Connect with us

COVID-19 UPDATES

ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးထားသော အမေရိကန်ဆီးနိုတ်လွှတ်တော်အမတ် ဂရေဟမ် positive စစ်ဆေးတွေ့ရှိ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသော ဆီးနိုတ်လွှတ်တော်အမတ် Graham အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ရီပတ်ဘလီကန်ပါတီမှ ဝါရင့် ဆီးနိုတ်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် (Lindsey Graham) သည် COVID-19 ရောဂါ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးဖြစ်သော်လည်း အခမ်းအနားတစ်ခုအတွက် တနင်္လာနေ့မွန်းလွဲပိုင်းက ဆေးစစ်ရာ positive ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ဂရေဟမ်သည် ယခုလပိုင်းများအတွင်း အမေရိကန်ဆီးနိုတ်လွှတ်တော်အမတ်များထဲတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် positive ရလဒ်ထွက်ပေါ်ခဲ့သူဖြစ်သလို ကာကွယ်ဆေးထိုးနှံပြီးထားသော ဆီးနိုတ်အမတ်များထဲတွင် ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့သူလည်းဖြစ်ကြောင်း The Hill အမေရိကန်အွန်လိုင်းမီဒီယာက ဖော်ပြခဲ့သည်။

လွှတ်တော်အမတ် ဂရေဟမ်က ၎င်းသည် စနေနေ့ညပိုင်းတွင် တုပ်ကွေးလက္ခဏာမျိုး စတင်ခံစားခဲ့ရကြောင်း နှင့် နောက်တစ်နေ့နံနက်တွင် အိမ်တော်ဆရာဝန်ထံသွားရောက် ပြသခဲ့ကြောင်းဆိုသည်။ နာရီအနည်းငယ်အကြာ၌ ၎င်းတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် အဖြေရလဒ် စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

“ နှာစီးသလိုမျိုး ကျွန်တော်ခံစားရတယ်။ အခုတော့ ရောဂါလက္ခဏာသိပ်မပြင်းထန်ပါဘူး ” ဟု ဂရေဟမ်က တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။

“ ကျနော် (Q) ဆယ်ရက်ဝင်ပါမယ် ။ ကျွန်တော် ကာကွယ်ဆေးထိုးထားတဲ့အတွက် သိပ်ကိုဝမ်းသာပါတယ်။ အဲလိုမှ မဟုတ်ရင် အခုလိုမျိုး ဝေဒနာသက်သောက်သက်သာ ခံစားရမှာမဟုတ်ပါဘူး ၊ ကျွန်တော့်ရောဂါလက္ခဏာက ပိုပြီး ဆိုးရွားနိုင်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ဂရေဟမ်အား တနင်္လာနေ့က ကက်ပီတိုလွှတ်တော်တွင် တွေ့မြင်ခဲ့ရကြောင်း နှင့် သတင်းထောက်များအား ဖြေကြားနေသည်ကို တွေ့ရကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံတွင် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးသူ ၁ ရာခိုင်နှုန်းအောက် COVID-19 ရောဂါကူးစက်ခံရသည်ကို တွေ့ရှိခဲ့ရကြောင်း စီအန်အန်သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့ပြီး Kaiser Family Foundation က တရားဝင်အချက်အလက်များကို ခွဲခြမ်း လေ့လာခဲ့ကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ မှ နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းများအရ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးသူများအနေဖြင့် ရောဂါကူးစက်ခံရပြီး ဆေးရုံတင်ကုသရမှုအရေအတွက်မှာ ၀.၀၀၀၄ ရာခိုင်နှုန်းရှိပြီး သေဆုံးမှုအရေအတွက်မှာ ၀.၀၀၁ ရာခိုင်နှုန်းအောက် သာရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
U.S. senator Graham tests positive for COVID-19 after fully vaccinated
WASHINGTON, Aug. 2 (Xinhua) — Lindsey Graham, a veteran U.S. Republican Senator, said on Monday afternoon that he has tested positive for COVID-19 even after being fully vaccinated.
Graham is the first U.S. senator known to test positive for the coronavirus in months, and the first known “breakthrough” case among vaccinated senators, according to a The Hill report.
The senator said he started having flu-like symptoms on Saturday night and went to the House physician on Monday morning. Hours later he was informed that he tested positive for the virus.
“I feel like I have a sinus infection and at present time I have mild symptoms,” he tweeted, “I will be quarantining for ten days.”
“I am very glad I was vaccinated because without vaccination I am certain I would not feel as well as I do now. My symptoms would be far worse,” he added.
Local media said Graham showed up at the Capitol on Monday and briefly spoke to reporters.
Less than 1 percent of fully vaccinated people experience a breakthrough COVID-19 infection in the country, said a CNN report on Monday, citing a Kaiser Family Foundation analysis of official state data.
The latest data from the U.S. Centers for Disease Control and Prevention showed that less than 0.004 percent of people who have been fully vaccinated experienced a breakthrough case resulting in hospitalization, and less than 0.001 percent have died from the disease.

U.S. Senator Lindsey Graham (C) speaks at a press conference in Washington D.C., the United States, Oct. 3, 2011. (Xinhua/Zhang Jun)