Connect with us

Economy

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် ဆောင်ရွက်နိုင်သည့်ကဏ္ဍ များစွာ ရှိသည်ဟု ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် ပြောကြား

၇ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကျင်းပသော ကူမင်း တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာအား ၂၀၂၃ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုတွင် ဆောင်ရွက်နိုင်သည့်ကဏ္ဍ များစွာ ရှိရာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်ဖက်ကုန်သွယ်ရေးသည် နောက်တစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ကူမင်းမြို့၌ ဩဂုတ် ၁၆ ရက်က ကျင်းပသော ၇ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ တက်ရောက်စဉ် ဆင်ဟွာသတင်းဌာန၏ သီးသန့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့ တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ၌ ကျင်းပသော ၇ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ပထမအကြိမ် တောင်အာရှ လက်ဖက်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် လက်ဖက်ကုန်သည်များနှင့်ဝယ်ယူသုံးစွဲသူများ လာရောက်ကြသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၇ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၏ အရှေ့တောင်အာရှ ပြခန်းအား ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ဒါက မြန်မာနိုင်ငံအနေနဲ့ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲမှာ ဒုတိယအကြိမ်မြောက် အဓိကဧည့်သည်တော်နိုင်ငံအဖြစ် ပါဝင်ခြင်း ဖြစ်ပါတယ်” ၊ “ယခုကုန်စည်ပြပွဲကနေ တရုတ်-မြန်မာ နှစ်နိုင်ငံကြား နီးကပ်သည့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကုန်သွယ်ရေးဟာ အနာဂတ်မှာ ပိုမို ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟု ဦးသော်တာအောင်က ဆိုသည်။

ယခုကျင်းပသည့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၏ စီးပွားရေး ဝန်ကြီးများနှင့်အတူ စီးပွားရေးဆိုင်ရာဌာနများမှ တာဝန်ခံများကို စေလွှတ်ခဲ့သလို မြန်မာကုန်သည်လုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်ကို ပြပွဲတွင် ပါဝင်တက်ရောက်ရန် စီစဉ်ခဲ့သည်။ အဓိကအားဖြင့် လယ်ယာထွက်ကုန်၊ စားသောက်ကုန်၊ လက်မှုအနုပညာပစ္စည်းများ၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ၊ ကော်ဖီ၊ လက်ဖက်ခြောက် နှင့် ခေါက်ဆွဲခြောက် စသည့် ထုတ်ကုန်ပစ္စည်းများကို ပါဝင်ပြသခဲ့ကြသည်။

အဓိက ဧည့်သည်တော်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ပြခန်းကို မန္တလေးနန်းတော်နှင့် ရန်ကုန်မြို့တော်ခန်းမအဆောက်အဦကိုအခြေခံ၍ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ရာ အဓိကအားဖြင့် အဖြူရောင်နှင့် ရွှေရောင်ဖြင့် အလှဆင်ထားသည်။ ပြခန်းနေရာတွင် ပထမဆုံးအကြိမ် ဖန်တီးမှုအဖြစ် Glasses-free 3D ဖန်သားပြင်ဖြင့် မာလ်တီ မီဒီယာ နည်းပညာကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့များ ၊ ဒေသထွက်ကုန်ပစ္စည်းတို့ကို ပြသခဲ့သည်။

ဦးသော်တာအောင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်နိုင်ငံ ဖြစ်ကြောင်း ပြောခဲ့သည်။ “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်မှာ ကျောက်ဖြူရေနက်စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှာ ဆောင်ရွက်နိုင်တဲ့ ကဏ္ဍတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူလက်တွဲတည်ဆောက်မှုက မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံအတွက်သာမက နိုင်ငံအများအပြားအား အကျိုးရှိစေသည်ဟု ဦးသော်တာအောင်က ဆိုသည်။

