Connect with us

Africa & Middle East

ကဘူးလ်မြို့ရှိ ဗလီအပြင်ဘက်၌ ဖြစ်ပွားသော ပေါက်ကွဲမှုအတွင်း အနည်းဆုံး ၂ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ အောက်တိုဘာ ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားသော နေရာတွင် တာလီဘန်တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဗလီကြီးတစ်လုံး အပြင်ဘက်တွင် အောက်တိုဘာ ၃ ရက်က လူများစုရုံးနေစဉ် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး အရပ်သား ၂ ဦးသေဆုံးပြီး အခြား ၄ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ အောက်တိုဘာ ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားသော နေရာတွင် တာလီဘန်တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ အောက်တိုဘာ ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားသောနေရာအားတွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ အောက်တိုဘာ ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားသော နေရာတွင် တာလီဘန်တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်(ဆင်ဟွာ)

အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sayyed Khosti က ဒေသတွင်း သတင်းဌာနသို့ပြောကြားရာတွင် ပေါက်ကွဲမှုသည် ကဘူးလ်မြို့ အမှတ် ၁ ရဲ တပ်ရင်းနယ်မြေအတွင်း ဖြစ်ပွားခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှုကျူးလွန်သူများကို အာဏာပိုင်များအနေဖြင့် မကြာမီတွင် ဖမ်းဆီးနိုင်လိမ့်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ ဒီနေ့ ညနေပိုင်း Eidgah Great ဗလီရဲ့ အဝင်ဝ အနီးမှာ ပြည်သူတွေ စုံရုံးနေစဉ် ဗုံးတစ်လုံးပေါက်ကွဲသွားပါတယ် ၊ ကံမကောင်းစွာနဲ့ပဲ ပေါက်ကွဲမှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတယ်” ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

Italian War Victims အရေးပေါ်ဆေးရုံက ကဘူးလ်မြို့ရှိ ဆေးရုံသို့ ဒဏ်ရာရသူ လေးဦး ရောက်ရှိလာကြောင်း တွစ်တာတွင် ရေးသားထားသည်။
ယင်းနေ့အစောပိုင်းတွင် အာဖဂန် သတင်းအချက်အလက် နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် Mujahid က ပြောကြားရာ၌ တနင်္ဂနွေနေ့ ညနေပိုင်းက Eidgah Great ဗလီကြီးတွင် ကွယ်လွန်ပြီးသော သူ၏ မိခင်အား အောက်မေ့ဖွယ် ဝတ်ပြုအခမ်းအနားတစ်ခု ကျင်းပ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

ယင်းပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၅ ဦးအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း အတည်မပြုနိုင်သော သတင်းအရင်းအမြစ်များအရ သိရသည်။ ထို့ပြင် ၎င်းတို့က တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာအနီးတွင် သံသယရှိသူ သုံးကို တာလီဘန်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယခုအထိ မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ဩဂုတ် လလည်ပိုင်းတွင် တာလီဘန်တို့ အာဏာထိန်းချုပ်လိုက်ပြီးကတည်းက အစ္စလာမ်မစ်နိုင်ငံ(အိုင်အက်စ်) အဖွဲ့၏ တိုက်ခိုက်မှုများနှင့်အတူ အာဖဂန်နိုင်ငံအတွင်း ဗုံးကွဲတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။(Xinhua)

———————————–
(English Version)

At least 2 killed in explosion outside mosque in Kabul

KABUL, Oct. 4 (Xinhua) — At least two civilians were killed and four others wounded after an explosion occurred at the middle of a crowd outside a big mosque in Kabul, capital of Afghanistan, on Sunday, a Taliban spokesman confirmed.
Sayyed Khosti, a spokesman for the Ministry of Interior, told local media that the blast occurred in Police District 1 of Kabul, adding that the authorities will soon arrest the perpetrators behind the attack.
“A bomb explosion occurred at a civilians’ aggregation near the gate of Eidgah Great Mosque this afternoon. Unfortunately the blast caused casualties among the civilians,” Taliban spokesman Zabihullah Mujahid wrote on Twitter.
The Italian War Victims Emergency Hospital tweeted that four wounded people were admitted to the hospital in central Kabul.
Earlier in the day, Mujahid, who also serves as deputy minister of information and culture, said that a prayer ceremony was underway for his deceased mother in the Eidgah Great Mosque Sunday afternoon.
Unofficial sources said at least 35 people were affected by the explosion. They said Taliban security personnel arrested three suspects following the attack near the blast site.
No group has claimed responsibility for the attack so far.
The country has witnessed a spate of bomb attacks staged by the militants affiliated with the Islamic State (IS) outfit since Taliban’s takeover in mid-August.

1-2 An Afghan Taliban member stands guard at the site of a blast in Kabul, capital of Afghanistan, Oct. 3, 2021. (Photo by Saifurahman Safi/Xinhua)
3- Photo taken on Oct. 3, 2021 shows the site of a blast in Kabul, capital of Afghanistan. (Photo by Saifurahman Safi/Xinhua)r