Connect with us

China

ဝမ်ရိနှင့် လာအိုနိုင်ငံ ဒုတိယသမ္မတ Pany Yathotou တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် လာအိုနိုင်ငံ ဒုတိယသမ္မတ Pany Yathotou တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် လာအိုနိုင်ငံ ဒုတိယသမ္မတ Pany Yathotou နှင့် ဩဂုတ် ၁၆ ရက်က သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံ ဒုတိယသမ္မတသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပလျက်ရှိသော တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ ပါဝင်တက်ရောက်နေခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် လာအိုနိုင်ငံ ဒုတိယသမ္မတ Pany Yathotou က လာအိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ၊ ပါတီနှစ်ရပ် ထိပ်တန်းခေါင်းဆောင်များရရှိထားသော အရေးကြီးသဘောတူညီချက်များ အကောင်အထည်ဖော်ရေး၊ အဆင့်မြင့်ကူးလူးဆက်ဆံမှုများ တိုးမြှင့်ရေး၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု နက်ရှိုင်းရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ခရီးသွားလုပ်ငန်း၌ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး၊ လာအိုနှင့် တရုတ်ကြား အေးအတူ ပူအမျှ အသိုက်အဝန်းပုံစံ တည်ဆောက်ရေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့သည် တူညီသော အတွေးအခေါ်၊ ရည်မှန်းချက်များရှိသလို ဘုံမဟာဗျူဟာမြောက် အကျိုးစီးပွားများ ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့်အတူ နယ်ပယ်အားလုံး၌ ဘက်စုံပူးပေါင်းဆောင်ရွက်မှု ဆက်လက်ချဲ့ထွင်သွားလိုကြောင်း၊ အရေးပါသော အဆင့်မြင့် သဘောတူညီချက်များကို ထင်သာမြင်သာရှိသော ပူးပေါင်းဆောင်ရွက်မှုရလဒ်များအဖြစ် အကောင်အထည်ဖော်လျက် နှစ်နိုင်ငံပြည်သူများထံ အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Wang Yi meets official from Laos
KUNMING, Aug. 16 (Xinhua) — Wang Yi, director of the Office of the Central Commission for Foreign Affairs, on Wednesday held separate meeting with Lao Vice President Pany Yathotou.
The foreign official is attending the seventh China-South Asia Expo in Kunming, southwest China’s Yunnan Province.
Laos is willing to work with China to implement the important consensus reached by top leaders of the two parties and countries, increase high-level exchanges, deepen political mutual trust, strengthen cooperation on the economy, trade, investment and tourism, and build a model for a community with a shared future between Laos and China, Pany Yathotou said.
Wang said that China and Laos share the same ideals and common strategic interests. China is willing to continue expanding comprehensive cooperation with Laos in all fields, and stands ready to translate the important high-level consensus into tangible cooperation outcomes to bring more benefits to the two peoples.
Photo: Wang Yi, director of the Office of the Central Commission for Foreign Affairs and a member of the Political Bureau of the Communist Party of China Central Committee, meets with Lao Vice President Pany Yathotou in Kunming, southwest China’s Yunnan Province, Aug. 16, 2023. (Xinhua/Hu Chao)