Connect with us

Europe

ရုရှားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲပေးမှုများ တရားဝင်စတင်

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စ်တော့ခ်တွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးရန် မတ် ၁၅ ရက်က ဒေသခံပြည်သူများ တန်းစီမှတ်ပုံတင်နေကြစဉ် (ဆင်ဟွာ)

ဗလာဒီဗော့စ်တော့ခ်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Chukotka ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရုရှားပိုင်နက်အရှေ့ဘက်စွန်းရှိ Kamchatskaya Kray နေရာများတွင် မဲရုံများကို မတ် ၁၅ ရက် ဒေသစံတော်ချိန် ၈နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ရုရှားသမ္မတရွေးကောက်ပွဲအတွက် မဲပေးမှုများကို တရားဝင်စတင်ခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စ်တော့ခ်တွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးရန် မတ် ၁၅ ရက်က ဒေသခံပြည်သူများ တန်းစီ မှတ်ပုံတင်နေကြစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စ်တော့ခ်ရှိ မဲရုံတစ်ခု၌ ဒေသခံပြည်သူများ မဲပေးရန် မတ် ၁၅ ရက်က စောင့်ဆိုင်းနေစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စ်တော့ခ်တွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးရန်အတွက် မတ် ၁၅ ရက်က ဒေသခံပြည်သူများ မှတ်ပုံတင်နေကြစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံသား ၁၁၀ သန်းခန့် မဲပေးပိုင်ခွင့်ရှိပြီး ယင်းတို့အနက် ၁ ဒသမ ၈ သန်းသည် တစ်နှစ်ပတ်လုံး နိုင်ငံရပ်ခြားတွင် နေထိုင်လျက်ရှိသည်ဟု ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ရုရှားနိုင်ငံသည် မဲရုံပေါင်း ၉၀,၀၀၀ ကျော်ကို ယခုရွေးကောက်ပွဲအတွက် ဖွင့်လှစ်ထားပြီး မဲရုံတစ်ခုစီကို မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်၊ ဒေသစံတော်ချိန် ၈း၀၀ မှ ၂၀း၀၀ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။
ရုရှားနိုင်ငံသည် စံတော်ချိန်ဇုန်များစွာကို လွှမ်းခြုံထားပြီး၊ မဲပေးရန် အစောဆုံးနေရာများမှာ Chukotka ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် Kamchatskaya Kray နေရာများဖြစ်ပြီး ရုရှားနယ်မြေ၏ အနောက်ဘက်စွန်းတွင်ရှိသော Kaliningrad Oblast နေရာများမှာ မဲပေးရန် အနောက်ကျဆုံးဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စ်တော့ခ်တွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးမည့် ဒေသခံပြည်သူများကို မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စ်တော့ခ်တွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးမည့် ဒေသခံပြည်သူများကို မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စ်တော့ခ်တွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးမည့် ဒေသခံပြည်သူများကို မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးရန်အတွက် မတ် ၁၅ ရက်က မဲဆန္ဒရှင်များ မှတ်ပုံတင်နေကြစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ ဝေးလံခေါင်သီပြီး သွားလာရေးအဆင်မပြေသော ဒေသအချို့၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ ပင်လယ်ကူးသင်္ဘောများနှင့် နိုင်ငံရပ်ခြား အချို့ဒေသများတွင် သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ ၁၄ ရက်အထိ ကျင်းပခဲ့သည်။ ယခုရွေးကောက်ပွဲတွင် အဝေးမှ အီလက်ထရွန်းနစ်မဲပေးခြင်းစနစ်ကို ပထမဆုံးအကြိမ် အစပျိုးခဲ့ပြီး ဒေသ ၂၀ ကျော်ရှိ မဲဆန္ဒရှင်များသည် အဝေးမှ အီလက်ထရွန်းနစ်မဲပေးခြင်းလျှောက်လွှာများကို ဇန်နဝါရီ ၂၉ ရက်မှ မတ်လ ၁၁ ရက်အထိ တင်သွင်းနိုင်ကြောင်း သိရသည်။
ယခုအကြိမ် သမ္မတရွေးကောက်ပွဲတွင် လက်ရှိ ရုရှားသမ္မတ ဗလာတီမာပူတင်၊ ရုရှားလစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ Slutsky၊ ရုရှားဖက်ဒရေးရှင်းကွန်မြူနစ်ပါတီမှ Kharitonov နှင့် ရုရှားပြည်သူ့ပါတီသစ်မှ Davankov တို့အပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄ ဦးပါဝင်ကြောင်း သိရသည်။

