Connect with us

China

ဝမ်ရိနှင့် သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Dinesh Gunawardena တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Dinesh Gunawardena နှင့် ဩဂုတ် ၁၆ ရက်က သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပလျက်ရှိသော တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ ပါဝင်တက်ရောက်နေခြင်းဖြစ်သည်။

Gunawardena က တရုတ်နိုင်ငံက သီရိလင်္ကာနိုင်ငံအား အခက်အခဲများ ရင်ဆိုင်နေရချိန်တွင် အချိန်မီ ထိရောက်သော ကူညီမှုများ ပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ သီရိလင်္ကာအနေဖြင့် တရုတ်နိုင်ငံက အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အရေးကြီးအဆိုပြုချက်များစွာ အကောင်အထည်ဖော်ရာတွင် တရုတ်နှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး စသည့်နယ်ပယ်များ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံနှင့်အတူ နိုင်ငံစီမံအုပ်ချုပ်မှု အတွေ့အကြုံမျှဝေရေးနှင့် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းရန် လုပ်ဆောင်လိုကြောင်း၊ ကြွေးမြီအကျပ်အတည်း စိန်ခေါ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင်ဖော်ဆောင်နိုင်ရေးအတွက် သီရိလင်္ကာ၏ စွမ်းဆောင်မှုကို မြှင့်တင်ရန် ကူညီလိုကြောင်း ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Wang Yi meets official from Sri Lanka

KUNMING, Aug. 16 (Xinhua) — Wang Yi, director of the Office of the Central Commission for Foreign Affairs, on Wednesday held separate meetings with Sri Lankan Prime Minister Dinesh Gunawardena.
The foreign official is attending the seventh China-South Asia Expo in Kunming, southwest China’s Yunnan Province.
Gunawardena said he appreciates China for the timely and effective assistance it provided when Sri Lanka faced difficulties. He said Sri Lanka will work with China to implement a series of important global initiatives proposed by China and looks forward to expanding bilateral cooperation in fields such as economy, trade and investment.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said China is willing to strengthen governance experience sharing with Sri Lanka and cooperation in various fields, help Sri Lanka effectively meet the challenges of financial debt, and enhance its capacity for independent development.
Photo: Wang Yi, director of the Office of the Central Commission for Foreign Affairs and a member of the Political Bureau of the Communist Party of China Central Committee, meets with Sri Lankan Prime Minister Dinesh Gunawardena in Kunming, southwest China’s Yunnan Province, Aug. 16, 2023. (Xinhua/Hu Chao)