Connect with us

International Organizations

ဗင်နီဇွဲလားနိုင်ငံအပေါ် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ဖျက်သိမ်းရန် လူ့အခွင့်အရေးကောင်စီတွင် တရုတ်သံအမတ်ကြီး တိုက်တွန်း

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၄ ကြိမ်မြောက် အစည်းအဝေး အခမ်းအနားအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ၏ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ပေးမှုအတွက် ကြိုးပမ်းမှုများကို တန်ဖိုးထားကြောင်း၊ နိုင်ငံအချို့၏ ဗင်နီဇွဲလားနိုင်ငံအပေါ် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်းဖျက်သိမ်းရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြားနိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ် သံအမတ်ကြီး ချန်ရွှိက စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်းစီ ၅၄ ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ချန်ရွှိက တရုတ်နိုင်ငံ အနေဖြင့် ဗင်နီဇွဲလားနိုင်ငံ အစိုးရ၏ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးတွက် ကြိုးပမ်းမှုများနှင့် အောင်မြင်မှုရလဒ်များကို တန်ဖိုးထားကြောင်း ၊ ဗင်နီဇွဲလားနိုင်ငံ အစိုးရနှင့် ပြည်သူများက နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းခြင်း၊ ပြည်သူ့စားဝတ်နေရေး ကောင်းမွန်အောင် ပြောင်းလဲနေခြင်းအပေါ် ဆက်လက် အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံက မိမိနိုင်ငံနှင့်ကိုက်ညီသည့် လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ မိမိနိုင်ငံပြည်သူများ၏လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ကာကွယ်ခြင်းအပေါ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဗင်နီဇွဲလားနိုင်ငံ၏ သဘောတူညီမှု မရှိသေးသည့် အခြေအနေတွင် ဗင်နီဇွဲလားနှင့်သက်ဆိုင်သည့် စုံစမ်းစစ်ဆေးရေးယန္တရားလုပ်ပိုင်ခွင့်ကို သက်တမ်းတိုးပေးခြင်းသည် ဗင်နီဇွဲလား၏ လက်ရှိ ကြုံတွေ့နေရသည့်အခက်အခဲဖြေရှင်းမှုအတွက် အထောက်အကူ မဖြစ်ကြောင်း ချန်ရွှိက ပြောကြားခဲ့သည်။

နိုင်ငံအချို့က ဗင်နီဇွဲလားနိုင်ငံအပေါ် ရေရှည် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများက ဗင်နီဇွဲလားနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးရွားသည့် အတားအဆီး ဖြစ်စေသလို ဗင်နီဇွဲလားပြည်သူများ၏ လူ့အခွင့်အရေးနှင့်အသက်မွေးဝမ်းကြောင်းအပေါ် ပြင်းထန်စွာ ထိခိုက်စေကြောင်း၊ ထို့အပေါ် လူ့အခွင့်အရေးကောင်စီအနေဖြင့် အထူးဂရုပြုသင့်ရာ ဗင်နီဇွဲလားနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း ချန်ရွှိက ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
中国大使在人权理事会呼吁取消对委内瑞拉单边强制措施
新华社日内瓦9月25日电中国常驻联合国日内瓦办事处和瑞士其他国际组织代表陈旭大使25日在联合国人权理事会第54届会议上发言,赞赏委内瑞拉为促进和保障人权所作努力,呼吁个别国家立即取消针对委内瑞拉的单边强制措施。
陈旭表示,中方赞赏委内瑞拉政府为促进和保障人权所作努力和取得的成就,将继续支持委政府和人民捍卫国家主权和民族尊严、改善民生,支持委内瑞拉走符合本国国情的人权发展道路,更好地促进和保护本国人民人权。
陈旭指出,人权理事会多次在未经委内瑞拉同意的情况下,延长涉委内瑞拉调查机制授权,这无助于解决委当前面临的困难。个别国家对委长期实施非法单边强制措施,严重阻碍委经济社会发展,严重损害委人民人权和生计。人权理事会对此应予以高度关注,敦促有关方面立即取消针对委的单边强制措施。
1. 这是9月20日在瑞士日内瓦拍摄的联合国人权理事会第54届会议现场。