Connect with us

Sino-Myanmar

CITIC Myanmar ၏ ကုသိုလ်ဖြစ် စီမံကိန်း Smiling Children Program စတင်

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Rural Development) နှင့် CITIC Myanmar တို့ ပူးတွဲစီစဉ်ဆောင်ရွက်ပြီး ကျောက်ဖြူခရိုင် ပညာရေးဦးစီးဌာန၏ လမ်းညွှန်မှု ၊ ကျောက်ဖြူ ဒေသန္တရ အရပ်ဖက် လူမှုအဖွဲ့အစည်းဖြစ်သည့် ‌ ကျောက်ဖြူမြို့နယ် ဒေသခံပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကူညီစောင့်ရှောက်ရေး အသင်း (KSEDAA) တို့နှင့်အတူ ဖော်ဆောင်သည့် ကုသိုလ်ဖြစ် စီမံကိန်း “Smiling Children Program” စတင်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ကျောက်ဖြူမြို့ လူငယ်စင်တာတွင် ပြုလုပ်ခဲ့သည်။

ယခုအကြိမ် ပြုလုပ်သည့် ကုသိုလ်ဖြစ် စီမံကိန်း “Smiling Children Program” သည် ကျောင်းသား/ကျောင်းသူများ ကျန်းကျန်းမာမာ ပညာသင်ကြားနိုင်ရေး အထောက်အကူပေးခြင်းအလို့ငှာ လာမည့်နှစ်ဝက်တွင် ကျောက်ဖြူမြို့နယ်ရှိ မူလတန်းကျောင်း ၆ ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၄၉၈ ဦးအတွက် နေ့စဉ်နေ့လယ်စာ အခမဲ့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

CITIC Myanmar မန်နေဂျင်း ဒါရိုက်တာ Liang Chuanxin က ကလေးငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်ကြောင်း၊ “Smiling Children Program” သည် ကလေးငယ်များ ကျန်းမာသန်စွမ်းရေး၊ နောင်တွင် ကျောက်ဖြူ လူမှုအသိုက်အဝန်း၏ အနာဂတ်အကျိုးကို ပို၍ ဆောင်ကြဉ်းပေးနိုင်စေရေးအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(Chinese Version)
中信缅甸启动“微笑儿童”公益项目
2023年9月2日上午,由中国乡村发展基金会和中信缅甸联合策划组织、皎漂县教育局提供业务指导、皎漂本地民间社会组织皎漂社会经济发展援助协会(KSEDAA – Kyaukphyu Socio-Economic Development and Assistance Association)配合实施的“微笑儿童”公益项目在皎漂青年中心启动。
本次“微笑儿童”公益项目将在未来半年内向皎漂镇区6所小学498名学生提供每日免费午餐,助力其健康成长,从而更好地实现学习目标。
中信缅甸总经理梁传新表示,儿童是国家的未来,希望“微笑儿童”公益项目能为孩子们的健康成长贡献一份力量,助力他们未来为皎漂社会做出更大贡献。