Connect with us

China

တရုတ်နိုင်ငံ ဟူပေပြည်နယ် ရွှမ်းအန်းခရိုင်တွင် “ညခရီးသွားကဏ္ဍ စီးပွားရေး”ခေတ်စားလာ

တရုတ်နိုင်ငံ ဟူပေပြည်နယ် ရွှမ်းအန်းခရိုင် ကုန့်ရွှေမြစ်တွင် ဝါးဖောင်စီး၍ ညအလှရှုခင်းများကို ကြည့်ရှုနေကြသော ခရီးသွားများအား ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရွှမ်းအန်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

ညချမ်းအချိန် ရောက်ရှိလာသည့်အခါ တရုတ်နိုင်ငံ ဟူပေပြည်နယ် ရွှမ်းအန်း ခရိုင်မြို့လေး၏ ညခရီးသွားကဏ္ဍက စည်းကားသိုက်မြိုက်လာသည်။

ဟူပေပြည်နယ်၊ အန်းရှီး ထူလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ရွှမ်းအန်း ခရိုင်သည် မြို့ကို ဖြတ်သန်းစီးဆင်းသွားသည့် ကုန်ရွှေမြစ်ကို ဗဟိုပြု၍ “ရှုမျှော်ခင်းနှင့်မြို့ပြ တစ်သားတည်းရှိစေရေး၊ ဒေသခံနှင့်ခရီးသွားဧည့်သည်အတူ ရှုစားနိုင်ရေး ”ဟူသော စိတ်ကူးဖြင့် ခရိုင်မြို့ကို ဗဟိုပြုသည့် 4 A အမျိုးသားအဆင့် ရှုခင်းသာနေရာအဖြစ် တည်ဆောက်ခဲ့သည်။ ညအချိန်အခါ ရောက်ရှိချိန်တွင် မြို့နေပြည်သူများနှင့်ခရီးသွားဧည့်သည်များသည် ချင်းရွှေလျှောက်လမ်းသို့ သွားရောက်လည်ပတ်ကြပြီး ထွန်းလင်းတောက်ပသည့် ညအလှရှုခင်းများကို ရှုစားခြင်း၊ ဒေသထွက် အစားအစာများကို စားသောက်ခြင်း၊ ဝါးဖောင်စီး၍ မြစ်ရိုးတစ်လှောက် လှည့်လည်ခြင်းများ ရှိကြသည်။ ညခရီးသွားကဏ္ဍ စုံလင်လာခြင်းနှင့်အတူ ယင်းတောင်ပေါ်ဒေသ မြို့လေး၏ “ညခရီးသွားကဏ္ဍ စီးပွားရေး”ကို လူကြိုက်များ ရေပန်းစားလာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟူပေပြည်နယ် ရွှမ်းအန်းခရိုင် ကုန့်ရွှေမြစ်တွင် ဝါးဖောင်စီး၍ ညအလှရှုခင်းများကို ကြည့်ရှုနေကြသော ခရီးသွားများအား ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် ရွှမ်းအန်းခရိုင် ကုန့်ရွှေမြစ်တွင် ရေပန်းသရုပ်ပြဖျော်ဖြေမှုများ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

 

…………………………..
(Chinese Version)
湖北宣恩:“夜游经济”火起来
夜幕降临,湖北省宣恩县城的夜游生活也火热开启。
湖北省恩施土家族苗族自治州宣恩县以穿城而过的贡水河为轴心,围绕“景城一体,主客共享”理念,打造以县城为核心的国家4A级风景区。入夜时分,市民和游客逛亲水步道、赏璀璨夜景、品地方小吃、乘竹筏游河。丰富的夜游生活,使这座山区小城的“夜经济”持续火热。新华社记者 程敏 摄
1,2. 8月18日,游客在湖北省宣恩县贡水河上乘坐竹筏欣赏夜色。
3. 8月18日,贡水河上演喷泉表演(无人机照片)。