Connect with us

Media

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်မှုနှင့် ပြည်ပ စွက်ဖက်ရန် ကြိုးပမ်းမှုများကို ချေမှုန်းရန် စွမ်းရည်နှင့်ယုံကြည်ချက်ရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွား၏ အချက်ချာဖြစ်ရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ရန်၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်မှုနှင့် ပြည်ပ စွက်ဖက်ရေး ကြိုးပမ်းမှုများကို ချေမှုန်းရန် စွမ်းရည် ရှိသလို ယုံကြည်ချက်လည်း ရှိကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် လွှတ်တော်နှစ်ရပ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီက ၂၀၂၄ ခုနှစ် ကာကွယ်ရေးဥပဒေကို အသီးသီး အတည်ပြုခဲ့ရာ အမေရိကန်-ထိုင်ဝမ် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်ထပ်တိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းများ ဖော်ပြခဲ့ကြောင်း၊ ယခုကာလများတွင်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အမေရိကန်အနေဖြင့် “ထိုင်ဝမ်”လွတ်လပ်ရေးကို အားမပေးသော်လည်း လက်ရှိအခြေအနေကို ပြောင်းလဲရန် တစ်ဖက်သတ်ဆောင်ရွက်မှုများကို ဆန့်ကျင်သည်ဟု ပြောကြားခဲ့ရာ ထို့အပေါ် မည်သို့ ပြောကြားလိုပါသနည်း ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထို့အပေါ် ကျန်းရှောင်ကန်းက ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွား၏ ဗဟိုအချက်အချာ ဖြစ်သလို တရုတ်-အမေရိကန်ဆက်ဆံရေးတွင် အကြီးဆုံးပြဿနာ နှင့်အထင်ရှားဆုံးအန္တရာယ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် အမေရိကန်နိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ် သတ်မှတ်ချက်များကို လိုက်နာစောင့်ထိန်းရန်၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” အားမပေး ဟူသော ကတိကဝတ်ကို လက်တွေ့ဖော်ဆောင်ရန်၊ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာတွင် တရုတ်တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုသည် ပိုင်းခြား၍မရသလို ပိုင်းခြားရန်လည်း မဖြစ်နိုင်ကြောင်း၊ ၎င်းမှာ ထိုင်ဝမ်ရေလက်ကြား၏ လက်ရှိအခြေအနေဖြစ်ကြောင်း ကျန်းရှောင်ကန်းက အလေးထား ပြောကြားခဲ့သည်။

ပြည်ပအင်အားစုများက “ထိုင်ဝမ်ဖြင့် တရုတ်ကို ထိန်းချုပ်ရန်”  ကြိုးပမ်းမှု၊ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) အာဏာပိုင်များက “အမေရိကန်အားကိုး၍ သီးခြားရပ်တည်ရေး ကြံစည်ရန်” လွဲမှားစွာ ယုံကြည်လျက်ရှိကြောင်း၊ ၎င်းမှာ ထိုင်ဝမ်ရေးလက်ကြားလက်ရှိအခြေအနေကို ဖျက်ဆီးခြင်း၊ ထိုင်ဝမ်ရေလက်ကြားတင်းမာသောအခြေအနေကို ပို၍ ဆိုးဝါးစေခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မုချမသွေ ပေါင်းစည်းမည် ဖြစ်သလို ပေါင်းစည်းမှုက ဧကန်ဖြစ်မြောက်မည် ဖြစ်ကြောင်း ၊ ထိုင်ဝမ်အရေး မည်သို့ ဖြေရှင်းရန်မှာ တရုတ်နိုင်ငံသားများ၏ ကိစ္စသာဖြစ်ပြီး မည်သည့်ပြည်ပအင်အားစု၏ လက်လျှိုဝင်ခြင်း လက်ခံမည် မဟုတ်ကြောင်း၊ ထိုသို့သောရေစီးကြောင်းကို ဆန့်ကျင်၍မရသလို မီးနှင့်ကစားသူသည် မီးမြှိုက်ခြင်းခံရမည် ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည့်စုံမှုကို ကာကွယ်ရန်၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး”ခွဲထွက်မှုနှင့် ပြည်ပ စွက်ဖက်ရေး ကြိုးပမ်းမှုများကို ချေမှုန်းရန် စွမ်းရည် ရှိသလို ယုံကြည်ချက်လည်း ရှိကြောင်း ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………………

(Chinese Version)

国防部:解放军有能力有信心粉碎“台独”分裂和外来干涉图谋

新华社北京6月29日电(记者郭明芝、李晓明)国防部新闻局副局长、国防部新闻发言人张晓刚29日表示,台湾问题是中国核心利益中的核心,中国人民解放军有能力有信心捍卫国家主权和领土完整,坚决粉碎“台独”分裂和外来干涉图谋。

有记者问,据报道,美国会参众两院军事委员会分别通过2024年度国防授权法案,要进一步推进美台军事合作。近期美国务卿布林肯称,美不支持“台独”,但反对任何一方单方面改变现状。请问发言人有何评论?

张晓刚说,台湾问题是中国核心利益中的核心,是中美关系最重大的问题,也是最突出的风险。我们敦促美方恪守一个中国原则和中美三个联合公报规定,切实将不支持“台独”承诺落到实处,不要说一套、做一套。

张晓刚强调,世界上只有一个中国,台湾是中国的一部分,中国的国家主权和领土完整从未分割,也不可能分割,这是台海的现状。一段时间以来,外部势力大搞“以台制华”,民进党当局执迷于“倚美谋独”,这才是在破坏台海现状、加剧台海局势紧张。中国必须统一,也必然统一。怎么解决台湾问题是中国人自己的事,不容任何外部势力插手干涉。潮流不可逆、玩火必自焚。中国人民解放军有能力有信心捍卫国家主权和领土完整,坚决粉碎“台独”分裂和外来干涉图谋。