Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန်သီဟာမိုနီ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

ဖနွမ်းပင်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန်သီဟာမိုနီ(Norodom Sihamoni)သည် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဖနွမ်းပင်မြို့တွင် ဩဂုတ် ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန် သီဟာမိုနီက ၎င်းနှင့် ၎င်း၏မယ်တော် နိုရိုဒွန် မိုနိ သီဟာနု (Norodom Monineath Sihanouk) တို့က သမ္မတ ရှီကျင့်ဖိန်နှင့်ဇနီးအား ရင်းနှီးစွာ နှုတ်ခွန်းဆက်စကား တစ်ဆင့်ပြောကြားခဲ့ရာတွင် မိမိအနေဖြင့် တရုတ်နိုင်ငံကို ဒုတိယဇာတိမြေအဖြစ် သဘောထားရာ တရုတ်နိုင်ငံ၏ မြို့နေရာအများအပြားသို့ သွားရောက်ကြည့်ရှုလေ့လာလိုကြောင်း ပြောကြားခဲ့သည်။
နိုရိုဒွန် သီဟာမိုနီက ယခုနှစ်သည် ကမ္ဘောဒီးယား-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ်ပြည့်ဖြစ်သလို သမ္မတရှီကျင့်ဖိန် အဆိုပြုသော “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက် ၁၀နှစ်ပြည့် ဖြစ်ရာ လေးနက်သည့် အနက်အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်၏ ဉာဏ်ပညာအမြော်အမြင်နှင့် ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံက ကမ္ဘာသိ အောင်မြင်မှု ရရှိလာသည့်အပေါ် မိမိအနေနှင့် စိတ်ရင်းမှန်ဖြင့် လေးစားမိသလို တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအပေါ် ဘက်ပေါင်းစုံ ထောက်ခံအားပေးကူညီသည့်အတွက်လည်း အမှန်ပင် ကျေးဇူးတင်ရှိပါကြောင်း၊ ခမည်းတော် ဘုရင် နိုရိုဒွန် သီဟာနု(Norodom Sihanouk) ၏ သဘောဆန္ဒကို ဆက်ခံ၍ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လိုက်နာ စောင့်ထိန်းသွားမည် ဖြစ်ပြီး ကမ္ဘောဒီးယား-တရုတ် အမာခံချစ်ကြည်ရေးကို ဆက်လက်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ခေတ်သစ် ကမ္ဘောဒီးယား-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းကို အရည်အသွေးမြင့်၊ အဆင့်မြင့်၊ စံချိန်မြင့်သို့ ဦးတည်လျှောက်လှမ်းရာတွင် ထောက်ခံအားပေးသွားမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများ ဆောင်ကြဉ်းသွားမည် ဖြစ်ကြောင်း ၊ ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးသည် ရေရှည်တည်တံ့မည်မှာ မုချမသွေဖြစ်ကြောင်း နိုရိုဒွန် သီဟာမိုနီက ပြောကြားခဲ့သည်။

ဝမ်ရိက ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန် သီဟာမိုနီနှင့် ၎င်း၏မယ်တော် နိုရိဒွန် မိုနိ သီဟာနု ထံ သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား ပြောကြားခဲ့ရာတွင် တရုတ်-ကမ္ဘောဒီးယား အစဉ်အလာ ချစ်ကြည်ရေးသည် ရှေးယခင်ခေါင်းဆောင်များ ကိုယ်တိုင် တည်ဆောက်ထားခြင်းဖြစ်သလို ဘုရင် နိုရိုဒွန် သီဟာမိုနီနှင့် ကမ္ဘောဒီးယားနိုင်ငံ တော်ဝင်မိသားစုများ၏ ကြိုးပမ်းမှုများပင်ဖြစ်ကာ မိမိတို့၏ အဖိုးတန်လှဆုံးသော ဘုံပိုင်ဆိုင်မှုများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက ယခုအကြိမ်အလည်အပတ်ခရီးစဉ်တွင် မိမိသည် ကမ္ဘောဒီးယားနိုင်ငံ၏ အစိုးရဟောင်း၊ အစိုးရသစ် အဖွဲ့ဝင်များနှင့် နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာ ချိတ်ဆက်၍ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ရေးဆွဲကာ အပြုသဘောများရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
(国际)柬埔寨国王西哈莫尼会见王毅
新华社金边8月14日电(记者吴长伟)当地时间8月13日,柬埔寨国王西哈莫尼在金边会见到访的中共中央政治局委员、外交部长王毅。
西哈莫尼请王毅转达莫尼列太后和他本人对习近平主席和夫人的诚挚问候,表示我把中国当成第二故乡,期待赴中国更多城市走走看看。
西哈莫尼说,今年是柬中建交65周年,也是习近平主席提出“一带一路”倡议十周年,具有重要意义。我由衷钦佩中国在习近平主席英明领导下取得举世瞩目的成就,衷心感谢中国对柬埔寨的全方位支持和帮助,将继承西哈努克太皇陛下遗志,坚定恪守一个中国原则,弘扬柬中铁杆友谊,支持新时代柬中命运共同体朝着高质量、高水平、高标准方向迈进,为两国人民带来更多福祉。柬中友谊必将万古长青。
王毅转达习近平主席对西哈莫尼国王和莫尼列太后的亲切问候,表示中柬传统友谊由两国老一辈领导人亲手缔造,也凝聚着西哈莫尼国王和柬埔寨王室的心血,是我们最宝贵的共同财富。
王毅说,此访期间,我同柬埔寨新老执政团队深入沟通,对接发展战略,规划下步合作,取得积极成果。