Connect with us

Europe

ရုရှားဖက်ဒရေးရှင်း၏ (၈) ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ကျင်းပ

မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ရုရှားဖက်ဒရေးရှင်း၏ (၈) ကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် တရားဝင်မဲပေးခြင်းကို မတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ရုရှားနိုင်ငံလာမည့်သမ္မတရွေးကောက်ပွဲအတွက် လက်ရှိ ရုရှားသမ္မတ ဗလာတီမာပူတင်၊ ရုရှားလစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ Slutsky၊ ရုရှားဖက်ဒရေးရှင်းကွန်မြူနစ်ပါတီမှ Kharitonov နှင့် ရုရှားပြည်သူ့ပါတီသစ်မှ Davankov တို့က အရွေးခံမည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် သမ္မတရွေးကောက်ပွဲအတွက် အစောပိုင်းမဲပေးမှုကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင်ခဲ့ပြီး ရုရှားနိုင်ငံအတွင်း သွားလာရေးအဆင်မပြေသော၊ ဝေးလံခေါင်သီသော ဒေသအချို့ရှိ မဲဆန္ဒရှင်များသည် အဆိုပါနေ့မှစ၍ မဲပေးခဲ့ကြကြောင်းသိရသည်။ နိုင်ငံရပ်ခြားတွင်နေထိုင်သော ရုရှားမဲဆန္ဒရှင်များသည် မတ်လ ၁ ရက်တွင် အစောပိုင်းမဲပေးမှုကို စတင်ခဲ့သည်။ ယခုရုရှားသမ္မတရွေးကောက်ပွဲ၌ အဝေးမှ အီလက်ထရွန်းနစ်မဲပေးခြင်းစနစ်ကိုလည်း ဒေသအများအပြားတွင် ပထမဆုံးအကြိမ်အဖြစ် အစပျိုးခဲ့ကြောင်း သိရသည်။

“ရုရှားဖက်ဒရေးရှင်း၏ သမ္မတရွေးကောက်ပွဲဥပဒေ”အရ သမ္မတသည် ရုရှားနိုင်ငံ၏ အကြီးအကဲဖြစ်ပြီး သက်တမ်းတစ်ခုစီမှာ ၆ နှစ်ဖြစ်သည်။ အသက် ၃၅ နှစ်ပြည့်ပြီးသူ ၊ ရုရှားနိုင်ငံတွင် ၂၅ နှစ်ကျော်နေထိုင်ပြီး လက်ရှိ သို့မဟုတ် ယခင်က အခြားနိုင်ငံတစ်ခုခု၏ နိုင်ငံသားဖြစ်ခွင့် မခံယူထားသည့် ရုရှားနိုင်ငံသား မည်သူမဆို သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ဆန္ဒမဲထက်ဝက်ကျော် ရရှိသူသည် ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲ စည်းမျဉ်းတွေအရ သမ္မတအဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။ သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်း နှစ်ဦးထက်ပိုပြီး ဆန္ဒမဲ ထက်ဝက်ကျော်ကို မည်သည့်ကိုယ်စားလှယ်လောင်းမျှ မရရှိပါက ဒုတိယအကျော့ မဲပေးခွင့်အတွက် မဲအရေအတွက်ပိုများသောသူနှစ်ဦးကို ဗဟိုရွေးကောက်ပွဲကော်မရှင်က ကြေညာမည်ဖြစ်သည်။ ဒုတိယအကျော့မဲပေးပွဲတွင် မဲအများဆုံးရရှိသူအား ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။

စည်းမျဉ်းများအရ သမ္မတရွေးကောက်ပွဲအတွက် မဲရေတွက်ခြင်းကို မဲရုံများပိတ်ပြီးနောက်တွင် စတင်မည်ဖြစ်သည်။ ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်သည် နောက်ဆုံးရွေးကောက်ပွဲရလဒ်ကို မတ်လ ၂၈ ရက်ထက် နောက်မကျစေဘဲ အတည်ပြုမည်ဖြစ်ပြီး ထိုသို့အတည်ပြုပြီးနောက် သုံးရက်အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………………………
(Chinese Version)
俄罗斯联邦第八届总统选举
俄罗斯联邦第八届总统选举正式投票于3月15日至17日举行。俄现任总统普京、来自俄自由民主党的斯卢茨基、俄联邦共产党的哈里托诺夫和俄新人党的达万科夫将竞选下一届总统。
本次总统选举提前投票已于2月25日开始,在俄境内一些交通不便和偏远地区的选民从当天开始投票。旅居国外的俄选民从3月1日开始提前投票。本次俄总统选举投票还首次在多个地区引入远程电子投票方式。
根据《俄罗斯联邦总统选举法》,总统是俄国家元首,每届任期6年。任何年满35岁,在俄常住25年以上,且现在和过去都未拥有其他国家国籍的俄联邦公民均可以竞选总统。
根据俄总统选举规则,获得半数以上选票者即可当选总统。如果总统候选人数超过两名,并且任何一名候选人都未能获得半数以上选票,中央选举委员会将宣布得票领先的两名候选人进入第二轮投票。在第二轮投票中,得票领先者当选。
根据规定,总统选举计票工作将在投票结束后开始。俄中央选举委员会将不晚于3月28日确认选举最终结果,并在确认后3日内公布。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.