Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း သင်္ကြန်ပျော်ပွဲရွှင်ပွဲ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း သင်္ကြန်ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများအား ဧပြီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တက်ဟုန်း၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၏ ၂၀၂၄ ခုနှစ် သင်္ကြန်ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန်စီမြို့၌ ဧပြီ ၁၂ ရက်က ကျင်းပခဲ့ရာ ဒေသခံလူထုနှင့် အဝေးမှလာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များ လူပေါင်းတစ်သောင်းကျော် မန်စီရင်ပြင်တွင် စုစည်း၍ အပြန်အလှန်ရေပက် ဆုမွန်ကောင်းတောင်းခဲ့ကြသည်။
တက်ဟုန်းပြည်နယ်ခွဲတွင် သင်္ကြန်ပွဲတော်သည် တိုင်လူမျိုး၊ တအောင်းလူမျိုးတို့၏ အကြီးအကျယ် အခမ်းအနားဆုံးသော ရိုးရာပွဲတော်များအနက် တစ်ခု ဖြစ်ရာ လူအများက ယင်းကာလအခါသမယတွင် မင်္ဂလာယူ ဆုမွန်ကောင်းလေ့ရှိကြပေသည်။ ယခုနှစ် မန်စီတွင် သင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(Chinese Version)
新华全媒+|云南德宏泼水狂欢节开幕
当日,云南省德宏傣族景颇族自治州2024年泼水狂欢节在芒市开幕,上万名当地各族群众与远道而来的游客欢聚芒市广场,互相泼水祝福。
在德宏州,泼水节是傣族、德昂族最隆重的传统节日之一,人们借此祈求吉祥、幸福。今年芒市的泼水节将持续到13日。 新华社记者 江文耀 摄
1. 4月12日拍摄的泼水节开幕式现场。