Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ တောင်ပိုင်းတွင် လူမျိုးစု ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူပေါင်း ၅၀ နီးပါး သေဆုံး

ခါတွမ်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ South Darfur ပြည်နယ် မြို့တော် Nyalaတွင် ပြီးခဲ့သည့်ရက်ပိုင်းက လူမျိုးစု လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူပေါင်း ၅၀ နီးပါး သေဆုံးခဲ့ကြောင်း sudan tribune သတင်းစာ၏ ဩဂုတ် ၁၃ ရက် ထုတ်ပြန်ချက်များရ သိရသည်။

ဒေသခံ လူမျိုးစု နှစ် ခုက ဩဂုတ် ၁၁ ရက်တွင် တိရစ္ဆာန်လုယက်မှုကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ ယနေ့အထိ အနည်းဆုံး လူ ၄၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်ပဋိပက္ခများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး Nyala မြို့နေပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးလျက်ရှိကြောင်း၊ ဒဏ်ရာရသူအများစုမှာ ဆေးကုသမှုလိုအပ်ချက်များကြောင့် စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း မျက်မြင်သက်သေတစ်ဦးက ဖုန်းမှတစ်ဆင့် ဆင်ဟွာကို ပြောကြားခဲ့သည်။

ထို့အပြင် ဆူဒန်စစ်တပ်နှင့် Rapid Support Forces (RSF)က Nyala မြို့နှင့်မြို့တော် ခါတွမ်တွင် ဩဂုတ် ၁၃ ရက်က အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။

ဧပြီလလယ်ပိုင်းမှစ၍ ဆူဒန်တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရာတွင် Darfur ဒေသသည် အဓိက စစ်မြေပြင်များအနက် တစ်ခု ဖြစ်သည်။ (Xinhua)
……………………………….
(Chinese Version)
苏丹南部爆发部族冲突近50人死亡
新华社开罗8月13日电(记者王昊)喀土穆消息:据苏丹《苏丹论坛报》13日报道,该国南达尔富尔州首府尼亚拉日前爆发部族武装冲突,造成近50人死亡。
报道说,当地两个部族11日因争抢牲畜爆发武装冲突,迄今已造成至少47人死亡。目击者在接受新华社记者电话采访时说,武装冲突仍在持续,尼亚拉市区百姓纷纷逃离,很多伤者因缺医少药情况危急。
此外,苏丹武装部队与苏丹快速支援部队13日仍在尼亚拉以及首都喀土穆持续交战。