Connect with us

China

တရုတ်နိုင်ငံ နန်ကျင်းမြို့ ယန်ဇီမြစ်ကူးတံတားတိုင်များအား အကာအကွယ်များ တပ်ဆင်

China Railway Shanghai Group Co., Ltd.မှဝန်ထမ်းများက တရုတ်နိုင်ငံ နန်ကျင်းမြို့ ယန်ဇီမြစ်ကူးတံတားတိုင်များအား အကာအကွယ်တပ်ဆင်ပေးနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်ကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နန်ကျင်းမြို့ ယန်ဇီမြစ်ကူးတံတားကြီး၏ တံတားတိုင် အမှတ် ၃ ၊ အမှတ် ၄ နှင့် အမှတ် ၅ တို့ကို ဩဂုတ် ၁၀ ရက်က အကာအကွယ် ပစ္စည်းများ တပ်ဆင်၍ အသုံးပြုနေပြီဖြစ်သည်။

ယန်ဇီမြစ်၏ ဝိသေသလက္ခဏာနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး အခြေအနေပေါ် မူတည်၍ ယခုအကြိမ်တပ်ဆင်သည့် တံတားတိုင် အကာအကွယ်ပစ္စည်းများကို ရေတွင် ပေါ်နိုင်သည့် သံမဏိအကာ ပေါင်းစပ်ကုန်ကြမ်းပစ္စည်း(steel clad composite)ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ရာ ရေလယ်ဗယ်အနေအထားပေါ်မူတည်၍ ရေတွင်ပေါ်နိုင်ကြောင်း သိရသည်။

ယင်းအကာအကွယ်များသည် သင်္ဘောတိုက်မိသည့်အခါတွင် သင်္ဘောတိမ်းမှောက်မှု၊ နစ်မြုပ်မှု အဖြစ်အပျက်များကို ရှောင်ရှားနိုင်ရန် သင်္ဘောအား ထိန်းထားနိုင်ခြင်း၊ နေရာလွှဲလိုက်ခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းလိုက်ခြင်း စွမ်းရည်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ နန်ကျင်းမြို့ ရှန့်ယွမ်မန် ဆိပ်ကမ်းတွင် China Railway Shanghai Group Co., Ltd.မှဝန်ထမ်းများက နန်ကျင်း ယန်ဇီမြစ်ကူးတံတားတိုင် အကာအကွယ်ပစ္စည်းများအား တပ်ဆင်နေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)


…………………………
(Chinese Version)
南京长江大桥安装桥墩防撞设施
8月10日,南京长江大桥3号、4号、5号桥墩顺利安装防撞设施并投入使用。据了解,依据长江水域特点和航运条件,本次安装的桥墩防撞设施采用浮动式钢覆复合材料,可以根据水位上下浮动。该防撞设施可有效吸收、分散或转移船舶碰撞的能量,使船舶撞击后避免发生翻船、沉船的事故。
1. 8月9日,中国铁路上海局集团有限公司工作人员对南京长江大桥桥墩防撞设施进行安装(无人机照片)。
2. 8月9日,中国铁路上海局集团有限公司工作人员在南京上元门码头对南京长江大桥桥墩防撞设施进行组装。