Connect with us

Media

နိုင်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကို နှင်ထုတ်ရန် အရေးယူ ဆောင်ရွက်သွားမည်ဟု နိုင်ဂျာစစ်အစိုးရက ပြောကြား

အဘူဂျာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

နိုင်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ် Sylvain Itte ကို နှင်ထုတ်ရန် အရေးယူဆောင်ရွက်သွားမည်ဟု နိုင်ဂျာ စစ်အစိုးရ၏ နိုင်ငံခြားရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် နိုင်ငံပိုင် ရေဒီယို အသံလွှင့်ဌာနမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ဂျာစစ်အစိုးရက ရဲဌာနသို့ အကြောင်းကြားပြီး ဖြစ်ရာ နိုင်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ် Sylvain Itte ကို နှင်ထုတ်ရန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမတိုင်မီ နိုင်ဂျာနိုင်ငံမှ Sylvain Itte နှင့် ၎င်းတို့၏ မိသားစုဝင်များကို ပေးအပ်ထားသည့် သံတမန်အထောက်အထားနှင့် ဗီဇာတို့မှာ အကျုံးဝင်မည် မဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။

ဤဆုံးဖြတ်ချက်ကို “ပြန်လည်ရုပ်သိမ်းမည် မဟုတ်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
Sylvain Itte သည် မူလက ဩဂုတ် ၂၈ ရက် မတိုင်မီ နိုင်ငံအတွင်းမှ ထွက်ခွာရမည် ဖြစ်ကြောင်း၊ ဤအချိန်ကာလက ကျော်လွန်သွားပြီဖြစ်ရာ Sylvain Itte အနေဖြင့် နိုင်ဂျာနိုင်ငံအတွင်းတွင် သံတမန် လွတ်ငြိမ်းခွင့် မရှိတော့ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

နိုင်ဂျာ စစ်အစိုးရ၏ နိုင်ငံခြားရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ဩဂုတ် ၂၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၄၈ နာရီအတွင်း နိုင်ငံအတွင်းမှထွက်ခွာရန် Sylvain Itte ကို တောင်းဆိုခဲ့သည်။ ထို့အပေါ် နိုင်ဂျာ စစ်အစိုးရအနေဖြင့် ပြင်သစ်သံအမတ်ကို နိုင်ငံအတွင်းမှ ထွက်ခွာရန် တောင်းဆိုခွင့် မရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောကြားခဲ့သည်။

နိုင်ဂျာသမ္မတအစောင့်တပ်ဖွဲ့ဝင်များက သမ္မတ Mohamed Bazoum ကို ဇူလိုင် ၂၆ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အချင်းဖြစ်ပွားသည့်ညနှောင်းပိုင်းတွင် အမိမြေကာကွယ်ရေး အမျိုးသားကောင်စီ ဖွဲ့စည်းကြောင်း၊ Mohamed Bazoum ၏ သမ္မတ ရာထူးတာဝန်ကို ဖျက်သိမ်းကြောင်း နှင့် နိုင်ငံရေးရာကိစ္စရပ်များကို စစ်တပ်မှ တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်က ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)
尼日尔军政府表示将采取措施驱逐法国驻尼大使
新华社阿比让8月31日电(记者郑扬子)尼亚美消息:尼日尔军政府外交与合作部8月31日在尼国家广播电台发表声明说,将采取必要措施驱逐法国驻尼大使西尔万•伊泰。
声明说,尼日尔军政府已通知警察部门,将采取必要措施驱逐法国驻尼大使西尔万•伊泰,尼日尔此前发给伊泰及其家属的外交人员证件和签证不再有效。声明表示,这一决定“不可撤销”。
声明说,伊泰本应于28日前离境,军政府对其要求的这一离境期限已过,伊泰在尼日尔境内不再享有外交豁免权。
尼日尔军政府外交与合作部25日发表声明,要求伊泰48小时内离境。法国外交部对此表示,尼日尔军政府无权要求法国大使离境。
7月26日,尼日尔总统卫队部分军人扣押总统巴祖姆。当天深夜,政变军人代表在尼日尔国家电视台宣布成立保卫祖国国家委员会,解除巴祖姆总统职权,由军人政权接管国家事务。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.