Connect with us

International Organizations

စွန့်ပစ်အမှိုက်ပြဿနာ တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာအရေးယူဖြေရှင်းကြရန် ကုလသမဂ္ဂအကြီးအကဲတောင်းဆို

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အား တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

စွန့်ပစ်အမှိုက်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရေး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မတ် ၃၀ ရက်တွင် တောင်းဆိုခဲ့သည်။

မတ် ၃၀ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ စွန့်ပစ်အမှိုက် ကင်းစင်ရေးနေ့ အတွက် ရုပ်သံမိန့်ခွန်းတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာကြီး၏ ဘေးဖြစ်စေနိုင်သောအခြေအနေများကို မီးမောင်းထိုးပြခဲ့သည်။ မိမိတို့ နေထိုင်ရာကမ္ဘာမြေကြီးသည် အမှိုက်ပုံအောက်
တွင် နှစ်မြှုပ်နေပြီဟု အန်တိုနီယိုဂူတာရက်စ်က ပြောသည်။

လူသားတို့၏ စားသုံးမှုလွန်ကဲခြင်းနှင့် စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးရသည့် ပုံရိပ်ကို ဖော်ပြကာ

နှစ်စဉ်နှစ်တိုင်း မြူနီစီပယ်စွန့်ပစ်အမှိုက်တန်ချိန် နှစ်ဘီလီယံထွက်ရှိပြီး အကျိုးဆက်အနေဖြင့် ကမ္ဘာကြီး၏ ရာတုဥတု ဂေဟစနစ်နှင့် လူသားတို့၏ ကျန်းမာရေးကို ဆိုးဝါးစွာပျက်စီးစေသည်။ အလွန်အကျွံသုံးစွဲမှုများကို ဖြေရှင်းရန်လိုအပ်နေပြီဖြစ်ကြောင်း ၊ အလွန်အကျွံ့စားသုံးစွဲခြင်းတို့ ကြောင့် လူသားတို့၏ အသက်အန္တရာယ်ဖြစ်ပေါ်စေပြီး ဖြေရှင်းရန်လိုကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ပြဿနာကိုဖြေရှင်းရန် ဘက်ပေါင်းစုံမှ ချဉ်းကပ်နည်းကို ကုလသမဂ္ဂ အကြီးအကဲက ဖော်ပြခဲ့သည်။စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ၎င်းတို့ထုတ်ကုန်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုနည်းစေသည့် ထုတ်ပိုးမှုဖြစ်ရန် ပြန်လည်သုံးသပ်ရမည်ဟု ၎င်းက ပြောကြားသည်။

စားသုံးသူများသည်လည်း ၎င်းးတို့ ဝယ်ယူလိုက်သည့် ကုန်ပစ္စည်းများနှင့် ထုတ်ကုန်များမှာ ပြန်လည်အသုံးပြု၍ ရနိုင်၊ မရနိုင်ကို ပြန်လည်စဉ်းစားသင့်ဟု ၎င်းက ဆိုသည်။

၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၇၇)ကြိမ်မြောက်အစည်းအဝေးတွင် မတ် ၃၀ ရက်ကို အပြည်ပြည်ဆိုင်ရာ စွန့်ပစ်အမှိုက်ကင်းစင်ရေးနေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ချက်တစ်ရပ် အတည်ပြုချထားခဲ့သည်။ (Xinhua)

……………………….
(English Version)
UN chief calls for global actions to combat waste crisis
UNITED NATIONS, March 30 (Xinhua) — UN Secretary-General Antonio Guterres on Saturday called for worldwide efforts to tackle the waste crisis.
In a video message for the International Day of Zero Waste, which falls on March 30 annually, the UN chief highlighted the perilous state of the planet.
“Our planet is drowning under a torrent of trash,” Guterres said, painting a dire picture of the environmental degradation caused by humanity’s overconsumption and waste production. With “more than 2 billion tons of municipal solid waste” produced every year, the consequences are devastating for the earth’s climate, ecosystems and human health.
He emphasized the urgency of addressing overconsumption, stating “overconsumption is killing us. Humanity needs an intervention.”
To combat this crisis, the top UN official outlined a multifaceted approach.
“Businesses must rethink their products to minimize wasteful packaging and maximize longevity and lifecycle,” he said, urging a shift toward sustainable production practices.
On Dec. 14, 2022, the United Nations General Assembly adopted a resolution at its 77th session to proclaim March 30 as International Day of Zero Waste to be observed annually. ■