Connect with us

China

အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်၏ စစ်ရေးဖြန့်ကျက်မှု အရှိန်မြှင့်နေခြင်းအပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် စစ်ဘက်ဆက်ဆံရေးအပေါ် သတင်းထောက်များ၏ မေးမြန်းချက်ကို တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ဩဂုတ် ၃၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “အမေရိကန်က ဂူအမ်ကျွန်းမှာ မြေပြင်မှ ဝေဟင်ပစ် ကြားဖြတ်ဒုံးကျည်၊ ရေဒါ စသည့် လေကြောင်းရန်ကာကွယ်ရေးကိရိယာ တပ်ဆင်တဲ့ နေရာသစ် ၂၀ ထပ်တိုး ထားရှိသွားမှာ ဖြစ်ရာ ဒေသ တည်ငြိမ်အေးချမ်းရေးအပေါ် ခြိမ်းခြောက်မှုကြီး ဖြစ်စေတယ်လို့ အမေရိကန် မီဒီယာများရဲ့ သတင်းတွေအရ သိရပါတယ်။ ထို့အပေါ် ဘယ်လိုသုံးသပ်ပြောကြားလိုပါသလဲ” ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဝူချန်းက အမေရိကန်အနေဖြင့် ခြိမ်းခြောက်မှု ရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် အာရှ-ပစိဖိတ် အရှေ့ပိုင်းတွင် ဆက်တိုက် စစ်ရေး ဖြန့်ကျက်နေခြင်းသည် အခြားနိုင်ငံ၏လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေသလို ဒေသတွင်း တင်းမာမှုများ မြင့်မားလာအောင် တွန်းပို့ခြင်း ဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်များတွင် အမေရိကန်က ပဲ့ထိန်းဒုံးကျည် ဆန့်ကျင်ရေး စာချုပ်(ABM)၊ တာလတ်ပစ်နျူကလီးယားဒုံးကျည်ဆိုင်ရာ သဘောတူစာချုပ် (INF) စသည့် စစ်လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ နုတ်ထွက်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ဒုံးခွင်းဒုံးစနစ်များ ဖြန့်ကျက်မှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ၊ ဥရောပတိုက်နှင့် အာရှ-ပစိဖိတ် ဒေသတွင် မြေပြင်အခြေစိုက် တာလတ်ပစ် ဒုံးကျည်များကို ဖြန့်ကျက်၍ မိမိ၏ အပြည့်အဝ လုံခြုံရေးနှင့် တစ်ဖက်သတ် စစ်ရေး အားသာမှုကိုသာ ကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းသည် လက်တွေ့တွင် ပဋိပက္ခ၊ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနိုင်သည့်အန္တရာယ် ဖြစ်ကြောင်း ဝူချန်းက ပြောကြားခဲ့သည်။

“ဂူအမ်ကျွန်း လုံခြုံမှု ရှိမရှိက အမေရိကန် ဘယ်လိုနေရာက ပါဝင်လဲဆိုတာပေါ်မှာ မူတည်တယ်။ ဂူအမ်ကျွန်းကို စစ်ပွဲရဲ့ ‘ကင်းစခန်း’အနေနဲ့ တည်ဆောက်မယ်ဆိုရင် လက်နက်အပြည့်အစုံ တပ်ဆင်ထားရင်တောင်မှ လုံခြုံတယ်လို့ ပြောလို့မရဘူး” ဟု ဝူချန်းက ပြောကြားခဲ့သည်။

ဝူချန်းက မိမိတို့အနေဖြင့် အမေရိကန်အား ခေတ်ဟောင်းက သူနိုင်၊ ကိုယ်နိုင် ယှဉ်ပြိုင်ရသည့် စစ်အေးခေတ် အတွေးအခေါ်နှင့် သေးသိမ်ကျဉ်းမြောင်းသည့် ပထဝီနိုင်ငံရေးအမြင်ကို စွန့်လွှတ်ပြီး ကမ္ဘာနှင့်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးရှိစေမည့်အရာများကို ပို၍ လုပ်ဆောင်စေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
中方坚决反对美方持续推进亚太前沿军事部署
新华社北京8月31日电(记者郭明芝)国防部新闻局局长、国防部新闻发言人吴谦8月31日在例行记者会上,就中美两军关系等答记者问。
有记者问,据美媒报道,美国将在关岛新增20处配备地对空拦截导弹、雷达等设备的防空阵地,将对地区和平与稳定造成较大威胁。请问发言人对此有何评论?
吴谦说,美方以莫须有的威胁为借口,持续推进亚太前沿军事部署,损害他国安全利益,推高地区紧张局势,中方对此坚决反对。近年来,美方陆续退出《反导条约》《中导条约》等军控条约,持续推进部署全球反导系统,谋求在欧洲和亚太地区部署陆基中导,追求自身绝对安全和绝对军事优势,实际上是在制造冲突对抗的风险隐患。
“关岛安全与否,取决于美方想让它扮演什么角色。要是把关岛打造成发动战争的‘前哨基地’,那么即便是武装到牙齿,也不会有任何安全可言。”吴谦说,我们希望美方摒弃陈旧的冷战零和思维和狭隘的地缘政治观念,多做有利于世界与地区和平稳定的事情,而不是相反。