Connect with us

China

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံ ဟဲပေပြည်နယ်တွင် လူပေါင်း ၂.၂ သန်းကျော် ရေဘေးဒဏ်သင့်ခဲ့

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ကျောကျိုးမြို့ ရေဘေးဒဏ်ဆိုးရွားစွာ ခံစားနေရသော မာထိုမြို့နယ် ဆားဝေကျေးရွာတွင် ကွေ့ကျိုး Blue Sky ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပိတ်မိနေသောရွာသားတစ်ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှီကျားကျွမ်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဟဲပေပြည်နယ်ရှိ ခရိုင် ၉၈ ခု ၊ မြို့နယ်နှင့်ကျေးရွာပေါင်း ၈၈၃ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂.၂၂၂၉ သန်း ကျော် ရေဘေးဒဏ်သင့်ခဲ့ကြောင်း တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရေဘေးကာကွယ်ရေး နှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေး ညွှန်ကြားမှုဌာန၏ ဩဂုတ် ၅ ရက် ပြောကြားချက်များအရ သိရသည်။

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ကျောကျိုးမြို့တွင် လူထုအား လှေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရေဘေးဒဏ်သင့်ဒေသများတွင် ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန်အတွက် ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီအထိ ဟဲပေပြည်နယ်သို့ စေလွှတ်ထားသော လုပ်ငန်းအဖွဲ့ စုစုပေါင်း ၃,၃၈၅ ဖွဲ့၊ စုစည်းထားသောအထောက်အပံ့ပစ္စည်း တန်ဖိုး ယွမ် သန်းပေါင်း ၁၅၀ ၊ ရေကြီးရေလျှံ၊ ရေဝပ်သောနေရာမှ ရွှေ့ပြောင်းပေးခဲ့ရသူ ၉၆၁,၂၀၀ ဦး အပါအဝင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သူ ၁.၅၄၀၂ သန်း ရှိကြောင်း သိရသည်။

ကျောကျိုးမြို့တွင် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ဟဲပေပြည်နယ် အလွှာအသီးသီးက ကူညီကယ်ဆယ်ရေး အင်အားများကို ချိတ်ဆက်ပူးပေါင်း၍ အားဖြည့်ဆောင်ရွက်ခဲ့ကြကြောင်း ၊ လက်ရှိ ကျောကျိုးမြို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွင် အရေးပေါ်ကယ်ဆယ်ရေး ကျွမ်းကျင်အဖွဲ့ ၃၀၀ ကျော်၊ လူပေါင်း ၆,၉၁၃ ဦး ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………………..
(Chinese Version)
强降雨已造成中国河北220多万人受灾
新华社石家庄8月5日电(记者巩志宏)记者5日从中国河北省防汛抗旱指挥部了解到,受强降雨影响,河北省已有98个县区883个乡镇遭受洪涝灾害,受灾人口222.29万人。
为加强受灾地区防汛救灾工作,截至8月4日8时,河北省累计派出3385个工作组,调动物资价值1.5亿元,转移群众154.02万人,其中蓄滞洪区转移96.12万人。
涿州发生汛情后,河北省加强各级救援力量协调联动,目前共有各类专业应急救援力量300余支、6913人参与涿州现场救援。
1. 8月4日,在河北省涿州市汛情重灾区码头镇沙窝村,贵州蓝天救援队队员在转移受困村民。
2. 8月2日,救援人员在涿州市内乘冲锋舟救援转移群众。