Connect with us

Media

ဆူဒန်စစ်ဦးစီးချုပ်က ဒီမိုကရေစီရရှိရေးတွင် ပြည်သူများ၏ တရားဝင်အခွင့်အရေးကို အားပေးထောက်ခံသွားမည်ဟု ကတိပြု

ခါတွန် ၊ ဩဂုတ် ၁၅ ရက်(ဆင်ဟွာ)

ဆူဒန်စစ်တပ်(SAF)အနေဖြင့် ဆူဒန်ပြည်သူများနှင့်အတူ ရပ်တည်ကာ တရားဥပဒေ ၊ ဒီမိုကရေစီ နှင့် စည်းစနစ်ကျသော နိုင်ငံအဖြစ် ထူထောင်ရန် ပြည်သူများ၏ တရားဝင်အခွင့်အရေးကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ် Abdel Fattah Al-Burhan က ဩဂုတ် ၁၄ ရက်တွင် ကတိပြုပြောကြားခဲ့သည်။

၎င်းက အဆိုပါမှတ်ချက်အား ဆူဒန်စစ်တပ်(SAF) ထူထောင်ခြင်း ၆၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆူဒန်စစ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် ပြည်သူလူထု လက်ခံနိုင်ပြီး ခိုင်မာအားကောင်း၍ တရားမျှတသည့် နိုင်ငံရေးပုံစံတစ်ခု ရရှိရေး နှင့် ပြည်သူများက အုပ်ချုပ်မည့်သူကို ရွေးချယ်နိုင်သော ရွေးကောက်ပွဲများ ကျင်းပရန် နိုင်ငံအား ဦးတည်သွားရေးအတွက် ကတိပြုခဲ့ကြောင်းလည်း သိရသည်။

ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော Rapid Support Forces (RSF) သည် ပရမ်းပတာအခြေအနေများ ပျံ့နှံ့စေကာ နိုင်ငံရေးတင်းမာမှုများ ဖန်တီးနေကြောင်း ဆူဒန်စစ်ဦးစီးချုပ်က စွပ်စွဲခဲ့သည်။ (Xinhua)

………………………………
(English Version)
Sudanese army chief vows to support people’s legitimate right in pursuing democracy
General Commander of the Sudanese Armed Forces (SAF) Abdel Fattah Al-Burhan on Monday vowed that the SAF will stand with the Sudanese people and support their legitimate right to establish a state where the law, democracy, and institutions prevail.
He made the remarks on the occasion of the 69th anniversary of the SAF’s establishment.
In his speech, the Sudanese army chief also pledged to “reach a political formula that is strong, fair and acceptable to the people and leads the country to elections in which the people choose who to rule.”

Al-Burhan accused the rival paramilitary Rapid Support Forces (RSF) of spreading chaos and creating political tensions.
Xinhua News Agency correspondents reporting from Khartoum.(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.