Connect with us

Asia

တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်သော ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေး စီမံကိန်းကာလသစ် စတင်

ကမ္ဘောဒီးယားနိုင်ငံ Siem Reapပြည်နယ်၌ ကျင်းပသည့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်သော ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေး စီမံကိန်းကာလသစ် စတင်ခြင်းအခမ်းအနားသို့ တရုတ်-ကမ္ဘောဒီးယား တာဝန်ရှိသူများ အတူတကွ တက်ရောက်နေသည်ကို ၂၀၂၃ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှကူညီဆောင်ရွက်ပေးသော ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေး စီမံကိန်း(၂၀၂၃-၂၀၂၅)ကာလသစ် စတင်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်တွင် ကျင်းပခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်ထျန်း၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးTea Banhတို့ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးသော ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေး စီမံကိန်း ကာလသစ်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ ဖြစ်ပြီး Siem Reap ၊ Kampong Thom ၊ Preah Vihearပြည်နယ် သုံးခု၏ မိုင်းရှိနေရာ စုစုပေါင်း ၁၀၁.၅၄ စတုရန်းကီလိုမီတာကို မိုင်းရှင်းလင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………….
(Chinese Version)

中国新一期援柬扫雷项目举行启动仪式
新华社金边3月9日电(记者吴长伟)中国援柬扫雷项目(2023-2025)9日在柬埔寨暹粒省举行启动仪式,中国驻柬埔寨大使王文天和柬埔寨副首相兼国防大臣迪班共同出席仪式。
中方新一期援柬扫雷项目实施周期自2023年至2025年,将为暹粒、磅通、柏威夏三个目标省份清理共计101.54平方公里雷区。

1. 3月9日,在柬埔寨暹粒省,中柬官员共同出席中国援柬扫雷项目(2023-2025)启动仪式。新华社发(中国驻柬埔寨使馆供图)