Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးများ တက်ရောက်ရန်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရန်ရှိ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကတိသစ္စာပြုနေသော ဝန်ကြီးချုပ် လီချန်ကို ၂၀၂၃ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် လက်ရှိ အာဆီယံ ဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို၏ ဖိတ်ကြားချက်အရ ၂၆ ကြိမ်မြောက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပမည့် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ ၂၆ ကြိမ်မြောက် ASEAN Plus Three (APT) ထိပ်သီးအစည်းအဝေးနှင့် ၁၈ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများ တက်ရောက်ရန်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် သွားရောက်ရန် ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက စက်တင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese Premier to attend Leaders’ Meetings on East Asia Cooperation, pay official visit to Indonesia
BEIJING, Sept. 1 (Xinhua) — At the invitation of President Joko Widodo of Indonesia, the current ASEAN chair, Premier of China’s State Council Li Qiang will attend the 26th China-ASEAN Summit, the 26th ASEAN Plus Three (APT) Summit and the 18th East Asia Summit to be held in Jakarta, Indonesia from September 5 to 8, and pay an official visit to Indonesia, Foreign Ministry Spokesperson Wang Wenbin announced Friday.
Photo: Newly appointed Chinese Premier Li Qiang makes a public pledge of allegiance to the Constitution at the Great Hall of the People in Beijing, capital of China, March 11, 2023. (Xinhua/Pang Xinglei)