Connect with us

China

တရုတ်နိုင်ငံက စားနပ်ရိက္ခာဖူလုံရေးအတွက် တာဝန် ၈ ခု အဆိုပြု

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ဟန်ရွှေမြို့၊ ဖုချိန်ခရိုင်၊ ချန်ကျွင်မန်ကျေးရွာရှိ လယ်ကွင်းများတွင် ဂျုံများရိတ်သိမ်းနေသော လယ်သမားတစ်ဦးကို ၂၀၂၁ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုစနစ် နှင့် စွမ်းဆောင်ရည်မြှင့်တင်မှု အားကောင်းရေး၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာကာကွယ်ရေး ပံ့ပိုးမှုတိုးမြှင့်ရေး၊ ခေတ်မီစားနပ်ရိက္ခာလုပ်ငန်းနှင့် လည်ပတ်မှုစနစ် တည်ဆောက်ခြင်း အရှိန်မြှင့်တင်ရေး စသည်တို့အပါအဝင် နိုင်ငံစားနပ်ရိက္ခာဖူလုံရေးအတွက် လုပ်ငန်းတာဝန် ၈ ရပ် အဆိုပြုခဲ့ကြောင်း နိုင်ငံတော်ကောင်စီ၏ လတ်တလောထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံစားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ လုပ်ငန်းအစီရင်ခံစာကို သုံးသပ်ရန် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုလွှတ်တော်ဖြစ်သော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးသို့ ဩဂုတ် ၂၈ ရက်က တင်သွင်းခဲ့သည်။
တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်ရေးသည် မကြာသေးမီနှစ်များအတွင်း ဈေးကွက်ရောင်းချမှု ပြည့်မီကာ ပုံမှန်အားဖြင့် တည်ငြိမ်စွာလည်ပတ်ခြင်းနှင့်အတူ ပုံမှန်တိုးတက်လျက်ရှိသည်။
တရုတ်နိုင်ငံ၏ နှစ်စဉ် စားနပ်ရိက္ခာ ထုတ်လုပ်မှုသည် ၈ နှစ်ဆက်တိုက် ကီလိုဂရမ် ၆၅၀ ဘီလီယံ ကျော်လွန်ခဲ့သည်။ ယမန်နှစ်ကလည်း တရုတ်နိုင်ငံ၏ စုစုပေါင်း စားနပ်ရိက္ခာထုတ်လုပ်မှုအနေဖြင့် ကီလိုဂရမ် ၆၈၆.၅၅ ဘီလီယံရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။ (Xinhua)

………………………………
(English Version)
China proposes 8 tasks to ensure food security

BEIJING, Aug. 28 (Xinhua) — China has proposed eight tasks to ensure national food security, including strengthening the country’s food security system and capacity-building, increasing support for agricultural protection, and accelerating the construction of a modern food industry and circulation system, according to a recent report from the State Council.
The report on work to ensure national food security was submitted to the fifth session of the Standing Committee of the 14th National People’s Congress, China’s top legislature, for deliberation on Monday.
In recent years, China’s food production has been expanding steadily, with adequate market supply and generally stable operations.
China’s annual grain output has topped 650 billion kg for eight consecutive years. Last year, the country’s total grain output was 686.55 billion kg, according to the report.
Photo: A farmer harvests wheat in the fields of Qianzhuanmen Village, Fucheng County, Hengshui City, north China’s Hebei Province, June 13, 2021. (Xinhua/Zhu Xudong)