Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပထမဆုံး အမျိုးသားဂေဟဗေဒနေ့တွင် အရေးကြီးလမ်းညွှန်စကား အလေးထားပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကွမ်ယွမ်မြို့ ကျန့်ကယ်ခရိုင် ချွေ့ယွင်လန်သို့ သွားရောက် စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၅ ရက် ညနေပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ဟန်ကျိုး၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး အမျိုးသား ဂေဟဗေဒနေ့ ရောက်ရှိချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အရေးကြီး လမ်းညွှန်စကားကို အလေးထားပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ဂေဟယဉ်ကျေးမှု တည်ဆောက်ခြင်းသည် တရုတ်လူမျိုးတို့ စဉ်ဆက်မပြတ် ထာဝရ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံစီမံချက်ဖြစ်သလို ပါတီ၏ သမိုင်းပေးတာဝန် ရည်မှန်းချက်ရှိသော အရေးကြီးနိုင်ငံရေးရာကိစ္စရပ်၊ ပြည်သူများ၏အကျိုးစီးပွားဖြစ်သော အရေးကြီး လူမှုရေးရာ ကိစ္စရပ်တို့နှင့်သက်ဆိုင်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ခေတ်မီ ဆိုရှယ်လစ်နိုင်ငံ ဘက်စုံတည်ဆောက်လျက်ရှိသော ခရီးစဉ်သစ်တွင် ဂေဟယဉ်ကျေးမှု တည်ဆောက်ခြင်းမဟာဗျူဟာ အာရုံစူးစိုက်မှုအား မြှင့်တင်ဆောက်ရွက်ခြင်းကို ထိန်းသိမ်းရမည် ဖြစ်သလို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြင့် ထိန်းသိမ်းရေးကို ဂရုပြုတွန်းအားပေးရမည် ဖြစ်ကြောင်း ၊ “ကာဗွန် လျော့နည်းရေးနှင့် ကင်းစင်ရေး” လုပ်ငန်းကို လမ်းညွှန်မှု အဖြစ် ထားရှိ၍ စွမ်းအင်သုံးစွဲမှု နှစ်ဆင့်ထိန်းချုပ်ခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှု နှစ်ဆင့်ထိန်းချုပ်ခြင်းကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ထုတ်လုပ်မှုပုံစံနှင့် လူနေမှုပုံစံ အစိမ်းရောင်နှင့် ကာဗွန်လျော့နည်းရေး အသွင်ပြောင်းနိုင်ရန် ဆက်လက်တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူနှင့်သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သည့် ခေတ်မီအသွင်ပြောင်းခြင်းကို အရှိန်အဟုန်မြှင့်တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ပြီး သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်မှုကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က လူမှုအသိုက်အဝန်းတစ်ခုလုံး ပါဝင်၍ စိမ်းလန်းစိုပြည်သော တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည် ဟူသော အတွေးအခေါ်ကို တစ်တပ်တစ်အား ဖြန့်ဝေသူ၊ စံပြ ဖော်ဆောင်သူ အဖြစ် ကိုယ်တိုင်ကိုယ်ကျ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ကြပြီး သန့်ရှင်းသာယာလှပသော ကမ္ဘာကြီး အတူတည်ဆောက်ရေးအတွက် ပို၍ကြီးမားသော အကျိုးကို ဆောင်ကြဉ်းစေလိုကြောင်း ပြောကြားခဲ့သည်။

ဩဂုတ် ၁၅ ရက်ကို တရုတ်နိုင်ငံ အမျိုးသား ဂေဟဗေဒနေ့အဖြစ် သတ်မှတ်ရန် ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်က ကျင်းပသော (၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ တတိယအကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

…………………………………
(Chinese Version)
习近平在首个全国生态日之际作出重要指示强调
新华社杭州8月15日电在首个全国生态日到来之际,中共中央总书记、国家主席、中央军委主席习近平作出重要指示强调,生态文明建设是关系中华民族永续发展的根本大计,是关系党的使命宗旨的重大政治问题,是关系民生福祉的重大社会问题。在全面建设社会主义现代化国家新征程上,要保持加强生态文明建设的战略定力,注重同步推进高质量发展和高水平保护,以“双碳”工作为引领,推动能耗双控逐步转向碳排放双控,持续推进生产方式和生活方式绿色低碳转型,加快推进人与自然和谐共生的现代化,全面推进美丽中国建设。
习近平希望全社会行动起来,做绿水青山就是金山银山理念的积极传播者和模范践行者,身体力行、久久为功,为共建清洁美丽世界作出更大贡献。
2023年6月28日,十四届全国人大常委会第三次会议通过决定,将8月15日设立为全国生态日。
1. 这是7月25日下午,习近平在广元市剑阁县翠云廊考察。新华社记者 谢环驰 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.