Connect with us

Media

တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံလေ့လာရေးအဖွဲ့ အာတိတ်စက်ဝိုင်းကို ဖြတ်ကျော်

နှင်းနဂါးအမှတ်၂၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အာတိတ် သမုဒ္ဒရာ သိပ္ပံလေ့လာရေးအဖွဲ့သင်္ဘောသည် ဇူလိုင် ၂၄ ရက် ပေကျင်းစံတော်ချိန် ၁၆ နာရီ ၃၀ မိနစ်တွင် အာတိတ် သမုဒ္ဒရာကို ဖြတ်သန်းသွားပြီဖြစ်ကာ အာတိတ်သမုဒ္ဒရာရေပြင်အတွင်း ခုတ်မောင်းလျက်ရှိကြောင်း “နှင်းနဂါး အမှတ်၂ ” ဝင်ရိုးစွန်းဒေသ သိပ္ပံလေ့လာရေး ရေခဲခွဲသင်္ဘော၏ အသံလွှင့်ချက်များအရ သိရသည်။

တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အာတိတ် သမုဒ္ဒရာ သိပ္ပံလေ့လာရေးအဖွဲ့လိုက်ပါသော “နှင်းနဂါး အမှတ်၂ ” သင်္ဘောသည် အာတိတ် သမုဒ္ဒရာတွင် သိပ္ပံလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဇူလိုင် ၁၂ ရက်က ရှန်ဟိုင်းမြို့မှ စတင် ထွက်ခွာခဲ့သည်။ “နှင်းနဂါး အမှတ်၂”သည် ပြီးခဲ့သည့် ၁၂ ရက်ကြာကာလတွင် အရှေ့တရုတ်ပင်လယ်၊ ဂျပန်ပင်လယ်၊ အိုကာတ်စ် ပင်လယ်၊ ဗဲရင်းပင်လယ်စသည်တို့ကို ဖြတ်သန်း၍ မြောက်ဘက်သို့ ဦးတည်မောင်းနှင်ခဲ့ရာ ဗဲရင်းရေလက်ကြားမှတစ်ဆင့် အာတိတ်စက်ဝိုင်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အာတိတ်စက်ဝိုင်းကို ဖြတ်ကျော်ခြင်းမှာ အာတိတ်သမုဒ္ဒရာလေ့လာရေးခရီးစဉ်တိုင်း၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း လေ့လာရေးအဖွဲ့ခေါင်းဆောင် ဝမ်ကျင်းဟွေးက ပြောကြားခဲ့သည်။

သိပ္ပံလေ့လာရေးအဖွဲ့ဝင်များ လုပ်ငန်း ကျွမ်းကျင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအရည်အချင်းကို တစ်ဆင့်တိုး မြှင့်တင်ရန်အတွက် ဗဲရင်းပင်လယ် နိုင်ငံတကာရေပိုင်နက်တွင် သမုဒ္ဒရာလေ့လာရေး လေ့ကျင့်မှုများအား ဇူလိုင် ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း၊ လက်တွေ့သိပ္ပံလေ့လာရေးတွင် ပြည့်စုံကောင်းမွန်စေရန် လေ့ကျင့်ရေး၌ ရှိသော အခက်အခဲများအပေါ်မူတည်၍ ကောင်းမွန်သော သို့မဟုတ် ပြင်ဆင်သော နည်းလမ်းများ အဆိုပြုခဲ့ရာ သမုဒ္ဒရာသိပ္ပံလေ့လာရေးလုပ်ငန်းအတွက် အားကောင်းသော ပံ့ပိုးမှု ဖြစ်စေခဲ့ကြောင်း ဝမ်ကျင်းဟွေးက ပြောကြားခဲ့သည်။

အာတိတ်စက်ဝိုင်းသို့ ရောက်ရှိပြီးနောက် လေ့လာရေးအဖွဲ့သည် ကြိုတင် လုပ်ငန်းလုပ်ဆောင်ရမည့် သတ်မှတ်ထားသော နေရာများသို့ ဆက်လက်ထွက်ခွာသွားမည် ဖြစ်ကြောင်း သိရသည်။ အစီအစဉ်အရ “နှင်းနဂါး အမှတ် ၂ ” သင်္ဘောသည် ဇူလိုင် ၂၆ ရက်တွင် Chukchi ပင်လယ်ချိုင့်ဝှမ်းသို့ ရောက်ရှိမည် ဖြစ်ပြီး သမုဒ္ဒရာ သိပ္ပံလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………………………..
(Chinese Version)
中国第13次北冰洋科学考察队穿越北极圈
新华社“雪龙2”号7月24日电(记者魏弘毅)根据“雪龙2”号极地科考破冰船驾驶台广播,北京时间7月24日16时34分,中国第13次北冰洋科学考察队穿越北极圈,进入北极海域航行。
7月12日,中国第13次北冰洋科学考察队搭乘“雪龙2”号从上海出发,前往北冰洋执行科学考察任务。过去12天里,“雪龙2”号经东海、日本海、鄂霍次克海、白令海等海域一路北上,穿越白令海峡,顺利抵达北极圈。
考察队领队王金辉表示,穿越北极圈是历次北冰洋科考的重要节点。
王金辉介绍说,为进一步提升科考队员作业熟练度和协同作业水平,考察队22日在白令海公海海域进行了大洋科考作业演练。针对演练出现的问题,考察队各组已及时提出优化或整改措施,完善科考作业实施方案,有力保障了大洋科考作业正式开展。
进入北极圈后,考察队将继续向着预定作业地点航行。根据日程安排,“雪龙2”号预计将于26日航行至楚科奇海盆,考察队将正式开展大洋科考作业。
1.2023年7月22日,中国第13次北冰洋科学考察队进行大洋科考作业演练。新华社记者魏弘毅摄