Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ်တွင် ရေကြီး၊ မြေပြိုမှုများကြောင့် လူ ၃ ဦး သေဆုံးကာ ၁၀ ဦး ပျောက်ဆုံးလျက်ရှိ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ် Padang မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားစဉ် ဖြတ်သန်းသွားလာသူများကို ၂၀၂၄ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မတ် ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုများဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး အခြားသူ ၁၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသန္တရ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ အဆင့်မြင့်အရာရှိတစ်ဦးက မတ် ၈ ရက်၌ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ် Padang Pariaman နယ်မြေတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုဖြစ်ပွားပြီးနောက် သေဆုံးသူတစ်ဦးကို ကယ်ဆယ်ရေးသမားများက ရွှေ့ပြောင်းနေသည်ကို ၂၀၂၄ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- BPBD Padang Pariaman/Handout via Xinhua)

အနောက်ဆူမတြားပြည်နယ်ရှိ နယ်မြေနှင့် မြို့ ၁၀ ခုတွင် မတ် ၇ ရက်က ကြောက်မက်ဖွယ် ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ရာ တံတားများပြိုကျ၍ နေအိမ်များစွာ မျောပါသွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ၊ အရေးပေါ်ဌာန အကြီးအကဲ Fajar Sukma က ပြောခဲ့သည်။

ရေကြီးရေလျှံမှုများကြောင့် လမ်းများနစ်မြုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးရပ်ဆိုင်းခြင်း၊ နေအိမ်များစွာ ပျက်စီးခြင်း၊ နေရပ်ရွှေ့ပြောင်းရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဖြစ်ပွားသောနေရာများသို့ အစားအစာ၊ ခြုံစောင်များ၊ ဆေးဝါးနှင့် အခြားထောက်ပံ့ပစ္စည်းများ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

“ကျွန်‌တော်တို့အနေနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ဖို့နဲ့ ဖြန့်ဖြူးဖို့ စင်တာတွေ၊ သဘာဝဘေးဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ ကျန်းမာရေးစင်တာတွေ တည်ဆောက်ထားပါတယ်” ဟု Sukma က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

…………………………………
(English Version)
3 killed, 10 missing as floods, landslides hit Indonesia’s West Sumatra
JAKARTA, March 9 (Xinhua) — Three people were found dead and 10 others went missing amid floods and landslides striking Indonesia’s West Sumatra province, a senior official of the local disaster management agency said on Friday.
Head of the Emergency Unit of the Provincial Disaster Management and Mitigation Agency Fajar Sukma said that heavy downpours on Thursday triggered the floods and landslides in 10 regencies and towns of the province, causing bridges to collapse and sweeping away houses.
The floods submerged roads, paralyzing transportation, and affected tens of thousands of houses, leading to evacuations, he said.
Food, blankets, medicine and other supplies have been flowing to the disaster-affected areas, he said.
“We have also set up centers for logistics or distributing food and health centers to help the affected people,” Sukma added.
Photo 1: People wade through flood water after heavy rain in Padang, West Sumatra, Indonesia, on March 8, 2024. (Photo by Andri Mardiansyah/Xinhua)
Photo 2: This photo provided by Regional Disaster Management Agency (BPBD) Padang Pariaman on March 8, 2024 shows rescuers transferring the body of a victim after flood and landslides hit Padang Pariaman Regency in West Sumatra, Indonesia. (BPBD Padang Pariaman/Handout via Xinhua)