Connect with us

International Organizations

ရုရှားနိုင်ငံသမ္မတပူတင် က ၂၀၂၄ ခုနှစ် BRICS အဖွဲ့ဝင်နိုင်ငံများအတွက် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများအား ထုတ်ပြန်ကြေညာ

ရုရှားနိုင်ငံသမ္မတ အား ကရင်မလင်နန်းတော်၌ကျင်းပြုလုပ်သည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သည် ၂၀၂၄ ခုနှစ်၏ BRICS အဖွဲ့အစည်း ဥက္ကဋ္ဌ နိုင်ငံအဖြစ်ဆောင်ရွက်နေရသည့်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေးနှင့်လုံခြုံရေး ၊ စီးပွားရေးနှင့် ငွေကြေးကိစ္စရပ်၊ ယဉ်ကျေးမှုနှင့် လူမှုရေးရာဖလှယ်မှု စသည့် အရေးပါသည့် ကဏ္ဍ သုံးခုတွင် ပူးပေါင်းဆာင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတ ပူတင် က ဇန်နဝါရီ ၁ ရက် ၌ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသမ္မတသတင်းထုတ်ပြန်ရေး ဝက်ဘ်ဆိုဒ်၏ ထုတ်ပြန်ကြေညာချက်အရ ပူတင် က အဖွဲ့ဝင်နိုင်ငံများအကြားနိုင်ငံခြားရေးမူဝါဒညှိနှိုင်းဆောင်ရွက်မှုကို အထူးအလေးထားရမည်ဖြစ်ကြောင်း ၊ အဖွဲ့ဝင်နိုင်ငံများအတူတကွ နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေး ၊ တည်ငြိမ်အေးချမ်းရေးအတွက် ရင်ဆိုင်လာရသည့် စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၊ စွမ်းအင် နှင့် စားနပ်ရိက္ခာ လုံခြုံမှုရှိအောင်ဆောင်ရွက်ရေး ၊ BRICS အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများအပေါ်သက်ရောက်မှုကို မြင့်တင်သွားရေး ၊ အဖွဲ့ဝင်နိုင်ငံများအကြား ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ငွေကြေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်အောင်ဆောင်ရွက်သွားရေး ၊ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုဆောင်ရွက်ရာတွင် အပြန်အလှန်အသုံးပြုမှုကို တိုးချဲ့သွားရန် ပြောကြားခဲ့သည်။

ထို့ပြင် နည်းပညာရပ် ၊ ကျန်းမာရေးကဏ္ဍ ၊ သဘာဝပတ်ဝန်းကျင် ၊ အားကစား နှင့် လူငယ်ပိုင်းဆိုင်ရာ ကဏ္ဍများတွင် ဖလှယ်မှုကို တိုးမြှင့်ဆောင်ရွက်သွားပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ကူးလူးဆက်ဆံမှုကိုလည်း မြှင့်တင်သွားရမည်ဟုပြောကြားခဲ့ကြောင်းသိရသည်။

ထို့အပြင် ပူတင် က BRICS သို့ဝင်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံသစ်များ BRICS ပူးပေါင်းဆောင်ရွက်မှုတွင် ချောမွေ့ကောင်းမွန်စွာ ပူးပေါင်းပါဝင်လာနိုင်ရန် တတ်စွမ်းသမျှအစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ဇန်နဝါရီ ၁ ရက်မှ စတင်၍ ၂၀၂၄ ခုနှစ်၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ်တာဝန်ယူလိုက်ကြောင်းသိရှိရသည်။(Xinhua)

……………………………..
(Chinese Version)
普京宣布2024年金砖国家重点合作领域
新华社莫斯科1月1日电(记者华迪)俄罗斯总统普京1月1日说,俄2024年担任金砖国家主席国期间,将继续致力于推进成员国在政治与安全、经济与金融、文化与人文交流三个重点领域的合作。
据俄总统网站消息,普京说,要特别注重加强成员国的外交政策协调,共同应对国际和地区安全与稳定所面临的挑战和威胁,保障能源和粮食安全,提升金砖国家在国际货币金融体系中的作用,发展银行间合作和金融合作,扩大各国货币在相互贸易中的使用。此外,要进一步促进科技、医疗保健、生态、文化、体育、青年等领域的交流以及民间团体的互动。
普京还表示,将采取一切可能的措施,促进新成员和谐融入金砖国家合作机制中来。
俄罗斯自1月1日起担任2024年金砖国家轮值主席国。(完)