Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Tran Luu Quang တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Tran Luu Quang တို့ ဩဂုတ် ၁၆ ရက်က ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ရောက်ရှိလာသော ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Tran Luu Quang နှင့် ဩဂုတ် ၁၆ ရက်က ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်(Nguyen Phu Trong)တို့သည် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုကို ထိန်းသိမ်းထားပြီး တရုတ်-ဗီယက်နမ် ဆက်ဆံရေး ကောင်းမွန်၊ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ လမ်းညွှန်မှုနှင့် တွန်းအားများကို ဖြည့်တင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် နောက်တစ်ဆင့် အဆင့်မြင့်ဆက်ဆံရေးအတွက် ကောင်းမွန်စွာ ပြင်ဆင်ထားပြီး မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှု တစ်ဆင့်တိုး နက်ရှိုင်းရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးအာဏာနှင့်စနစ်လုံခြုံရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သလို ပါတီ၏မျှော်မှန်းရာယုံကြည်ချက်နှင့် ဆိုရှယ်လစ်ဝါဒကို အတူခိုင်မာစွာ စောင့်ထိန်းကြရမည်ဖြစ်ကြောင်း၊ ဗီယက်နမ်စသည့် အာဆီယံနိုင်ငံများ၏ အတူတကွ ကြိုးပမ်းမှုဖြင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးများက အပြုသဘော ရလဒ်များ ရရှိလာမည်ဟု မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Tran Luu Quang က တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်မှာ ဗီယက်နမ်နိုင်ငံ သံတမန်ရေးမူဝါဒ၏ အစဉ်အမြဲထိပ်တန်း ဦးစားပေးဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ပြည်ပစွက်ဖက်မှုများကို ဆန့်ကျင်သွားမည် ဖြစ်သလို သတိထားမည်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့် ကူးလူးဆက်ဆံမှုများကို တိုးမြှင့်သွားမည် ဖြစ်ပြီး ကဏ္ဍစုံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေး၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာ၌ အာဆီယံတွင် အခန်းကဏ္ဍတစ်ခုအနေဖြင့် ဆောင်ရွက်သွားလိုကြောင်း Tran Luu Quang က ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)
王毅会见越南副总理陈流光
新华社昆明8月16日电(记者赵珮然)8月16日,中共中央政治局委员、中央外办主任王毅在昆明应约会见来华参加中国-南亚博览会的越南副总理陈流光。
王毅说,习近平总书记和阮富仲总书记保持战略沟通,为中越关系健康稳定发展作出战略指引、注入强劲动力。双方要筹备好下阶段高层往来,进一步深化战略互信,共同维护好政权和制度安全,共同坚守党的理想信念和社会主义方向。期待东亚合作领导人系列会议在越南等东盟国家共同努力下取得积极成果。
陈流光表示,发展对华关系始终是越外交政策头等优先。越南反对并警惕外来干涉,将同中方加强高层往来,深化各领域务实合作。愿在东盟中发挥应有作用,共同维护南海和平稳定,实现共同发展。
1. 8月16日,中共中央政治局委员、中央外办主任王毅在昆明应约会见来华参加中国-南亚博览会的越南副总理陈流光。新华社记者 胡超 摄