Connect with us

China

သမ္မတ ရှီကျင့်ဖိန် ကျဲ့ကျန်းပြည်နယ်တွင် လေ့လာစစ်ဆေးကြည့်ရှုပြီးနောက် ပေကျင်းမြို့သို့ အပြန်လမ်းခရီးတွင် ဆန်းတုန်းပြည်နယ် ကျောင်ကျွမ်းမြို့သို့ သွားရောက် လေ့လာစစ်ဆေးခဲ့

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ နိုင်ငံတော် သမ္မတ ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ကျဲ့ကျန်းပြည်နယ် ကျင်းဟွာမြို့ ၊ ရိဝူးမြို့ လီချွန်းကျေးရွာတွင် ပြည်သူလူထုနှင့်ရင်းနှီးစွာ တွေ့ဆုံနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး/ကျောင်ကျွမ်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ နိုင်ငံတော် သမ္မတ ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာသေးမီရက်များက ကျဲ့ကျန်းပြည်နယ်တွင် လေ့လာစစ်ဆေးကြည့်ရှုခဲ့သည်။

ထိုသို့ သွားရောက်ကြည့်ရှုရာတွင် ရှီကျင့်ဖိန်က ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို ဘက်စုံတိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းသစ်ကို ဗဟိုပြုတည်ဆောက်ရန်၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်၊ အတူကြွယ်ဝချမ်းသာရေး သရုပ်ပြဇုန်တည်ဆောက်မှုကို အာရုံစိုက်ဆောင်ရွက်ရန်၊ ခေတ်သစ်တွင် တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒစနစ်၏ သာလွန်ကောင်းမွန်မှုများကို ဘက်စုံပြသရာ ပြတင်းပေါက်အဖြစ် တည်ဆောက်ရန်၊ အစီအစဉ်များကို အဆုံးထိ အခိုင်အမာ အကောင်အထည်ဖော်ရန်၊ “အားသာချက် ၈ ရပ်ဖြင့် ကဏ္ဍ ၈ ရပ် တွန်းအားပေးဆောင်ရွက်ရေး မဟာဗျူဟာ” ကို ထဲထဲဝင်ဝင် လက်တွေ့ကျစွာ ဆက်လက်တွန်းအားပေး ဆောင်ရွက်ရန်၊ အစဉ်အမြဲ လက်တွေ့ ရှေ့ဆောင်ကြိုးပမ်းကာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရာတွင် ကျဲ့ကျန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် အလေးထား ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ နိုင်ငံတော် သမ္မတ ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဆန်းတုန်းပြည်နယ် ကျောင်ကျွမ်းမြို့ ရိချိန်ခရိုင် ကွမ့်စိ တလည်းသီး ဥယျာဉ်တွင် တလည်းသီးထုတ်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအား ကြည့်ရှုလေ့လာနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ နိုင်ငံတော် သမ္မတ ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဆန်းတုန်းပြည်နယ် ကျောင်ကျွမ်းမြို့ ရိချိန်ခရိုင် ကွမ့်စိ တလည်းသီး ဥယျာဉ်တွင် ဒေသခံများနှင့် ရင်းနှီးစွာ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ နိုင်ငံတော် သမ္မတ ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဆန်းတုန်းပြည်နယ် ကျောင်ကျွမ်းမြို့ ရိချိန်ခရိုင် ကွမ့်စိ တလည်းသီး ဥယျာဉ်တွင် ဒေသခံများနှင့် ရင်းနှီးစွာ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီကျင့်ဖိန်သည် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်အတွင်း ကျဲ့ကျန်းပြည်နယ်ကော်မတီ အတွင်းရေးမှူး လျန့်ဟုန် ၊ ပြည်နယ်မှူး ဝမ်ဟောက်နှင့်အတူ ကျင်းဟွာ၊ ရှောက်ရှင်း စသည့် နေရာများရှိ ကျေးလက်၊ ကုန်သွယ်စီးပွားဈေးကွက်၊ ပြခန်း၊ ယဉ်ကျေးမှုဥယျာဉ်များသို့ သွားရောက်လေ့လာစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက် ညနေပိုင်း ပေကျင်းမြို့သို့ အပြန်ခရီးစဉ်တွင် ရှီကျင့်ဖိန်သည် ဆန်းတုန်းပြည်နယ် ကော်မတီ အတွင်းရေးမှူး လျင်ဝူ၊ ပြည်နယ်မှူး ကျိုးနိုင်ရှန်တို့နှင့်တူ ကျောင်ကျွမ်းမြို့သို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။

