Connect with us

Europe

တရုတ်နိုင်ငံက ရုရှား-ယူကရိန်း ပဋိပက္ခအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ရေး ပါဝင်ပတ်သက်သူများကို တိုက်တွန်း

ကုလသမဂ္ဂ၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ရန် ပါဝင်ပတ်သက်သူများကို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က မတ် ၁၅ ရက်တွင် ပြုလုပ်သော ယူကရိန်းအရေးအား ပြန်လည်သုံးသပ်သည့် လုံခြုံရေးကောင်စီ၌ ပြောကြားခဲ့သည်။လက်ရှိတွင် စစ်ပွဲသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ယင်းမှအန္တရာယ်များမှာလည်း ဆက်လက်ပေါ်ပေါက်လာနေကြောင်း၊ လက်တွေ့တွင် ငြိမ်းချမ်းရေးရရှိရေးသည် ထိပ်တန်းဦးစားပေးဖြစ်ပြီး လူတိုင်း၏ဘုံဆန္ဒလည်းဖြစ်သည်။ ယူကရိန်းအရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မပြောင်းလဲသောရပ်တည်ချက်မှာ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ကို လေးစားသင့်ပြီး “ကုလသမဂ္ဂပဋိညာဉ်စာတမ်း”ရည်ရွယ်ချက်နှင့် အခြေခံမူကို သတိပြုလိုက်နာသင့်ကြောင်း၊ နိုင်ငံအသီးသီး၏သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက်ကို အလေးထားသင့်ကြောင်း၊ အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံသင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများကို နိုင်ငံရေးသဘောဆန္ဒဖော်ပြရန်၊ စေ့စပ်ညှိနှိုင်းရန်၊ သဘောတူညီမှုတည်ဆောက်ရန်၊ အပစ်အခက်ရပ်စဲရန် စစ်ပွဲကို ဆောလျင်စွာအဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ရန် ထပ်မံတောင်းဆိုကြောင်း၊ အခြေအနေကို လျှော့ပါးသက်သာစေရေးနှင့် နိုင်ငံရေးအရ ပြေလည်မှုရရှိရေးအတွက် အခြေအနေများ ဖန်တီးရန် တရုတ်နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းအား သံတမန်ရေးရာ ညှိနှိုင်းမှု အရှိန်မြှင့်ရန် တောင်းဆိုထားကြောင်း ကိန်းစွမ်ကပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ဓမ္မဓိဋ္ဌာန်ကျပြီး မျှတသည့် ရပ်တည်ချက်အား အမြဲလိုက်နာစောင့်ထိန်းကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ မြှင့်တင်ရေး အလေးအနက် တောင်းဆိုကြောင်း ၊ တရုတ်နိုင်ငံသည် အဖွဲ့အားလုံး ညီတူညီမျှပါဝင်မှုနှင့် ငြိမ်းချမ်းရေးအစီအစဉ်အားလုံး မျှတစွာဆွေးနွေးခြင်းဖြင့် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့က အသိအမှတ်ပြုထားသည့် နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံတစ်ရပ် အချိန်မီကျင်းပရေးအား ထောက်ခံကြောင်း ၊ ရုရှားနှင့် ယူကရိန်းတို့ နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုအပ်သော အခြေအနေများကို ဖြည့်ဆည်းပေးရန် ဆန္ဒရှိပြီး အကျပ်အတည်းကို နိုင်ငံရေးအရ ပြေလည်မှုရရှိရန် မြှင့်တင်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ တရုတ်က ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ (Xinhua)

#ငြိမ်းချမ်းရေးဆွေးနွေးပွဲ #တရုတ်နိုင်ငံ #ကိန်းစွမ် #သံတမန်ရေးရာညှိနှိုင်းမှု #ကုလသပဋိညာဉ်စာတမ်း #ရုရှား-ယူကရိန်းပဋိပက္ခ #ယူကရိန်းအရေး

…………………………………………………………………………………………….
(Chinese Version)
中方呼吁俄乌冲突当事方开启和谈
新华社联合国3月15日电 中国常驻联合国副代表耿爽15日在安理会审议乌克兰问题时发言,呼吁俄乌冲突当事方开启和谈。
他说,目前战火仍在延宕,外溢风险持续显现。实现和平是当务之急,也是众望所归。在乌克兰问题上,中方始终主张,各国主权、领土完整都应该得到尊重,《联合国宪章》宗旨和原则都应该得到遵守,各国合理安全关切都应该得到重视,一切有利于和平解决危机的努力都应该得到支持。中方再次呼吁冲突当事方展现政治意愿,相向而行,凝聚共识,早日停火止战、开启和谈。中方呼吁国际社会加大外交斡旋,为推动局势缓和、实现政治解决创造条件。
他说,中方始终秉持客观公正立场,坚持劝和促谈。中方支持适时召开俄乌双方认可、各方平等参与、对所有和平方案进行公平讨论的国际和会。中方愿为俄乌双方开展谈判提供必要条件,继续为推动危机政治解决发挥建设性作用。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.