Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မာရင်းကျို ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် မာရင်းကျို ဦးဆောင်သော အဖွဲ့အား ဧပြီ ၁၀ ရက် ညနေပိုင်းက ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် မာရင်းကျို ဦးဆောင်သော အဖွဲ့အား ဧပြီ ၁၀ ရက် ညနေပိုင်းက ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရေလက်ကြား နှစ်ဖက် မွေးချင်းများသည် တရုတ်လူမျိုးများ ဖြစ်ကြရာ မည်သည့် စိတ်အဖုအထစ်ကိုမဆို မဖြေရှင်းနိုင်ဟူ၍ မရှိသလို မည်သည့် ပြဿနာရပ်ကိုမဆို မဆွေးနွေးနိုင်ဟူ၍ မရှိကြောင်း၊ မည်သည့် အင်အားစုကမျှ မိမိတို့ကို ခွဲခြား၍ မရကြောင်း၊ ရေလက်ကြား နှစ်ဖက်၏ အကွာအဝေးသည် နှစ်ဖက်မွေးချင်းများ၏ သွေးသားတော်စပ်မှုကို ဖြတ်တောက်၍မရကြောင်း၊ စနစ်မတူညီမှုက ရေလက်ကြားနှစ်ဖက်သည် တစ်နိုင်ငံတည်းဖြစ်မှု၊ လူမျိုးတစ်ခုတည်း ဖြစ်မှု ဟူသော ဖြစ်ရပ်မှန်ကို ပြောင်းလဲ၍ မရကြောင်း၊ ပြည်ပ၏စွက်ဖက်မှုက မိသားစု၊ နိုင်ငံ ပေါင်းစည်းညီညွတ်မှု သမိုင်းအရှိန်အဟုန်ကို တားဆီး၍ မရကြောင်း၊ ရေလက်ကြားနှစ်ဖက် မွေးချင်းများသည် သွေးချင်းများဖြစ်သလို အစဉ်အမြဲ စိတ်ချင်းဆက်၊ လက်ချင်းယှက်လျက် အပြန်အလှန် ကူညီဖေးမလျက်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

မာရင်းကျိုက “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို ခိုင်မာစွာ လက်ကိုင်ထားခြင်း၊ “ထိုင်ဝမ်သီးခြားခွဲထွက်မှု” ကို ဆန့်ကျင်ခြင်းသည် ရေလက်ကြား နှစ်ဖက် ဆက်ဆံရေးနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၏ဘုံနိုင်ငံရေးအခြေခံ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရေလက်ကြားနှစ်ဖက် ပြည်သူများသည် “ယန်-ဟွမ် မြေးမြစ်များ”၊ တရုတ်လူမျိုးများ ဖြစ်ကြရာ ဖလှယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သင့်သလို တရုတ်ယဉ်ကျေးမှုကို အတူတကွ ဆက်ခံရမည် ဖြစ်ကြောင်း၊ နှစ်ဖက်မွေးချင်း မြှင့်တင်ရမည် ဖြစ်ပြီး လက်တွဲအတူ ရှေ့သို့ လျှောက်လှမ်းကာ တရုတ်နိုင်ငံအား ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ကြိုးပမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/SwA

—————————
(Chinese Version)

习近平会见马英九一行
新华社北京4月10日电 中共中央总书记习近平10日下午在京会见马英九一行。
习近平表示,两岸同胞都是中国人,没有什么心结不能化解,没有什么问题不能商量,没有什么势力能把我们分开。海峡的距离,阻隔不断两岸同胞的骨肉亲情。制度的不同,改变不了两岸同属一个国家、一个民族的客观事实。外部的干涉,阻挡不了家国团圆的历史大势。两岸同胞一路走来,始终一脉相承、心手相连、守望相助。
马英九表示,坚持“九二共识”、反对“台独”,是两岸关系和平发展的共同政治基础。两岸人民同属中华民族、都是炎黄子孙,应深化交流合作,共同传承中华文化,提升两岸同胞福祉,携手前行,致力振兴中华。
1. 4月10日下午,中共中央总书记习近平在北京会见马英九一行。新华社记者 鞠鹏 摄