Connect with us

China

တရုတ်နိုင်ငံ၏ မြစ်ဝါမြစ်ဝှမ်းတွင် ဂေဟစနစ်ထိန်းသိမ်းရာ၌ အသိအမှတ်ပြုလောက်ဖွယ် တိုးတက်လျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်း ပြည်နယ် မြို့တော် ကျိနန်ကိုဖြတ်၍ စီးဆင်းနေသော မြစ်ဝါမြစ်၏ မြင်ကွင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြစ်ဝါမြစ်ဝှမ်းတွင် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေးများဆောင်ရွက်ပြီးနောက် ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင်၌ ကြီးမားသော တိုးတက်မှုရှိခဲ့ကြောင်း မြစ်ဝါမြစ် ထိန်းသိမ်းရေးကော်မရှင်က ထုတ်ပြန်သော နောက်ဆုံးအစီရင်ခံစာအရ သိရသည်။

၁၉၉၀ ခုနှစ်တွင် နိုင်ငံတော်ကောင်စီမှ ပြုလုပ်သော ပထမဆုံး မြေဆီလွှာတိုက်စားမှုစစ်တမ်းရလဒ်များနှင့် နှိုင်းယှဉ်ပါက မြစ်ဝါမြစ်ဝှမ်းရှိ မြေဆီလွှာတိုက်စားမှု ဧရိယာသည် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၂,၃၀၀ စတုရန်းကီလိုမီတာ သို့မဟုတ် ၄၃.၅၁ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်းနှင့် အလွန်ကြီးမားသော မြေဆီလွှာတိုက်စားမှုမှာ ၈၁.၇၀ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်တွင် မြစ်ဝါမြစ်ဝှမ်း၌ မြေဆီလွှာတိုက်စားမှုမှာ ၂၆၂,၇၀၀ စတုရန်းကီလိုမီတာရှိခဲ့ပြီး ရေတိုက်စားမှု ၁၉၁,၄၀၀ စတုရန်းကီလိုမီတာနှင့် လေတိုက်စားမှု ၇၁,၃၀၀ စတုရန်းကီလိုမီတာ အပါအဝင်ဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။

ယင်းကာလအတောအတွင်း မြစ်ဝါမြစ်ဝှမ်းရှိ မြေဆီလွှာနှင့် ရေထိန်းသိမ်းမှုနှုန်းသည် ၁၉၉၀ ပြည့်နှစ်တွင် ၄၁.၄၉ ရာခိုင်နှုန်းမှ ၂၀၂၀ ပြည့်နှစ်တွင် ၆၆.၉၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကြောင်း သိရသည်။

ယင်းအစီရင်ခံစာသည် ရေအရင်းအမြစ်ဝန်ကြီးဌာနလက်အောက်ရှိ ကော်မရှင်မှ ၂၀၁၀ပြည့်နှစ်တွင် ပထမအကြိမ် ထုတ်ပြန်ခဲ့ပြီးနောက် ဒုတိယမြောက် အစီရင်ခံစာဖြစ်သည်။ ၎င်းအစီရင်ခံစာသည် မြစ်ဝှမ်းရှိ ရေနှင့် မြေဆီလွှာ အရင်းအမြစ်များကို ကာကွယ်ခြင်းနှင့် အကျိုးရှိရှိအသုံးချခြင်းတို့ကို လမ်းညွှန်ရန်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် ရေနှင့် မြေဆီလွှာ ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများ မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

………………………………….

(English Version)

China’s Yellow River basin sees remarkable improvement in ecological conservation
BEIJING, Feb. 5 (Xinhua) — China’s Yellow River basin has seen great improvement in the ecological environment after a continuous conservation effort, according to the latest report released by the Yellow River Conservancy Commission.
Compared with the results of the first soil erosion survey conducted by the State Council in 1990, the area of soil erosion in the Yellow River basin decreased by 202,300 square kilometers, or 43.51 percent in 2020, and that of intense soil erosion was reduced by 81.70 percent, says the report.
Data shows that in 2020, the area of soil erosion in the Yellow River basin was 262,700 square kilometers, including 191,400 square kilometers of water erosion and 71,300 square kilometers of wind erosion.
Meanwhile, the soil and water conservation rate in the Yellow River Basin increased from 41.49 percent in 1990 to 66.94 percent in 2020.
The report is the second of its kind since the first one was released in 2010 by the commission under the Ministry of Water Resources. It aims to guide the protection and rational utilization of water and soil resources in river basins and enhance the awareness of water and soil conservation in the whole society. Enditem
Photo-Aerial photo taken on April 24, 2020 shows a view of the Yellow River flowing through Jinan, capital of east China’s Shandong Province. (Xinhua/Wang Kai)