Connect with us

China

Shenzhou-13 အာကာသယာဉ်မှူးအဖွဲ့၏ ဒုတိယအကြိမ်မြောက် အာကာသစခန်းပြင်ပ တာဝန်ထမ်းဆောင်မှု အပြည့်အဝ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့

Shenzhou-13 အာကာသယာဉ်မှူးများ EVAsတာဝန်ထမ်းဆောင်မှုအပြီး စခန်းတွင်းသို့ ပြန်လည်ဝင်ရောက်နေသည်ကို ဒီဇင်ဘာ ၂၇ ရက်က ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)မှ တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

Shenzhou-13 အာကာသယာဉ်မှူးအဖွဲ့သည် သတ်မှတ်တာဝန်များကို ထမ်းဆောင်ရန်အတွက် ဒီဇင်ဘာ ၂၇ ရက် ၀၀ နာရီ ၅၅ မိနစ်တွင် ဒုတိယအကြိမ်မြောက် အာကာသစခန်းပြင်ပသို့ ထွက်ခွာခဲ့ကြောင်း၊ စခန်းပြင်ပ တာဝန်ထမ်းဆောင်ချိန် ၆ နာရီကြာပြီးနောက် အာကာသယာဉ်မှူး ကျိုက်ကျစ်ကန်း၊ ယဲ့ကွမ်းဖုတို့သည် လုံခြုံဘေးကင်းစွာဖြင့် အာကာသစခန်းပင်မခန်းသို့ ပြန်လည်ရောက်ရှိခဲ့သဖြင့် လုပ်ငန်းတာဝန်အားလုံးအပြည့်အဝအောင်မြင်ခဲ့ကြောင်း China Manned Space Engineering Office (CMSEO)၏ သတင်းများအရ သိရသည်။

ယခုအကြိမ်သည် တရုတ်အာကာသယာဉ်မှူးများ၏ စတုတ္ထအကြိမ်မြောက် စခန်းပြင်ပသို့ထွက်ခွာခြင်းဖြစ်သည်။ စခန်းပြင်ပလှုပ်ရှားများတွင် panoramic camera Cအား မြှင့်တင်ခြင်း၊ စခန်းပြင်ပလုပ်ငန်းဆောင်တာများ လုပ်ဆောင်သည့်နေရာတွင် foot stopper တပ်ဆင်ခြင်းနှင့် သက်ဆိုင်ရာစစ်ဆေးမှုများပြုလုပ်ခြင်း၊ သယ်ဆောင်သည့်ပစ္စည်းများအား လွှဲပြောင်း စစ်ဆေးခြင်း စသည့် တာဝန်များကို အကောင်အထည်ဖော်ခဲ့သလို အာကာသစခန်း ပင်မခန်း၏ airlock cabin ၊ outer serviceနှင့် စက်ရုပ်လက်တံ၏ စွမ်းရည်များကို ထပ်မံ စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ အာကာသစခန်းပြင်ပသို့ထွက်ခွာသည့် သက်ဆိုင်ရာ နည်းပညာ၊ အာကာသယာဉ်မှူးများ၏စခန်းအတွင်းအပြင် ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်မှုကို ထပ်မံစစ်ဆေးခြင်းဖြစ်သလို နောင်အခါ စခန်းပြင်ပလှုပ်ရှားမှုများအတွက် အတွေ့အကြုံအသစ်များ စုစည်းခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် Shenzhou-13 အာကာသယာဉ်မှူးအဖွဲ့သည် ပတ်လမ်းမစ်ရှင် (on-orbit missions)များကို ထမ်းဆောင်သွားမည်ဖြစ်ပြီး “ကောင်းမွန်သည့်အနေအထား”ဖြင့် နှစ်သစ်ကို ကြိုဆိုသွားမည်ဖြစ်ရာ တရုတ်အာကာသယာဉ်မှူးများက ပထမဆုံးအကြိမ် အာကာသတွင် နှစ်သစ်ကူးပွဲတော်ကို ဖြတ်ကျော်ကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————
(Chinese Version)
(航天)神舟十三号航天员乘组圆满完成第二次出舱全部既定任务
2021-12-27 01:30:42
新华社北京12月27日电(记者王逸涛、郭中正)据中国载人航天工程办公室消息,12月27日00时55分,经过约6小时,神舟十三号航天员乘组圆满完成第二次出舱全部既定任务,航天员翟志刚、航天员叶光富安全返回天和核心舱,出舱活动取得圆满成功。
此次是空间站阶段中国航天员第4次出舱。舱外活动期间,先后完成了全景相机C抬升、舱外作业点脚限位器安装及相关工效验证、携物转移验证等任务,同时,进一步验证了核心舱气闸舱、舱外服、机械臂的功能性能,进一步考核了出舱活动相关技术、舱内外航天员协同以及天地协同能力,为后续出舱活动进一步积累了经验。
后续,神舟十三号航天员乘组将投入下一阶段在轨工作任务,以“感觉良好”状态迎接新年到来,这也将是中国航天员首次在太空跨年。(完)
12月27日在北京航天飞行控制中心拍摄的神舟十三号航天员结束出舱任务返回。新华社记者 郭中正 摄