Connect with us

Media

တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးတျန့်ရဲတပ်ဖွဲ့က နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားမှုကြီးအား နှိမ်နှင်း၊ လောင်းကစားနှင့်ပတ်သက်သော ယွမ် သန်း ၁၇၀ ပိတ်ဆို့နိုင်ခဲ့

ကူမင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

မကြာသေးမီက စီးတျန့်ရဲတပ်ဖွဲ့သည် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုကြီးတစ်ခုအား နှိမ်နှင်းနိုင်ခဲ့ပြီး လောင်းကစားနှင့်ပတ်သက်သည့်ငွေကြေး ယွမ် ၂.၁၄၂၅၁၅ သန်း ကို စစ်ဆေး သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းနှင့်ဆက်စပ်သော ယွမ် သန်းပေါင်း ၁၇၀ ကို ပိတ်ဆိုထားနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ စီးတျန့်ခရိုင် ပြည်သူ့လုံခြုံရေးဌာန၏ သတင်းများအရ သိရသည်။

ယင်းအမှုတွင် သံသယတရားခံ ၂၂ ကို ဖမ်းဆီးခဲ့ပြီး အွန်လိုင်းလောင်းကစားပလက်ဖောင်း ၂ ခု ၊ ရာဇဝတ်ဂိုဏ်း ၇ ခု ကို နှိမ်နှင်းနိုင်ခဲ့ရာ လောင်းကစားတွင်ပါဝင်သူ ၁၈၉ ဦးအား ဥပဒေနှင့်အညီ စီမံဆောင်ရွက်ခဲ့ကြောင်း စီးတျန့်ခရိုင် ပြည်သူ့လုံခြုံရေးဌာန နယ်မြေထိန်းချုပ်ရေးရဲတပ်ဖွဲ့ အဖွဲ့မှူး ဖူရှောက်ဝေ၏ ပြောကြားချက်များ အရသိရသည်။

၂၀၂၃ ခုနှစ်မှစ၍ စီးတျန့်ရဲတပ်ဖွဲ့သည် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများအား ပစ်မှတ်ထားနှိမ်နှင်းလျက်ရှိရာ ဟိုင်နန်၊ ဆန်ရှီး၊ ကွမ်တုန်း၊ ဖူကျန့်၊ ယူနန် စသည့်နေရာများတွင် လောင်းကစားပလက်ဖောင်းကိုယ်စားလှယ် ၁၂ ဦး ကို ဖမ်းဆီးနိုင်ခဲ့ပြီး ယူနန်စသည့် နေရာများ၌ လောင်းကစား ဝက်ဘ်ဆိုက်အတွက် ဝက်ဘ်ဆိုက်ကာကွယ်ထိန်းသိမ်းသူ၊ ငွေစာရင်းရှင်းရန် ဝန်ဆောင်မှုပေးသော သံသယ တရားခံ ၁၀ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို ဘဏ်အကောင့်ပေါင်း ၁၇၀၀ ကျော်ကို စစ်ဆေး ပိတ်ဆို့နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အမှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………..
(Chinese Version)
冻结涉赌资金1.7亿元 云南施甸警方破获特大跨境网络赌博案
新华社昆明6月16日电(记者赵彩琳)记者日前从云南省保山市施甸县公安局获悉,施甸警方近日破获一起特大跨境网络赌博案,查扣涉赌资金214.2515万元,冻结涉赌资金1.7亿元。
据施甸县公安局治安大队大队长浦绍维介绍,该案目前已抓获犯罪嫌疑人22人,打掉网络赌博平台2个、犯罪团伙7个,依法处理参赌人员189人。
2023年以来,施甸警方对跨境赌博进行精准打击,已先后在海南、陕西、广东、福建、云南等地抓获赌博平台代理12人,在河北、云南等地抓获为赌博网站提供网站维护、资金结算服务的犯罪嫌疑人10人,查询冻结账号1700余个。
目前,案件正在进一步办理中。(完)