Connect with us

China

တတိယအကြိမ်မြောက် တရုတ်-အာဖရိက ကုန်စည်ပြပွဲတွင် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သော စီမံကိန်းပေါင်း ၁၂၀ ရှိ

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့၊ ချန်ရှား အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ၌ ကျင်းပသော တတိယအကြိမ်မြောက် တရုတ်-အာဖရိက ကုန်စည်ပြပွဲတွင် ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှု့သူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချန်ဆား၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် တရုတ်-အာဖရိက ကုန်စည်ပြပွဲတွင် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သော စီမံကိန်းပေါင်း ၁၂၀ ရှိရာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီယံ၊ ပြပွဲတွင် တိုက်ရိုက် အရောင်းအဝယ် ဖြစ်လိုမှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ရှိကြောင်း ဇွန် ၂ ရက်က ကျင်းပသော ကုန်စည်ပြပွဲသတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ဆားမြို့၌ ဇွန် ၂၉ ရက် မှ ဇူလိုင် ၂ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ပြပွဲကျင်းပသည့်ပမာဏသည် သမိုင်းတွင် အကြီးဆုံးဖြစ်ရာ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသော အာဖရိက ၅၃ နိုင်ငံပါဝင်ခဲ့သလို ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ အာဖရိကသမဂ္ဂစသည့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၂ ခု၊ တရုတ်နိုင်ငံ ပြည်နယ်၊ ဒေသနှင့် မြို့ ၃၀ ခုမှ တရုတ်-အာဖရိက ကုမ္ပဏီလုပ်ငန်းများ၊ ကုန်သည်ကြီးများအသင်းနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ ၁၇၀၀ ကျော် ပါဝင်ခဲ့သည်။ နိုင်ငံခြားဧည့်သည် ၁၇၀၀ အပါအဝင် ကုန်စည်ပြပွဲသို့ပါဝင်တက်ရောက်သူ လူပေါင်းတစ်သောင်းကျော် ရှိခဲ့သည်။ (Xinhua)

…………………………………….
(Chinese Vrsion)
第三届中国—非洲经贸博览会各方签约项目累计120个
新华社长沙7月2日电(记者张玉洁)记者从2日举行的第三届中国—非洲经贸博览会新闻通报会上获悉,本届中非经贸博览会各方签约项目累计120个、金额103亿美元,展馆现场累计意向成交额4亿美元。
6月29日至7月2日,第三届中非经贸博览会在湖南省长沙市举办。
参会规模为历史之最。实现与中国建交的53个非洲国家参会全覆盖,联合国工发组织、非盟等12个国际组织,30个国内省区市,1700余家中非企业、商协会和金融机构参会,参会规模上万人,其中,外宾达1700人。
Audience take photos of a performance at the Changsha International Convention and Exhibition Center during the third China-Africa Economic and Trade Expo in Changsha, central China’s Hunan Province, July 1, 2023. (Xinhua/Chen Yehua)