Connect with us

Sino-Myanmar

CITIC Consortium ၏ “ကျောက်ဖြူ အနာဂတ်” ရွေ့လျားဆေးခန်းစီမံကိန်းသစ် ထပ်မံ စတင်

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၏ လမ်းညွှန်မှုအောက်တွင် YUNNAN CONSTRUCTION AND INVESTMENT HOLDING GROUP CO.,LTD.(YCIH) နှင့် CITIC Myanmar တို့ အတူ စီစဉ်ဆောင်ရွက်၍ ကျောက်ဖြူခရိုင်ဆေးရုံ၏ လုပ်ငန်းအကူအညီ၊ ကျောက်ဖြူမြို့နယ် ဒေသခံပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကူညီစောင့်ရှောက်ရေး အသင်း (KSEDAA) တို့၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပသည့် “ကျောက်ဖြူ အနာဂတ်” ကျန်းမာရေးကုသိုလ်ဖြစ် ရွေ့လျားဆေးခန်း စီမံကိန်းသစ်ကို ကျောက်ဖြူမြို့နယ် ပြိုင်းစေ့ကေ ကျေးရွာတွင် ထပ်မံ စတင်ခဲ့သည်။

ပြိုင်းစေ့ကေ ကျေးရွာက ကျန်းမာရေးကုသိုလ်ဖြစ် ရွေ့လျားဆေးခန်း စီမံကိန်းကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြရာ ယင်းစီမံကိန်းတွင် ပြိုင်းစေ့ကေ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း ၈၆ ဦးကို ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန် ၅ ဦးက ဆေးကုသပေးခဲ့သည်။

“ကျောက်ဖြူ အနာဂတ်” ရွေ့လျားဆေးခန်းစီမံကိန်းကို ၂၀၂၂ ခုနှစ်မှစ၍ ကျောက်ဖြူမြို့နယ် တစ်ဝိုက်နှင့် မဒဲကျွန်းရှိ ကျေးရွာပေါင်း ၂၀ တွင် ကုသိုလ်ဖြစ် ဆေးကုသပေးခဲ့ရာတွင် ဒေသခံကျေးရွာသူ/ကျေးရွာသား စုစုပေါင်း ၁,၆၂၉ ဦးကို ရွာအရောက် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ခြင်းကြောင့် ဒေသခံလူထု၊ မီဒီယာနှင့်သက်ဆိုင်ရာ အစိုးရ၏ အသိအမှတ်ပြု ကြိုဆိုမှုကို ရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် ဒေသခံပြည်သူလူထု၏ တောင်းဆိုမှုကြောင့် ရွေ့လျားဆေးခန်း စီမံကိန်းအဖွဲ့သည် ၂၀၂၂ ခုနှစ်တွင် ဆေးကုသမှုပေးခဲ့သော ကျေးရွာပေါင်း ၂၀ ကို ပြန်လည်သွားရောက်၍လည်းကောင်း၊ နောက်ထပ် ကျေးရွာ ၁၀ ရွာသို့ တိုးချဲ့သွားရောက်၍လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………..
(Chinese Version)
中信联合体启动新一期“皎漂未来”
移动诊所公益项目

2023年9月3日上午,在云南省商务厅指导下,由云南建投和中信缅甸牵头组织策划,皎漂县医院提供业务支持,皎漂本地民间社会组织皎漂社会经济发展援助协会(KSEDAA – Kyaukphyu Socio-Economic Development and Assistance Association)配合实施的新一期“皎漂未来”移动诊所公益项目在皎漂白色格村启动。

移动诊所项目受到白色格村村民的热烈欢迎,共计86名村民接受了来自皎漂县人民医院5位医生的诊疗服务。

“皎漂未来”移动诊所项目2022年已在皎漂镇周边及马德岛共计20个村庄成功实施,累计为1629名当地村民提供送医下乡义诊服务,受到本地民众、媒体和缅甸政府高度认可与欢迎。2023年应当地民众请求,项目团队将对2022年度已覆盖20个村庄开展回访问诊,并新增10个问诊村。