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးရန်အတွက် မတ် ၁၅ ရက်က မဲဆန္ဒရှင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော် မော်စကို၌ မဲလက်မှတ်ပေါ်မှ အချက်အလက်များကို မဲဆန္ဒရှင်များက မတ် ၁၅ ရက်တွင် ဖတ်ရှုနေစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးမည့် မဲဆန္ဒရှင်များအား မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးမည့် မဲဆန္ဒရှင်များအား မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စည်းမျဉ်းများအရ ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းကျော် ရရှိသူသည် ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲ သမ္မတအဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။ သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်း နှစ်ဦးထက်ပိုပြီး ဆန္ဒမဲ ထက်ဝက်ကျော်ကို မည်သည့်ကိုယ်စားလှယ်လောင်းမှ မရရှိပါက ဒုတိယအကျော့ မဲပေးခွင့်အတွက် မဲအရေအတွက်ပိုများသောသူနှစ်ဦးကို ဗဟိုရွေးကောက်ပွဲကော်မရှင်က ကြေညာမည်ဖြစ်သည်။ ဒုတိယအကျော့မဲပေးပွဲတွင် မဲအများဆုံးရရှိသူအား သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်သည် ၎င်းရွေးကောက်ပွဲရလဒ်ကို မတ်လ ၂၈ ရက်ထက် နောက်မကျစေဘဲ အတည်ပြုမည်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်အတည်ပြုပြီးနောက် သုံးရက်အတွင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………….
(Chinese Version)
俄罗斯总统选举投票正式开始
新华社符拉迪沃斯托克3月15日电(记者陈畅)位于俄罗斯领土最东端的堪察加边疆区、楚科奇自治区等地的投票站于当地时间15日8时开放,2024年俄总统选举投票正式开始。
据俄中央选举委员会公布的数据,约有1.1亿俄罗斯公民具有选举权,其中超过180万人常年居住在国外。俄为此次选举设立了9万多个投票站,各投票站分别于当地时间15日至17日的8时至20时开放。
俄罗斯地跨多个时区,堪察加边疆区和楚科奇自治区等是最早开始投票的地区,位于俄领土西端的加里宁格勒州的投票站开始投票的时间最晚。
在俄罗斯一些偏远和交通不便地区、边防哨所、远洋轮船以及部分境外地区,总统选举投票已于2月25日至3月14日提前举行。此次选举首次引入远程电子投票方式,20多个地区的选民可在1月29日至3月11日递交远程电子投票申请。
共有4名候选人参加此次总统选举,包括俄现任总统普京、俄自由民主党的斯卢茨基、俄联邦共产党的哈里托诺夫和俄新人党的达万科夫。
根据俄总统选举规则,在选举中获得50%以上选票者当选总统。如果候选人有两名以上,而其中任何一人都未能当选,中央选举委员会将宣布对得票领先的两名候选人进行第二轮投票,在第二轮投票中得票高者当选总统。俄中央选举委员会将不晚于3月28日确认此次总统选举结果,并在选举结果确认后3日内予以公布。(参与记者:刘恺)(完)
图说1:3月15日,当地居民在俄罗斯符拉迪沃斯托克排队登记参加总统选举投票。
图说2:3月15日,当地居民在俄罗斯符拉迪沃斯托克排队登记参加总统选举投票。
图说3:3月15日,当地居民在俄罗斯符拉迪沃斯托克一投票站等待参加总统选举投票。
图说4:3月15日,当地居民在俄罗斯符拉迪沃斯托克登记参加总统选举投票。
图说5:3月15日,当地居民在俄罗斯符拉迪沃斯托克参加总统选举投票。
图说6:3月15日,当地居民在俄罗斯符拉迪沃斯托克参加总统选举投票。
图说7:3月15日,当地居民在俄罗斯符拉迪沃斯托克参加总统选举投票。
图说8:3月15日,选民在俄罗斯首都莫斯科登记参加总统选举投票。
图说9:3月15日,选民在俄罗斯首都莫斯科参加总统选举投票。
图说10:3月15日,选民在俄罗斯首都莫斯科阅读选票上的信息。
图说11:3月15日,选民在俄罗斯首都莫斯科参加总统选举投票。
图说12:3月15日,选民在俄罗斯首都莫斯科参加总统选举投票。

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.