Connect with us

CHINA

တရုတ်နိုင်ငံက ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၄၈၀ ကျော်ပံ့ပိုးပေးခဲ့ပြီးဖြစ်

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ Sinovac Biotech Ltd. တွင် COVID-19 inactivated ကာကွယ်ဆေး နမူနာများကို ဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်း၌ COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၄၈၀ ကျော်အား ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ဆေးများအား ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်ခြင်းသည် အများအတွက် ကောင်းကျိုးဖြစ်စေမည်ဟု ခိုင်မာစွာယုံကြည်ပြီး ကမ္ဘာတစ်ဝန်းသို့ ကာကွယ်ဆေးအများဆုံးပံ့ပိုးပေးခဲ့ကြောင်း ဝမ်ဝန်ပင်း ကဆိုသည်။

ဝမ်ဝန်ပင်း က တရုတ်နိုင်ငံသည် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၀၀ နီးပါးသို့ ကာကွယ်ဆေးများ ပံ့ပိုးပေးခဲ့ကြောင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် COVAX အစီအစဥ်သို့ ကာကွယ်ဆေးအလုံးရေ ၁၀ သန်းအား ပထမအကြိမ် ထောက်ပံ့ရန် ကတိပြုထားကြောင်းလည်းကြေညာခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများစွာတွင်ရရှိသော ပထမအသုတ်ကာကွယ်ဆေးများမှာ တရုတ်နိုင်ငံမှ ကာကွယ်ဆေးများဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများစွာနှင့်အတူ သုတသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပူးပေါင်းထုတ်လုပ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်တွေ့စမ်းသပ်မှုအဆင့် ၃ ကို ဆောင်ရွက်ရာတွင် နိုင်ငံခြားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် သင့်လျော်သောကုမ္ပဏီများအား ထောက်ပံ့အားပေးခဲ့ကြောင်း ဝမ် ကဆိုသည်။

တရုတ်နိုင်ငံမှ ကာကွယ်ဆေးများသည် နိုင်ငံတကာအသိုင်းအဝိုင်း၌ ကောင်းမွန်သောဂုဏ်သတင်း ရရှိထားကြောင်းနှင့် ယင်းကာကွယ်ဆေးများ၏ ဘေးကင်းထိရောက်မှုသည်လည်း ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှု ရရှိထားကြောင်း ၎င်းကဆိုသည်။

“လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၀၀ ကျော်က တရုတ်နိုင်ငံမှ ကာကွယ်ဆေးတွေကို အသုံးပြုခွင့် ပေးထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်နိုင်ငံရဲ့ Sinopharm နဲ့ Sinovac ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုခွင့်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်’’ ဟု ဝမ် ကဆိုသည်။ ပြည်ပနိုင်ငံခေါင်းဆောင် ၃၀ ကျော်ကလည်း တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးတွေကို ဦးစွာထိုးနှံခဲ့ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကာကွယ်ဆေးများ လက်လှမ်းမီရရှိနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းကတိပြုလျက် လုပ်ဆောင်နိုင်စွမ်းရှိသော နိုင်ငံများအားလုံးအနေဖြင့် လျင်မြန်စွာ ဆောင်ရွက်ကြရန်၊ ၎င်းတို့၏ ကတိကဝတ်များအားစောင့်ထိန်းကြရန်နှင့် ကမ္ဘာအနှံ့ ကာကွယ်ဆေးများ မျှတစွာ ဖြန့်ဖြူးရေးနှင့် အသုံးပြုနိုင်ရေးအတွက် ပံ့ပိုးကူညီကြရန် ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

———————————–
(English Version)
China has provided over 480 million doses of COVID-19 vaccines to world
BEIJING, July 2 (Xinhua) — China has provided more than 480 million doses of COVID-19 vaccines to the world, a Chinese Foreign Ministry spokesperson said here Friday.
Wang Wenbin said China is a firm believer in making COVID-19 vaccines a public good, and has provided the most vaccines to the world.
He said China so far has provided vaccines to nearly 100 countries, and announced that it has pledged to provide the first batch of 10 million doses of vaccines to COVAX.
Chinese vaccines are the first batch of vaccines obtained by many developing countries. China has carried out joint research and development and cooperative production with many developing countries, and supported relevant companies to cooperate with foreign parties in conducting the phase III clinical trials, Wang said.
He said the Chinese vaccines have gained a good reputation in the international community, adding that the safety and effectiveness of Chinese vaccines have been widely recognized.
“At present, more than 100 countries have approved the use of Chinese vaccines. The WHO has included China’s Sinopharm and Sinovac vaccines in the emergency use list,” Wang said, adding that more than 30 foreign leaders took the lead in taking Chinese vaccines.
Pledging that China will continue to contribute to the accessibility and affordability of vaccines in developing countries, the spokesperson urged all countries with the capability to act quickly, honor their commitments, and contribute to the equitable distribution and application of vaccines across the world. Enditem
Photo-A staff member displays samples of the COVID-19 inactivated vaccine at Sinovac Biotech Ltd., in Beijing, capital of China, March 16, 2020. (Xinhua/Zhang Yuwei)