Connect with us

Politics

ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုကျူးလွန်သော သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦးအား မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတကာ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးပူးပေါင်းမှုအဖြစ် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ မြောက်ပိုင်း မူဆယ်ဒေသတွင် လက်တွဲဆောင်ရွက်ခဲ့ရာ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုကျူးလွန်သည်ဟု သံသယရှိသူ ၈၀၇ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဧပြီ ၁ ရက်တွင် သိရသည်။ ၎င်းတို့အနက် မြန်မာနိုင်ငံသား ၄၅၅ ဦး၊ တရုတ်နိုင်ငံသား ၃၅၂ ဦး ပါဝင်ကြောင်း၊ နှစ်ဘက်သဘောတူညီချက်အရ တရုတ်နိုင်ငံသား သံသယတရားခံများကို မတ် ၃၁ ရက်တွင် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့သလို မြန်မာနိုင်ငံသား သံသယတရားခံများအား မြန်မာနိုင်ငံဘက်တွင် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုအကြိမ် လှုပ်ရှားမှုမှာ တရုတ်-မြန်မာ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု၏ ကြီးမားသော အောင်မြင်မှု နောက်ထပ်တစ်ခု ဖြစ်ပေသည်။

ပြီးခဲ့သည့် နှစ်ပိုင်းမှစ၍ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သော ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုများ ဆိုးရွားလာခြင်းအပေါ် တရုတ်ပြည်သူ့လုံခြုံရေးဌာနနှင့် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနတို့အနေဖြင့် နိုင်ငံတကာ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပြစ်မှုပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဆောင်ရွက်ခဲ့ရာတွင် လိမ်ညာမှု(ကျားဖြန့်) ကျူးလွန်သည့်သံသယတရားခံ စုစုပေါင်း ၄၈,၀၀၀ ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီးဖြစ်ရာ အခြေအနေများကောင်းမွန်လာခဲ့ကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံ မြောက်ပိုင်း မူဆယ်ဒေသတွင် ကျားဖြန့်အဖွဲ့အစည်းအချို့ ဆက်လက်ရှိနေခြင်း၊ လက်နက်ကိုင်များပါဝင်ပတ်သက်ကာကွယ်ပေးနေခြင်းကြောင့် အခြေအနေ ဆိုးဝါး၍အန္တရာယ်များနေခဲ့ကြောင်း သိရသည်။ ကျားဖြန့်အဖွဲ့များအား တိုက်ဖျက်ရန်၊ မူဆယ်ဒေသတွင် ကျားဖြန့်စခန်းများကို ဘက်စုံရှင်းလင်းပစ်နိုင်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တို့ အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ရာ သဘောတူညီချက်ရရှိခဲ့ပြီး ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ဒေသ တရားဥပဒေစိုးမိုးရေးအင်အားကို ဦးစီးလမ်းညွှန်ရန်အတွက် မြန်မာနိုင်ငံမြောက်ပိုင်းမူဆယ်ဒေသသို့ ရဲတပ်ဖွဲ့ဝင်များစေလွှတ်ကာ တရုတ်ပြည်သူ့လုံခြုံရေးဌာနမှ ပေးသော ကျားဖြန့်စခန်းနှင့်သက်ဆိုင်ရာလူပုဂ္ဂိုလ်များ၏ သဲလွန်စများအရ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျားဖြန့်ပြစ်မှုကျူးလွန်သူ သံသယတရားခံ တရုတ်နိုင်ငံ ၃၅၂ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ၎င်းတို့တွင် နောက်ကွယ်မှ “ရင်းနှီးမြှုပ်နှံသူ”၊ အဖွဲ့ခေါင်းဆောင်နှင့် အမာခံအဖွဲ့ဝင် ၂၁ ဦးပါဝင်သလို တရားခံပြေး ၅၁ ဦးပါဝင်ကြောင်း၊ အခင်းဖြစ်နေရာ၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ ကျားဖြန့်လမ်းညွှန်စသည့် သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သံသယတရားခံ တရုတ်နိုင်ငံသားများနှင့် အမှုသက်သေခံပစ္စည်းများကို ယူနန်ပြည်နယ် ရွှေလီမြို့ နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အန်းဟွေး၊ ကျန်းဆူးစသည့်နေရာများရှိ ပြည်သူ့လုံခြုံရေးဌာနများကိုစေလွှတ်ကာ သံသယတရားခံများအား စနစ်တကျ ခေါ်ဆောင်သွားမည် ဖြစ်ပြီး အမှုစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
352名中国籍电信网络诈骗犯罪嫌疑人被移交我方
新华社北京4月1日电(记者熊丰)记者1日从公安部获悉,近日,中国警方与缅甸警方开展国际警务执法合作,首次在缅北木姐地区开展联合打击行动,成功抓获807名实施跨境电信网络诈骗的犯罪嫌疑人。其中,缅甸籍犯罪嫌疑人455名,中国籍犯罪嫌疑人352名。按照双方协定,中国籍犯罪嫌疑人已于3月31日全部移交我方,缅甸籍犯罪嫌疑人由缅方打击处理。此次行动是中缅警方开展警务执法合作取得的又一重大战果。
去年以来,针对缅北涉我电信网络诈骗犯罪严峻形势,公安部持续深化与缅甸执法部门的国际警务执法合作,联合开展了一系列打击行动,累计4.8万名中国籍涉诈犯罪嫌疑人被移交我方,缅北涉我电信网络诈骗犯罪形势明显好转。但缅北木姐地区仍有部分诈骗集团心存侥幸、顶风作案,甚至武装参诈护诈,性质恶劣、危害严重。为坚决打击电信网络诈骗集团的嚣张气焰,全面清除木姐地区诈骗窝点,公安部与缅甸警察总部开展多轮会谈磋商,达成一致意见,决定开展联合打击行动。
近日,根据我公安机关提供的诈骗窝点和相关人员线索,缅甸警察总部派员赴缅北木姐地区,组织指挥当地执法力量开展集中抓捕行动,抓获中国籍涉诈犯罪嫌疑人352名,其中幕后“金主”、组织头目和骨干21名,在逃犯罪嫌疑人51名,现场缴获一大批电脑、手机、诈骗话术脚本等作案工具。目前,全部中国籍犯罪嫌疑人及涉案证据物品已通过云南瑞丽边境口岸顺利移交我方,公安部已部署安徽、江苏等地公安机关将犯罪嫌疑人有序押回,全力开展案件侦办工作。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.