Connect with us

Asia

မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ရုရှားနယ်စပ် ခါဆန်မြို့သို့ ရောက်ရှိလာ

မြောက်ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြောက်ကိုရီးယား နိုင်ငံတော်ရေးရာ ဥက္ကဋ္ဌ ကင်ဂျုံအန်းက ပြုံယမ်းမြို့တွင် အခမ်းအနား တက်ရောက်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားနိုင်ငံ နယ်စပ်မြို့ဖြစ်သော ခါဆန်သို့ စက်တင်ဘာ ၁၂ ရက်က ရောက်ရှိလာခဲ့ကြောင်း Korean Central News Agency (KCNA) က စက်တင်ဘာ ၁၃ ရက်၌ သတင်းဖော်ပြခဲ့သည်။

ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတော်ရေးရာ ဥက္ကဋ္ဌလည်းဖြစ်သူ ကင်သည် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မြောက်ကိုရီးယား-ရုရှားဆက်ဆံရေးအား ပိုမိုကောင်းမွန် မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ရန် တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခြင်းဖြစ်ကြောင်း KCNA က ဆိုသည်။
ကင်စီးနင်းလိုက်ပါလာသော ကိုယ်ပိုင်ရထားသည် ဒေသစံတော်ချိန် နံနက် ၆ နာရီက ခါဆန်ဘူတာရုံသို့ ဝင်ရောက်လာခဲ့ကြောင်း သတင်းက ဖော်ပြထားသည်။

ခါဆန်ဘူတာ ကြိုဆိုဧည့်ခံရေးအခန်းတွင် ရုရှားတာဝန်ရှိသူများနှင့် ဆွေးနွေးနေစဉ် ကင်က ရုရှားနိုင်ငံသို့ ခရီးစဉ်သည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေး၏ မဟာဗျူဟာမြောက် အရေးပါမှုကို ဦးစားပေးသည့် မြောက်ကိုရီးယား အာဏာရပါတီနှင့် အစိုးရ၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရသည်။ (Xinhua)

…………………………………..
(English Version)
DPRK top leader arrives at Russian border town Khasan
SEOUL, Sept. 13 (Xinhua) — Kim Jong Un, top leader of the Democratic People’s Republic of Korea (DPRK), arrived at the Russian border town of Khasan early Tuesday, the Korean Central News Agency (KCNA) reported Wednesday.
Kim, general secretary of the Workers’ Party of Korea and president of the State Affairs of the DPRK, is paying an official visit to the Russian Federation to put the DPRK-Russia relations of friendship and cooperation to a fresh higher level, KCNA said.
Kim’s private train entered the yard of the Khasan Railway Station at 6:00 a.m. local time, according to the report.
During talks with Russian officials in the reception room of the railway station, Kim said that the visit to Russia, his first foreign visit since the COVID-19 pandemic, is a clear manifestation of the stance of the ruling party and the government of the DPRK prioritizing the strategic importance of the DPRK-Russia relations, the report said.
Photo: Kim Jong Un, general secretary of the Workers’ Party of Korea and president of the State Affairs of the Democratic People’s Republic of Korea (DPRK), attends the celebration in Pyongyang, capital of the DPRK, Sept. 8, 2023. (KCNA via Xinhua)