Connect with us

Sino-Myanmar

CITIC Consortium ၏ “ကျောက်ဖြူ အနာဂတ်” ပရဟိတ စီမံကိန်းများဆိုင်ရာ လူထုတွေ့ဆုံပွဲအား ကျောက်ဖြူမြို့ လူငယ်စင်တာတွင် ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

“ကျောက်ဖြူ အနာဂတ်” ပရဟိတ လုပ်ငန်းများဆိုင်ရာ လူထုတွေ့ဆုံပွဲကို စက်တင်ဘာ ၂ ရက် ညနေပိုင်းက ကျောက်ဖြူမြို့ လူငယ်စင်တာတွင် အောင်မြင်စွာ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီးပွားရေးသံမှူး Ouyang Daobing ၊ ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးဦးသန်းမြင့်၊ စီမံကိန်းပူးပေါင်းဆောင်ရွက်သူများဖြစ်သည့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Rural Development) ၊ Kunming Zhi Gen လူမှုရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့မှ တာဝန်ရှိသူများ ၊ CITIC Myanmar မန်နေဂျင်းဒါရိုက်တာ Liang Chuanxin ၊ ဒုတိယ မန်နေဂျင်း ဒါရိုက်တာ Ma Chuanfu၊ ကျောက်ဖြူ လူမှုအသိုက်အဝန်းအသီးသီးမှ ကိုယ်စားလှယ်များ စသည့် လူပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

CITIC Myanmar ဒုတိယ မန်နေဂျင်း ဒါရိုက်တာ Ma Chuanfuက မကြာမီ စတင်တော့မည့် “ကျောက်ဖြူ အနာဂတ်” စီမံကိန်းများ ဖြစ်သည့် ရွေ့လျားဆေးခန်း စီမံကိန်း(Mobile Clinic) ၊ အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ စီမံကိန်း (Smiling Children Program) ၊ တရုတ်ဘာသာစကား သင်တန်း စီမံကိန်း ၊ ဒီရေတော  စိုက်ပျိုးရေး စီမံကိန်း (Mangrove Planting) စသည့် ပရဟိတ စီမံကိန်း ၄ ခု၏ အခြေအနေနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ပရဟိတစီမံကိန်း တာဝန်ခံအသီးသီးက ယခုကဲ့သို့ ကုသိုလ်ဖြစ် စီမံကိန်းများ ပြုလုပ်ရသည့် ရည်ရွယ်ချက်၊ အကြောင်းအရာနှင့် အစီအစဉ်များကို မိတ်ဆက်ပြောကြားခဲ့သည်။

ကျောက်ဖြူဒေသခံကိုယ်စားလှယ်များကလည်း CITIC အနေဖြင့် ကျောက်ဖြူတွင် ရေရှည် ကုသိုလ်ဖြစ်စီမံကိန်းများ ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လူမှုတာဝန်ထမ်းဆောင်ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သလို ယင်းစီမံကိန်းများအပေါ် အပြုသဘောအကြုံပြုချက်များ ပေးခဲ့ကြရာ ဒေသခံပြည်သူများ ပို၍အကျိုးခံစားမှုရရှိစေရန် ကုသိုလ်ဖြစ်စီမံကိန်းများကို ပို၍ ကျယ်ပြန့်စွာ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

CITIC Myanmar မန်နေဂျင်းဒါရိုက်တာ Liang Chuanxin က “ကျောက်ဖြူ အနာဂတ်” ပရဟိတ စီမံကိန်းများကို ပံ့ပိုးပေးကြသော ဒေသခံအစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ လူမှုအသိုက်အဝန်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် စီမံကိန်း ဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ကြသော မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ CITIC Consortium ရင်းနှီးမြှုပ်နှံသည့် ကျောက်ဖြူ အထူးစီးပွားရေး စီမံကိန်းသည် ရေရှည် ဖော်ဆောင်လျက်ရှိသည့် အကြီးစား အခြေခံအဆောက်အဦ စီမံကိန်းဖြစ်ပြီး ကျောက်ဖြူ၌ တည်ရှိသည့်စီမံကိန်းက ကျောက်ဖြူကို အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း CITIC အနေဖြင့် ဒေသခံပြည်သူလူထုနှင့်အတူ အခက်အခဲများကို အေးအတူ ပူအမျှ အတူဖြတ်သန်း၍ ကျောက်ဖြူကို ပို၍ သာယာဝပြောသည့် ဆိပ်ကမ်းမြို့အဖြစ် လက်တွဲအတူ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စီးပွားရေးသံမှူး Ouyang Daobing က CITIC အနေဖြင့် ကုမ္ပဏီလုပ်ငန်းများ လူမှုတာဝန်ထမ်းဆောင်၍ ကုသိုလ်ဖြစ် ပရဟိတ လုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်သည့်အပေါ် အသိအမှတ်ပြု ပြောကြားခဲ့သည်။