ကျောင်ကျွမ်းမြို့သည် တရုတ်နိုင်ငံတွင် တလည်းသီး စိုက်ပျိုးမှုဧရိယာ အများဆုံး၊ အမျိုးအစား အများဆုံး ၊ ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက် ပြည့်စုံမှုအရှိဆုံး ဒေသများအနက် တစ်ခု ဖြစ်သည်။

ရှီကျင့်ဖိန်သည် ရိချိန်ခရိုင် ကွမ့်စိ တလည်းသီးဥယျာဉ် တလည်းသီးမျိုးစေ့အရင်းအမြစ်ဂိုဒေါင်တွင် အသီးမျိုးစေ့များကို သွားရောက်လေ့လာကြည့်ရှုခဲ့သလို ယင်းဒေသ၏ တလည်းသီး စိုက်ပျိုးသည့် သမိုင်း၊ မျိုးစေ့အရင်းအမြစ် စုစည်းထိန်းသိမ်းမှုနှင့် ထုတ်ကုန်လုပ်ငန်းတိုးတက်မှု အခြေအနေများကို ကြည့်ရှုခဲ့ပြီး ဒေသခံများအား ယခုနှစ် တလည်းသီး စိုက်ပျိုးမှု၊ ဆွတ်ခူးမှုနှင့် ဝင်ငွေရရှိမှုအခြေအနေများအား မေးမြန်းခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
习近平在浙江考察时强调 始终干在实处走在前列勇立潮头 奋力谱写中国式现代化浙江新篇章 返京途中在山东枣庄考察
新华社浙江杭州/山东枣庄9月25日电 中共中央总书记、国家主席、中央军委主席习近平近日在浙江考察时强调,要完整准确全面贯彻新发展理念,围绕构建新发展格局、推动高质量发展,聚焦建设共同富裕示范区、打造新时代全面展示中国特色社会主义制度优越性的重要窗口,坚持一张蓝图绘到底,持续推动“八八战略”走深走实,始终干在实处、走在前列、勇立潮头,奋力谱写中国式现代化浙江新篇章。
9月20日至21日,习近平在浙江省委书记易炼红和省长王浩陪同下,先后来到金华、绍兴等地,深入农村、商贸市场、陈列馆、文化园区等进行调研。
9月24日下午,在返京途中,习近平在山东省委书记林武和省长周乃翔陪同下来到枣庄市考察。枣庄是我国石榴集中连片种植面积最大、品种最多、产业链最完整的地区之一。习近平来到位于峄城区的冠世榴园石榴种质资源库,察看石榴树种,了解当地石榴种植历史、种质资源收集保存和产业发展情况,并来到石榴种植园中向老乡们询问今年石榴种植、收获和收入情况。
1. 9月20日至21日,中共中央总书记、国家主席、中央军委主席习近平在浙江考察。这是20日上午,习近平在金华市义乌市后宅街道李祖村考察时,同群众亲切交流。新华社记者李学仁摄
2. 9月24日,中共中央总书记、国家主席、中央军委主席习近平在浙江考察结束返京途中,来到山东省枣庄市考察。这是习近平在位于峄城区的冠世榴园石榴种植园了解石榴产业发展情况。
3. 9月24日,中共中央总书记、国家主席、中央军委主席习近平在浙江考察结束返京途中,来到山东省枣庄市考察。这是习近平在位于峄城区的冠世榴园石榴种植园同老乡们亲切交流。新华社记者燕雁摄