Connect with us

Sino-Myanmar

CITIC Myanmar ၏ ဒီရေတော စိုက်ပျိုးရေး ပရဟိတ စီမံကိန်း စတင်

ရန်ကုန် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ယူနန်ပြည်နယ် ပြည်သူ့ ပြည်ပချစ်ကြည်ရေးအသင်း “Yunnan Hand in Hand Program”၏ ကူညီပံ့ပိုးမှုအောက်တွင် Kunming Zhi Gen လူမှုရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စင်တာ နှင့် CITIC Myanmar တို့အတူ စတင်ပြီး Community Forest User Group မှ လက်တွေ့ဖော်ဆောင်သော ဒီရေတော စိုက်ပျိုးရေး ပရဟိတ စီမံကိန်းကို ဩဂုတ် ၃ ရက် ညနေပိုင်းတွင် စတင်ခဲ့သည်။

ကျောက်ဖြူဒေသရှိ ဒီရေတောများ ပျက်စီးယိုယွင်းနေသော ဧရိယာများတွင် ဂေဟစနစ် ပြန်လည်ထူထောင်ရန် ရည်ရွယ်သည့် အဆိုပါ ဒီရေတော စိုက်ပျိုးရေး ပရဟိတ စီမံကိန်းသည် ဒီရေတောများကို အသုတ်ခွဲ၍ အဆင့်လိုက် ဧက ၁၀၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး အပင်ရေအားဖြင့် ၁၂၁,၀၀၀ ခန့် စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။ ယခုပထမအသုတ်အဖြစ် ၁.၅ ဧကတွင် ပျိုးပင်အပြည့် စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………..
(Chinese Version)
中信缅甸启动红树林种植公益项目

2023年9月3日下午,在云南省人民对外友好协会“心联通 云南行”资助下,由昆明植根社会工作发展中心和中信缅甸共同发起,由皎漂社区森林使用小组(CFUZ- Community Forest User Group)具体实施的红树林种植公益项目正式启动。
红树林种植公益项目旨在对皎漂部分红树林退化地区进行生态恢复,计划分批次种植100英亩红树林,约12.1万株。首批1.5英亩滩涂上已种满了红树苗。