CITIC Consortium သည် ကျောက်ဖြူ စီမံကိန်း တင်ဒါအောင်ပြီးသည့်အချိန်မှစ၍ ကျောက်ဖြူ၌ စုစည်း ဆောင်ရွက်နိုင်ခဲ့သည့် ပရဟိတ လုပ်ငန်း စီမံကိန်းများ၏ စုစုပေါင်း တန်ဖိုးမှာ တရုတ်ယွမ်ငွေ သန်း ၂၀ ကျော် ရှိပြီရာ
ကျေးလက်ရန်ပုံငွေစီမံကိန်း၊ သဘာဝ ရေဘေး အန္တရာယ် ကူညီကယ်ဆယ်ရေး၊ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မေတ္တာအိတ်ထုပ် ကျောပိုးအိတ်များ နှင့် CITIC POLO ရှပ်အင်္ကျီပေးဝေခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်း စသည့် ပရဟိတ စီမံကိန်းပေါင်း ၁၀ ခုကျော်ကို ဆောင်ရွက်ခဲ့ရာတွင် သောင်းနှင့်ချီသော ဒေသခံများကို အကျိုးပြုနိုင်ခဲ့သည်။ အဆိုပါ စီမံကိန်းများကို မကျင်းပမီ ပွင့်လင်းမြင်သာမှုရှိစွာ လူထုတွေ့ဆုံပွဲများ ပြုလုပ်၍ လူထုသဘောထားနှင့်အကြံပြုချက်များကို ရယူခဲ့ခြင်းဖြင့် ဒေသ၏လိုအပ်ချက်၊ ဒေသခံလူထုအတွက် ပို၍ကောင်းမွန်စေသော စီမံကိန်းများကို မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(Chinese Version)
中信联合体“皎漂未来”系列公益项目民众见面会成功举行
2023年9月2日下午,“皎漂未来”系列公益项目民众见面会在皎漂青年中心成功举行,中国驻缅甸大使馆经济商务参赞欧阳道冰,缅甸若开邦环保局局长吴乌丹敏,项目合作方中国乡村发展基金会、昆明植根社会工作发展中心负责人,梁传新、副总经理马传福,皎漂社会各界代表等共计80余人参加活动。
中信缅甸副总经理马传福简要介绍了即将启动的“皎漂未来”移动诊所、中文培训和微笑儿童、红树林种植等4个公益项目情况以及召开民众见面会的目的;各公益项目负责人分别介绍了项目实施目标、内容和计划;皎漂民众代表踊跃发言,对中信长期在皎漂开展公益项目、履行企业社会责任表示感谢,针对即将启动的公益项目提出了建设性意见,并恳请中信将来能够进一步扩大公益项目规模与类型,让更多当地民众从中受益。
中信缅甸总经理梁传新向支持、帮助“皎漂未来”系列公益项目的当地政府、本地民间组织、社会各界代表及项目合作伙伴表示感谢。他表示中信联合体所投资开发的皎漂特区项目是一个长期大型基建项目,项目建在皎漂、利在皎漂,中信愿意与当地民众同甘共苦、风雨同行,携手将皎漂建成更加繁荣、美丽的海港城市。
欧阳道冰参赞在致辞中对中信认真履行企业社会责任、积极开展公益项目的做法表示肯定。
中信联合体自中标皎漂项目以来,已累计筹集、带动2000余万元人民币公益资金落地皎漂,成功实施了乡村公益基金、抗洪救灾物资捐赠、皎漂青少年能力建设、爱心书包与中信POLO衫发放、防疫物资捐赠等十余个公益项目,惠及当地数万人。各项目正式实施前均会举办民众见面会,向当地社会展示“公开、透明”态度,征询民众意见建议,促使项目更好地匹配当地需求、服务本地民众。