Connect with us

China

တရုတ်နိုင်ငံက ဒစ်ဂျစ်တယ်စီးပွားရေး မြှင့်တင်ရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ကျုံးကွမ်းချွမ်း လွတ်လပ်သော ဆန်းသစ်တီထွင်မှုသရုပ်ပြဇုန်၊ ပြခန်းစင်တာတွင် စွမ်းအင်သစ်နှင့် အသိဉာဏ်ချိတ်ဆက်ထားသော မော်တော်ယာဉ်များ ပြသထားသည်ကို ၂၀၂၃ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၏ ဒစ်ဂျစ်တယ်စီးပွားရေး တန်ဖိုးမြှင့်ထုတ်ကုန်သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ယွမ် ၉၁၈.၀၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၇.၅ ဘီလီယံခန့်) အထိ ရောက်ရှိလာခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ၈.၇ ရာခိုင်နှုန်းရှိကာ ယင်းမြို့ဂျီဒီပီ၏ ၄၄.၅ ရာခိုင်နှုန်းရှိကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်စီးပွားရေးသည် ပေကျင်းမြို့တွင် တက်ကြွမှုအရှိဆုံး စီးပွားရေးတိုးတက်မှုမောင်းနှင်အားသစ်နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားသစ်ဖြစ်ကြောင်း ပေကျင်းမြို့တော် စီးပွားရေးနှင့် သတင်းအချက်အလက်နည်းပညာဗျူရို လက်ထောက်အကြီးအကဲ ဝမ်လေက ပြောခဲ့သည်။
ထို့ပြင် ပေကျင်းမြို့သည် ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်မှု မြှင့်တင်ရန် မူဝါဒနှင့် စည်းမျဉ်းသတ်မှတ်ချက်များစွာ ထုတ်ပြန်ထားကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးပမာဏသည် ယွမ် ၅၀.၂ ထရီလီယံ တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံ၏ ဂျီဒီပီတွင်လည်း ဒစ်ဂျစ်တယ်စီးပွားရေး ဈေးကွက်ဝေစုမှာ ၄၁.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး တိုးတက်မှုနှင့် အသွင်ကူးပြောင်းမှု တည်ငြိမ်ရေးအတွက် အရေးပါသော အင်ဂျင်တစ်ခုလည်း ဖြစ်လာခဲ့သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ဒစ်ဂျစ်တယ်စီးပွားရေး အဓိကနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လျက်ရှိသလို ဒစ်ဂျစ်တယ်နည်းပညာများနှင့် စက်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းဆိုင်ရာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် အချက်အလက်လိုအပ်ချက်များ စသည့်နယ်ပယ်များ၌ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို တက်ကြွစွာ အမိအရဖမ်းဆုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
Beijing steps up efforts to boost digital economy
BEIJING, Aug. 19 (Xinhua) — The added value of Beijing’s digital economy reached 918.05 billion yuan (about 127.5 billion U.S. dollars) in the first half of 2023, up 8.7 percent year on year, accounting for 44.5 percent of the city’s GDP, local authorities said.
The digital economy has become the most dynamic new growth driver and a new engine for high-quality development in Beijing, said Wang Lei, deputy head of the Beijing Municipal Bureau of Economy and Information Technology.
Wang added that Beijing has enacted and issued a series of policies and regulations to boost the development of the digital economy.
In 2022, the scale of China’s digital economy grew to 50.2 trillion yuan. The share of the digital economy in the country’s GDP rose to 41.5 percent, making it an important engine for stable growth and transformation.
Currently, countries around the world are accelerating the development of key areas of the digital economy, and actively seizing development opportunities in fields such as digital technologies and industries, industrial digitalization and data elements.
Photo: This photo taken on May 26, 2023 shows new energy and intelligent connected vehicles displayed at the exhibition center of Zhongguancun National Independent Innovation Demonstration Zone in Beijing, capital of China. (Xinhua/Ren Chao)