Connect with us

China

ဆဋ္ဌမကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Global AEO) ဆွေးနွေးပွဲကို ဆန်းကျန့်မြို့တွင် ဖွင့်လှစ်

ဆဋ္ဌမကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Global AEO) ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ မေ ၈ ရက်က ဖွင့်လှစ်ခဲ့စဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ မေ ၈ ရက် (ဆင်ဟွာ)
ဆဋ္ဌမကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Global AEO) ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ မေ ၈ ရက်က ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲကို ကမ္ဘာ့အကောက်ခွန်အဖွဲ့(WCO)မှ ဦးဆောင်၍ တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးအဖွဲ့နှင့် ဆန်းကျန့်မြို့အစိုးရတို့ ပူးပေါင်းကျင်းပခဲ့ကြောင်း၊ “AEO စနစ်၏ အားသာချက်များကို အသုံးချကာ အားလုံးပါဝင်မှုရှိသော၊ ရေရှည်တည်တံ့သော ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို မြှင့်တင်ရန်” ဟူသော ဆောင်ပုဒ်ဖြင့် ၃ ရက်ကြာ ကျင်းပခဲ့ပြီး စုစုပေါင်း နိုင်ငံနှင့် ဒေသ ၁၀၀ ကျော်မှ WCO အဖွဲ့ဝင် အကောက်ခွန်၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ AEO ကုမ္ပဏီများနှင့် သက်ဆိုင်ရာပြည်တွင်း ဝန်ကြီးဌာနများနှင့် ကော်မရှင်များ၊ ဒေသန္တရ အစိုးရများ၊ ပြည်တွင်း ပြည်ပ ပညာရေး အဖွဲ့အစည်းများနှင့် စက်မှုအသင်းအဖွဲ့များစသည့် ကိုယ်စားလှယ် ၁,၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာ AEO ဆွေးနွေးပွဲသည် AEO နယ်ပယ်တွင် အဆင့်အမြင့်ဆုံး ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲဖြစ်ပြီး ၂ နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှ စတင်ကာ တောင်ကိုရီးယား၊ စပိန်၊ မက္ကဆီကို၊ ယူဂန်ဒါနှင့် ယူအေအီးတို့တွင် ၅ ကြိမ်ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ်သည် တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………….
(Chinese Version)
第六届全球AEO大会在深圳开幕
深圳(广东),2024年5月8日
当日,第六届全球“经认证的经营者”(AEO)大会在深圳开幕。本届大会由世界海关组织主办,中国海关总署和深圳市人民政府联合承办,以“发挥AEO制度优势,促进包容和可持续的全球贸易”为主题,为期3天,共有来自100多个国家和地区的世界海关组织成员海关、国际组织、AEO企业以及国内相关部委、地方政府、国内外学术机构、行业协会等1200余名代表参会。
全球AEO大会是AEO领域最高级别的全球性会议,每两年举办一届,自2012年以来,已分别由韩国、西班牙、墨西哥、乌干达和阿联酋承办五届,本届大会是首次在华举办。
图说:5月8日,第六届全球AEO大会在深圳开幕。新华社记者 梁旭 摄