选择的社会制度,加强治国理政交流互鉴,共同为人类进步作出贡献。
第四,要团结一致,共商合作。倡导共商共建共享原则,反对霸权主义和强权政治,支持联合国在国际事务中发挥积极作用。在新一轮全球治理体系变革中扩大“全球南方”国家的话语权和代表性,维护好共同利益。
王毅强调,中国是“全球南方”的当然成员,永远是发展中国家大家庭的一员。中方愿同广大新兴市场国家和发展中国家一道,推动落实全球发展倡议、全球安全倡议、全球文明倡议,共同构建人类命运共同体。(完)

1. 7月25日,中共中央政治局委员、中央外办主任王毅(左二)在南非约翰内斯堡与出席第十三次金砖国家安全事务高级代表会议的南非总统府部长恩特沙韦尼(中)、巴西总统首席特别顾问阿莫林(右一)、俄罗斯联邦安全会议秘书帕特鲁舍夫(左一)、印度国家安全顾问多瓦尔(右二)合影。