Connect with us

COVID-19 UPDATES

ချီလီနိုင်ငံတွင် COVID-19 Delta ဗီဇပြောင်းဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိ

ချီလီနိုင်ငံ ဆန်တီရာဂိုမြို့ရှိ San Jose ဆေးရုံတွင် COVID-19 လူနာတစ်ဦးအား ကျန်းမာရေးဝန်ထမ်းများက ခေါ်ဆောင်လာစဉ် (ဆင်ဟွာ)

ဆန်တီရာဂို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပြန်လာသူ ချီလီနိုင်ငံသား လူနာတစ်ဦး၏ ရလဒ်များအား လေ့လာဆန်းစစ်ပြီးနောက် ဇွန် ၂၄ ရက်၌ COVID-19 ရောဂါဖြစ်ပွားစေတတ်သော ဗီဇပြောင်း Delta ဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရမှုကို အတည်ပြုခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

“အမေရိကန်နိုင်ငံကနေလာရောက်ခဲ့ပြီး ဆန်တီရာဂိုလေဆိပ်မှတစ်ဆင့် ဝင်ရောက်လာခဲ့တဲ့ Delta ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာတစ်ဦးရှိတာကို ကျွန်တော်တို့ တရားဝင်အတည်ပြုလိုက်ပါတယ်” ဟု ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီး Enrique Paris က အောက်လွှတ်တော်အစည်းအဝေးမတိုင်မီ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက် ၄၃ နှစ်အရွယ် အမျိုးသမီးသည် ချီလီနိုင်ငံသို့ ရောက်ရှိလာချိန်မှစပြီး ကွာရန်တင်း (quarantine) နေထိုင်လျက်ရှိကြောင်းနှင့် Delta ဗိုင်းရပ်စ်သည် “ကျွန်တော်တို့မှာ ရှိပြီးသားတွေထက် များစွာပိုပြီး ကူးစက်မြန်ပါတယ်” ဟု Paris က ရှင်းပြသည်။

လက်ရှိတွင် သက်ရောက်မှုရှိနေဆဲ ညမထွက်ရအမိန့် အပါအဝင် ပြည်သူများ လွတ်လပ်စွာနေထိုင်ခွင့်များဆိုင်ရာ စည်းမျည်းစည်းကမ်းကို ခွင့်ပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခြွင်းချက်အခြေအနေကို ဇွန် ၃၀ ရက်မှစတင်ကာ နောက်ထပ် ရက်ပေါင်း ၉၀ အတွက် သက်တမ်းတိုးရန် တောင်းဆိုမှုကို ချီလီ ကွန်ဂရက်က ဇွန် ၂၄ ရက်တွင် မဲခွဲကြမည်ဖြစ်သည်။

ချီလီနိုင်ငံတွင် ဗိုင်းရပ်စ်တိုက်ဖျက်ရေး လူထုကာကွယ်ဆေးထိုးနှံခြင်း တိုးတက်မှုရှိနေသော်လည်း COVID-19 ရောဂါကူးစက်မှု မြင့်မားခြင်းနှင့် ဆေးရုံလိုအပ်ချက်များ ရှိနေစဥ်တွင် Delta ဗီဇပြောင်းဗိုင်းရပ်စ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

ချီလီနိုင်ငံတွင် ဇွန် ၂၄ ရက်အထိ COVID-19 ရောဂါဖြစ်ပွားသူ ၁,၅၃၁,၈၇၂ ဦးနှင့် သေဆုံးသူ ၃၁,၇၉၇ ဦးရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Chile confirms first case of COVID-19 Delta variant
Source: Xinhua| 2021-06-25 05:50:43|Editor: huaxia
SANTIAGO, June 24 (Xinhua) — Chile confirmed the first case of the Delta variant of the virus that causes COVID-19 in the country on Thursday, after analyzing the test results from a Chilean patient who came from the United States, authorities said.
“We have officially confirmed the presence of a patient with the Delta variant, who came from the United States and entered through the Santiago airport,” Chilean Minister of Health Enrique Paris said during a speech before the Chamber of Deputies.
The 43-year-old woman has been in quarantine since her arrival in the country, and the Delta variant “is much more contagious than others we have had so far,” Paris explained.
The Chilean Congress will vote Thursday on a request to extend the constitutional state of exception for another 90 days, starting on June 30, which allows the regulation of people’s liberties, including a night curfew currently in effect.
The detection of the Delta variant in the South American country came amid high levels of COVID-19 infections and hospital demand, despite the progress of mass vaccination against the virus, according to specialists.
Chile had accumulated 1,531,872 COVID-19 cases and 31,797 deaths as of Thursday. Enditem
Photo : Health workers transport a COVID-19 patient at San Jose Hospital in Santiago, Chile, May 20, 2020. (Photo by Jorge Villegas/Xinhua)