Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ တိုင်လူမျိုးများက ရေပက်ကစားရင်း နှစ်သစ်ကို ကြိုဆို

ကူမင်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တိုင်လူမျိုးများသည် ၎င်းတို့၏ နှစ်သစ်ကို ကြိုဆိုပွဲများ ပြုလုပ်လျက်ရှိသလို ဒေသခံတိုင်လူမျိုးများနှင့် ကမ္ဘာလှည့်ခရီးသွားများကလည်း ရေသဘင်ပွဲတော်၌ ပါဝင်ဆင်နွှဲလျက်ရှိသည်။

ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်ကြာကျင်းပသော အဆိုပါ ပွဲတော်သည် တိုင်လူမျိုးများ၏ အရေးပါဆုံးပွဲတော်တစ်ခုလည်းဖြစ်သည်။ ထိုပွဲတော်အတွင်း လူအများသည် ယခင်နှစ်မှ ကံမကောင်းမှုများ ဆေးကြောရန်နှင့် နှစ်သစ်ကို ပျော်ရွှင်မှုများ၊ ကံကောင်းမှုများဖြင့် စတင်ရန်အလို့ငှာ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကာ ကစားလေ့ရှိကြသည်။

ရေသဘင်ပွဲတော်ကို တရုတ်နိုင်ငံ အထူးသဖြင့် ယူနန်ပြည်နယ်၏ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ တက်ဟုန် တိုင်လူမျိုးနှင့် ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ တိုင်လူမျိုး ၁.၃ သန်းကျော် ပါဝင်ဆင်နွှဲကြသည်။
ပွဲတော်ကာလအတွင်း ရောင်စုံနဂါးလှေပြိုင်ပွဲများနှင့် ခမ်းနားလှသော အကနှင့် တေးဂီတ ဖျော်ဖြေတင်ဆက်မှု စသည့် အစီအစဉ်ပေါင်း များစွာ ပြုလုပ်ခဲ့ကြသည်။ (Xinhua)

………………………………………………
(English Version)
Dai people in China’s Yunnan splash water to embrace their new year
KUNMING, April 15 (Xinhua) — The Dai ethnic group in southwest China’s Yunnan Province has been busy celebrating its New Year, with local Dai people and crowds of tourists observing a grand water-splashing festival.
The three-day festival, from Thursday to Saturday, is regarded as the most important festival observed by the Dai people. People splash water on one another during the festival to wash away all the bad luck from the previous year and begin a new year of happiness and good fortune.
The water festival is celebrated by over 1.3 million Dai people living in China, mainly in Yunnan’s Xishuangbanna Dai Autonomous Prefecture and in the Dehong Dai and Jingpo Autonomous Prefecture.
Various activities were also staged during the festival, such as colorful dragon boat races and spectacular dance and musical performances.