နှစ်နိုင်ငံအနေဖြင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းများကို တည်ဆောက်ခဲ့ရာတွင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ ပူးတွဲကော်မတီ အောက်တွင် ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ် ပိုးလမ်းမ၊ ဂေဟ ပတ်ဝန်းကျင် စသည့် အဓိကကဏ္ဍများအတွက် အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ရှေးယခင်ကတည်းက နှစ်ပေါင်းများစွာ တည်ရှိခဲ့ရာ ခေတ်အဆက်ဆက်တွင် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြောင်း ဦးသော်တာအောင်က ဆိုသည်။ နှစ်နိုင်ငံသည် အေးတူ ပူအမျှ အနေဖြင့် တစ်နိုင်ငံ၏အခက်အခဲကို တစ်နိုင်ငံက ကူညီပြီး အပြန်အလှန် ရိုင်းပင်းကူညီကြတာဟာ ရှေးယခင်ကတည်းကပင် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိပြည်သူများအတွက် ဆေးဝါးပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းလှူဒါန်းမှု အများဆုံး နိုင်ငံဖြစ်ကြောင်း ၊ ယခုလို အခွင့်အခါကြုံခိုက်တွင် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယခုအကြိမ် ကျင်းပသည့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ရာ တရုတ်နိုင်ငံက အဆိုပြုသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အတူ တည်ဆောက်ရေး သည် တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် အားသစ်လောင်းပေးခြင်း ဖြစ်ကြောင်း ၊ ယခုကုန်စည်ပြပွဲမှတစ်ဆင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
缅甸驻昆明总领事多达昂:中缅经济走廊大有可为
新华社昆明8月17日电(记者庄北宁)缅甸驻昆明总领事多达昂16日在昆明参加第七届中国-南亚博览会时接受新华社记者专访说,中缅经济走廊建设大有可为,相信两国之间的合作和双边贸易将得到进一步发展。
“这是缅甸第二次作为主宾国参加南博会,”多达昂说,“通过本届南博会,我相信中缅之间的密切关系、合作和贸易在未来将进一步发展。”
本届南博会,缅甸派遣联邦部长、一些省邦经济部长和经济部门负责人参会,还组织上百名缅甸商户参展,主要展出农产品、食品、工艺品、翡翠、珠宝、咖啡、绿茶和干面条等产品。
缅甸主宾国馆以曼德勒皇宫和仰光市政府大楼建筑为设计元素,以白色和金色为主色调,展区首次创新使用裸眼3D屏,通过多媒体技术手段展示缅甸人文风情、特色商品等。
多达昂说,中国是缅甸最大贸易伙伴和投资来源国。“在中缅经济走廊框架下,皎漂深水港、木姐-曼德勒铁路项目正在推进,双边合作大有可为。”
多达昂说,共建“一带一路”不仅造福中缅两国,对很多国家都有益处。双方建立了一系列双边合作平台,在中缅经济走廊联合委员会下就投资、交通、能源、农业、数字丝绸之路、生态环境等关键领域成立特别工作组。
多达昂说,两国胞波情谊源远流长,是世代友好邻邦。他特别指出,两国长期在对方遇到困难的时候伸出援手,新冠疫情暴发后,中国是向缅甸人民捐赠药品和生活物资最多的国家,借此机会向中国表达感谢。
缅甸商务部长昂乃乌在本届南博会开幕式上致辞说,中国提出的“一带一路”倡议和两国共建中缅经济走廊给中缅全面战略合作伙伴关系注入了新活力,希望能够借助南博会,实现互利共赢。
1. 这是8月7日拍摄的第七届中国—南亚博览会举办地昆明滇池国际会展中心(无人机照片)。新华社记者陈欣波摄
2. 8月17日,第七届中国—南亚博览会首届南亚茶叶节在昆明滇池国际会展中心开幕,吸引了众多茶商和消费者前来品茗、采购。新华社记者陈欣波摄
3. 这是8月16日拍摄的第七届中国—南亚博览会东南亚馆。新华社记者陈欣波摄