Connect with us

Media

အိန္ဒိယနိုင်ငံ ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆမှုများကြောင့် လူ ၂၁ ဦး သေဆုံး ၊ လူပေါင်းများစွာ ပျောက်ဆုံးနေ

နယူးဒေလီ ၊ ဩဂုတ် ၁၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတောင်ပိုင်း တောင်ကုန်းထူထပ်သောပြည်နယ်ဖြစ်သည့် ဟီမာချယ်ပရာဒက်ရှ်၌ မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် မတော်တဆမှုများကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးကာ အခြားသူများစွာ ပျောက်ဆုံး နေကြောင်း တာဝန်ရှိသူများက ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် သေဆုံးသူအများအပြား ရှိခဲ့ပါတယ်။ အခုချိန်အထိ သေဆုံးသူ ၂၁ ဦး ရှိပြီ”ဟု ဟီမာချယ်ပရာဒက်ရှ် ပြည်နယ် ဝန်ကြီးချုပ် Sukhvinder Singh Sukhu က ပြောကြားခဲ့သည်။
ယင်းအခြေအနေအား သုံးသပ်နိုင်ရေးအတွက် ဘေးဒဏ်သင့်နေရာသို့ ပြည်နယ် ဝန်ကြီးချုပ် Sukhvinder Singh Sukhu သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
21 killed, several feared missing in rain-related incidents in India’s Himachal Pradesh
At least 21 people were killed and several others were feared missing in rain-related incidents in India’s northern hilly state of Himachal Pradesh, officials said Monday.
“In the last 24 hours, heavy rains have claimed many lives. As of now, 21 deaths have been confirmed,” Himachal Pradesh Chief Minister Sukhvinder Singh Sukhu said.
Sukhu has visited the affected areas to take stock of the situation.
Xinhua News Agency correspondents reporting from New Delhi.(XHTV)