Connect with us

COVID-19 UPDATES

ဂျပန်နိုင်ငံတွင် ဖေဖော်ဝါရီလမှစ၍ အသက် ၁၂ နှစ်အောက် ကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးတိုးချဲ့ထိုးနှံပေးမည်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လမ်းမတစ်နေရာ၌ နှာခေါင်းစည်းတပ်ဆင်လျက် သွားလာနေသူများအား ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အား အစောဆုံးအဖြစ် လာမည့်နှစ် ဖေဖော်ဝါရီလတွင် အသက် ၁၂ နှစ်အောက်အရွယ် ကလေးငယ်များကို တိုးချဲ့ထိုးနှံပေးရန်စီစဉ်ထားကြောင်း နိုဝင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းရှိ မြူနီစီပယ်ဒေသများတွင် အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများအား ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အတွက် စတင်ပြင်ဆင်ရန် အသိပေးထားကြောင်း သိရသည်။

ယင်းအစီအစဉ်အတွက် တာဝန်ရှိသော ကျန်းမာရေးအဖွဲ့အစည်းများအနေဖြင့် ထိရောက်၍ ဘေးကင်းသော ကာကွယ်ဆေးများအား ၎င်းတို့၏ ခွင့်ပြုချက်ရရှိရန် ကလေးများနှင့် မိဘများ သို့မဟုတ် စောင့်ရှောက်သူများအား အပြည့်အဝရှင်းပြသင့်ကြောင်း ဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။

၎င်းအဖွဲ့အစည်းများအနေဖြင့် ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာချိန်၌ ကနဦးဆေးကုသမှု ပံ့ပိုးပေးနိုင်ရန် လိုအပ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ကာကွယ်ဆေးထိုးနှံမည့် အသက်အရွယ်ကို ဆွေးနွေးလျက်ရှိသဖြင့် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အား အစိုးရထံမှ ခွင့်ပြုချက် ရရှိပါက စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer က ၎င်းတို့၏ ဂျာမန်မိတ်ဖက်ကုမ္ပဏီ BioNTech နှင့် ပူးတွဲထုတ်လုပ်ထားသော ကာကွယ်ဆေးဖြင့် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးများအား ကာကွယ်ဆေးထိုးနှံရန် လျှောက်ထားချက်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အစိုးရအနေဖြင့် Pfizer-BioNTech ကာကွယ်ဆေးနှင့် အမေရိကန် ဆေးဝါးထုတ်လုပ်ရေး Moderna ကာကွယ်ဆေးများအား အသက် ၁၂ နှစ်နှင့်အထက်ရှိသူများ၌ အသုံးပြုရန်ခွင့်ပြုထားကြောင်း၊ ဗြိတိန် AstraZeneca လုပ်ငန်းနှင့် အောက်စဖို့တက္ကသိုလ်မှ ထုတ်လုပ်သော ကာကွယ်ဆေးကိုမူ အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအတွက် အသုံးပြုရန် ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Japan to expand COVID-19 inoculation to kids under 12 from February
Source: Xinhua| 2021-11-17 15:37:55|Editor: huaxia
TOKYO, Nov. 17 (Xinhua) — Japan’s health ministry said on Wednesday that the COVID-19 vaccination program is likely to be expanded to children under 12 years old in February next year at the earliest.
The Ministry of Health, Labor and Welfare notified municipalities across the country to begin preparation for the vaccination program of kids aged between 5 to 11.
Medical institutions responsible for the program should fully explain the effectiveness and safety of vaccines to children and their parents or guardians, and obtain their consent, according to the ministry.
Those institutions also need to provide proper initial treatment on the occasion when people being inoculated develops side effects, the ministry said.
The vaccination program would start if it receives permit from the government, as a ministry panel is discussing whether the age group should be inoculated.
Last week, U.S. pharmaceutical company Pfizer submitted an application of inoculating kids at 5 to 11 years old with the vaccine jointly developed with its German partner BioNTech.
Currently, the government has approved the use of the Pfizer-BioNTech vaccine and U.S. drug maker Moderna vaccine for people aged 12 or older, while the vaccine developed by British firm AstraZeneca and the University of Oxford is limited to be used for people aged 18 or older. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.